လုပ်ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး ၂ဝ၁၅မှာ ပရိသတ်ကို အသိပေးသွားမယ့် မိုးဟေကို
မိုးဟေကိုက ဇာတ်ကား ရိုက်ကူးရင်းနဲ့ တစ်ဖက်မှာ လည်း ကျွန်မချစ်သော စာအုပ်ကိုလည်း ၂ဝ၁၅ မှာ ထွက်ဖို့ စီစဉ်နေရင်း ထုတ်လုပ်ရေး တစ်ခုကိုလည်း စီးပွားရေးအနေနဲ့ စတင်ခြေလှမ်းနေပြီ ဖြစ်ပါတယ်။ “မိုးကုမ္ပဏီက ထုတ်တဲ့ ရုံးပတေ သီးလေးများ ရုပ်ရှင် ဇာတ်ကားကို ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ နေဒွေးပြီးတော့ မိုးရယ် ရိုက်ကူးဖို့ ရှိတယ်။ အဓိက ဒီဇာတ်လမ်းက မင်းသား ဇာတ်လေးပါပဲ။ အဓိက ကတော့ လူတွေကို ပျော်ရွှင်မှု ပေးစေတဲ့ ဇာတ်လမ်းပါပဲ ဒါရိုက်တာက ကိုဇော် (အရုဏ်ဦး)ပါ။
မိုးတို့ကုမ္ပဏီက ပထမဦးဆုံး ထုတ်မယ့် ဇာတ်ကားလေးပါ။ ဒီအနုပညာ အလုပ်ကို လည်း ကိုယ်ကချစ်တယ်။ ပြီးတော့ ဝါသနာလည်း ပါတယ်။ စီးပွားရေးအရလည်း ပါပါ တယ်။ ဘာဖြစ် လို့လဲဆိုတော့မိုးက အပြင်စီးပွားရေး တွေလည်း လုပ် နေတော့ ဒါကလည်း ကိုယ့်အနုပညာနဲ့ဆက်စပ်နေတဲ့ အလုပ်ဖြစ်နေတော့ ဒီထုတ်လုပ်ရေးကို လုပ်ဖြစ် တာပါ။ဇာတ်ကားက တော့အောက်တိုဘာလ လောက်မှ စပြီးရိုက်ဖြစ်မယ်။ ဒီအစီအစဉ် တွေကလည်း ကျွန်မချစ်သောစာအုပ်ပြီးရင် တစ်ခုပြီးတစ်ခုလုပ်သွားမယ့် အစီ အစဉ် လေးတွေပါပဲအဓိကကတော့ ကျွန်မချစ် သောစာအုပ်ကို စတင် အကောင်အထည် ဖော်မယ့်အဆုံးသတ်ခါနီးမှ ဒီရုပ်ရှင်ထုတ် လုပ်ရေးကလည်း အစက တည်းက ကုမ္ပဏီ လျောက်ထားတာဖြစ်တဲ့အတွက် အဲဒီ ဘက်ကိုလည်းနည်းနည်းပိုပြီး အာရုံစိုက် ချင်လာတယ်။အဲဒါကြောင့် လုပ်ဖြစ် တာပါ။ တခြားအပြင်စီးပွားရေးတွေ လည်း လုပ်ထား တာလေးတွေရှိတော့ ကားရိုက်တွေကို အချိန်ပေးလုပ်နေရ တယ်။ မိုးကဒီအနုပညာနယ်ပယ် ထဲမှာရှိနေတဲ့သူတစ်ယောက် အနေ နဲ့လည်း ဒီအနုပညာ လောကကိုလည်း ချစ်တယ်။ ခင်တွယ်တယ် ဆိုတော့ ဒီထုတ်လုပ်ရေးကို တိုးချဲ့ အလုပ်တစ်ခုအနေနဲ့ လုပ်ဖြစ် သွားတာပါ။ တခြား စီးပွားရေး လုပ်ငန်းတွေကိုလည်း မိုး ဘာတွေ လုပ်နေတယ်ဆိုတာကို ၂ဝ၁၅ မှာ အစီအစဉ် တကျ အသိ ပေးသွားမှာပါ” လို့ပြောပါတယ်။
လွင်လွင်ထွန်း

Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King) ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Sex coffee ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ (+18)Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) ဆက်တင်တွေ အပြည့်နဲ့ နန်းဆုရတီစိုးရဲ့ Superman သီချင်း အမ်တီဗီ ရိုက်ကွင်း ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Sex coffee ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ (+18)Acer Aspire E1-510P-2671 Laptop Review