ဆေးစွမ်းထက်သော ပျားသံပုရာ ရေနွေးကြမ်း
ပျားရည်နှင့် သံပုရာသီး တို့ကို ရေနွေးနှင့်အတူ စိမ်ထားပြီး ၄င်းရေကို သောက်သုံးပါက တစ်နေ့လုံး လန်းဆန်းစေပြီး အမောပြေ စေနိုင်ပါတယ်။
သံပုရာသီးမှာ ပါဝင်တဲ့ အက်စစ် ဓါတ်ကြောင့် ခေါင်းမူး ခေါင်းကိုက် များကိုလည်း
ပျောက်စေ ပါတယ်။ အခွံမှာပါဝင်တဲ့ အခါးဓါတ်နဲ့ ပျားရည် တို့ကြောင့် ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီဓါတ်များကို လျှော့ချပေးနိုင် ပါသည်။ သွေးတိုးရောဂါ ကိုလည်း လျှော့ချပေးနိုင် ပါတယ်။
အဆိပ်အတောက် များကိုလည်း ပြေပျောက်စေသည့် အတွက် သွေး၊ လေ၊ ၀မ်းမှန်စေပြီး အသား အရေကိုလည်း စိုပြေ၀င်းပ လာစေပါတယ်။
ပျားသံပုရာ ရေနွေးကြမ်း လုပ်နည်း
၁။ သံပုရာသီးကို အလုံးလိုက် ဆားနဲ့ပွတ်ပြီး ရေဆေးလိုက်ပါ။
၂။ သံပုရာသီး တစ်လုံးကို ၄ ကွင်းရအောင် ပုံထဲကအတိုင်း လှီးလိုက်ပါ။
၃။ ရေနွေးခွက် တစ်ခုထဲသို့ ထည့်ပါ။
၎။ ပျားရည် လက်ဖက်ဇွန်း ၂ ဇွန်းခန့် ထည့်ပါ။
၅။ ရေနွေး လောင်းထည့်၍ အဖုံး အုပ်ထားပါ။
နာရီဝက်ခန့် နှပ်ထားပြီးလျှင် ၄င်းရေကျက်အေးကို သောက်နိုင်ပါပြီ။ အရသာက ချဉ်ခါးလေးဖြစ်နေမည်။ အခါး မသောက်နိုင်ပါက ပျားရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ သကြားမထည့်ရပါ။ ပထမတစ်ရေ ကုန်သွားလျှင် အချဉ်ဓါတ်နှင့် အခါးဓါတ် မကုန်သေးလျှင် နောက်ထပ် တစ်ရေ ထပ်ထည့်ပြီး ပြန်နှပ် ထားနိုင် ပါတယ်။
သံပုရာသီး တစ်လုံးကို ရေနွေး ၃ ခါလောက် စိမ်ပြီး သောက်နိုင်ပါတယ်။ သံပုယိုသီး ကိုလည်း အလားတူ သုံးနိုင်ပါတယ်။ အနောက်တိုင်းမှာတော့ သံပုယိုသီးကို ပိုမိုသုံးစွဲ ကြပါတယ်။
လန်းဆန်း အမောပြေ၍ ခွန်အားတိုးကာ ကျန်းမာရွှင်လန်းနိုင်ကြပါစေ။
နေဆန်းနောင် (သက်ရှည်ကျန်းမာ)
သက်ရှည်ကျန်းမာ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ် ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..