မိန်းမတို့၏ ညှို့ချက်များ

တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထား တတ်တယ်။ အဲ့ဒါ ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် ”သိတံ” လို့ ခေါ် တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)
ညို့ချက် (၂)
တစ်ချို့ကျတော့ အသံ တိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်နှစ် “ဟာသ” လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိ ထားရမယ့် ဆည်းလည်း သံလေးတွေပေါ့)
ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေ ကျတော့ ယောင်္ကျားလေး တစ်ယောက် ရဲ့ ရှေ့ကို ရောက်ရင် ကြောက်ပြ၊ စိုးထိတ် ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး “ဘယ”တဲ့။ (အားကိုး ခံချင်တဲ့ ယောက်ျားလေးတွေ အကြိုက်ပေါ့ဗျာ နောက်မှ (ညားပြီး မှ) မိန်းမကြမ်းကြီး ဖြစ်နေတတ်မို့ သတိရှိ က၀ိ)
ညို့ချက် (၄)
တစ်ချို့ မိန်းကလေးတွေက ရှက်ကိုး ရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ် ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး “လဇ္ဇ” လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ် ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီး မှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ် ဆိုတာ …)
ညို့ချက် (၅)
တစ်ချို့ မိန်းကလေးတွေ ကျတော့ စကားကို မကြားတစ်ကြားဖြစ်အောင် လုပ်ပြောတတ်တယ်။ အဲ့ဒါ ကတော့ ညှို့ချက် နံပါတ်ငါး ”မန္ဓ၀ါစာ” လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရ တဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာ တတ်တဲ့ ညို့နည်းလေးပေါ့)
ညို့ချက် (၆)
မျက်လုံးထောင့်ကပ် ကြည့်တာ ညှို့ချက် နံပါတ်ခြောက် “အဒေက္ခဏာ” တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြ ရင် သိပ်ကို ကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာ မဟုတ်ဘဲ မျက်စောင်းတွေ ချည်း တဒိုင်းဒိုင်းအထိုး ခံရနေနိုင်တဲ့ အကြည့်မျိုးပါ )
ညို့ချက် (၇)
မျက်ရည် ကျပြတာက ညို့ချက်ခုနှစ် “ရုဒါ”တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ် ဆိုတာ မျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ် တယ်နော်)
ညို့ချက် (၈)
မခံချင်အောင် စကားနာ ထိုးတာက ညို့ချက်ရှစ် “ဤကံကလဟ”လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ် တတ်တဲ့လူတွေ အိမ်ထောင် ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပေါ့)
ဒါတွေ ကတော့ ပုရိသတို့သက်ဆင်းတဲ့ ညှို့ကွင်းများ ဖြစ်ကြလေတော့၏....။
Credit to Original Writer

MP4 YoU
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) ၾကက္ဥ ဟင်းလျာ (Egg Korma) Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...
- (အနောကျသို့) DSLR ကင်မရာ တစ်လုံး မ၀ယ်ယူခင်မှာ ချင့်ချိန်စဉ်းစားစရာ အချက်များ (၂) Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...