စမတ်ဖုန်းကို စွဲစွဲ လန်းလန်း သုံးနေခြင်းကြောင့် ဖြစ်လာမယ့် ထိခိုက်မှုတွေ
Mario on 2014-10-24 11:34
တကယ်တော့ စမတ်ဖုန်းတစ်လုံး မပိုင်ဆိုင် ထားရတာဟာ ကျွန်ုပ်တို့ကို ရှက်စရာတစ်ခု သဖွယ် ဖြစ်နေစေခဲ့ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စမတ်ဖုန်းတွေဟာ ကျွန်ုပ်တို့ရဲ့ ဘ၀တွေ လွယ်ကူစေ ပါတယ်။ ရိုးရှင်းစွာ ဆက်သွယ်နိုင် တယ်။ အကွာအဝေးတွေ နီးစေတယ်။ ဒါပေမယ့်လည်း အမြဲတမ်း စမတ်ဖုန်းကိုပဲ စွဲစွဲလန်းလန်း သုံးနေ ဖို့ တော့ မသင့်ပါဘူး။ သင်စမတ်ဖုန်း ကို စွဲစွဲလန်းလန်း သုံးနေခြင်းကြောင့် ဖြစ်လာမယ့် ထိခိုက်မှုတွေ ရှိပါတယ်။
၁။ အချစ်ရေးကို အနှောင့်အယှက် ဖြစ်စေတယ်
သင့် ချစ်သူရည်းစားကို ဘေးမှာထားပြီး Twitter သို့ Facebook တစ်ခုခုနဲ့ အလုပ်ရှုပ်နေ တာဟာ အဆင်ပြေတဲ့ အချစ်ရေးတစ်ခုရဲ့ ပြယုဂ် တစ်ခု လုံးဝမဟုတ်ပါဘူး။ အဲဒီတော့ သင်ဟာ စမတ်ဖုန်းကို သုံးနေမယ့်အစား သူ့မျက်လုံးကို ကြည့်ပြီး စကားပြောနေခြင်းဟာ သူ့ရဲ့ Facebook Status တွေထဲမှာ ထက် ပိုပြီး သူ့စိတ်ကို မြင်အောင်ကြည့်နိုင်မှာပါ။
၂။ သင့်ရဲ့ ကလေးတွေဟာ လည်း စမတ်ဖုန်းသုံးခြင်းမှာ ကျွမ်းကျင်လာနိုင်တယ်
သင့်ရဲ့ အမူအကျင့် က သင့်ကလေးတွေထိ ကူးစက်နေမှာပါ။ လောကကြီးအကြောင်း နားမလည်သေးတဲ့ ကလေးငယ်တွေကို စမတ်ဖုန်းထဲမှာ အတွေ့အကြုံတွေရှာဖို့ အားပေးအားမြှောက် မလုပ်သင့်ပါဘူး။
၃။ ဖုန်းပြောရင်း လမ်းလျှောက်တာက အန္တရာယ်ဖြစ်စေနိုင်ပါတယ်
သင်ဟာ လမ်းဖြတ်ကူးတဲ့ အချိန် ၊ ကားမောင်းနေတဲ့ အချိန်ဈေးဝယ်ထွက်နေတဲ့ အချိန်တွေမှာ ဖုန်းပြောနေတဲ့ အခါ သင့် အတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။ သင်ဟာ အန္တရာယ်ကို တစ်ဖက်က ဂရုစိုက်နေပေမယ့် တစ်ဖက်မှာ လူမှုရေး ကို ထိခိုက်စေပြန်ပါတယ်။ လူတိုင်းဟာ တန်းစီ နေရတာကို အာရုံနောက်တတ်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။
၎။ ဥစ္စာပျောက် ငရဲရောက် နိုင်တယ်
သင့်ကို နှလုံးရောဂါဖြစ်စေနိုင်တဲ့ အသေးစား အဖြစ်အပျက်တစ်ခု ဟာ ဖုန်းပျောက်ခြင်း ဖြစ်နေမှာပါ။ သင့်ဖုန်း ကို သင့် အိတ်ကပ်ထဲမှာ ရှာတယ်၊ လွယ်အိတ်ထဲမှာရှာတယ်။ မတွေ့တဲ့အခါ သင် ကြောက့်လန့် လာတယ်။ အေးဆေးပေါ့။ ပျောက်သွားတာ စမတ် ဖုန်းတစ်လုံးပါ။ ဒေါ်လာ ထောင်ပေါင်းများစွာ မဟုတ်ပါဘူး။
၅။အမြဲတမ်း Selfie ရိုက်ဖြစ်နေတယ်
သင်ဟာ တေးဂီတ ဖျော်ဖြေပွဲတစ်ခုကို ရောက်နေမယ် ၊ စားသောက်ဆိုင် အကောင်းစား တစ်ခု မှာ ရောက်နေမယ်ဆိုရင် သင့်ရဲ့ ချက်ချင်း လုပ်ဆောင်မယ့် တုံ့ပြန်မှု က Selfie ထုတ်ရိုက်တာပဲ ဖြစ်မှာပါ။ ဒါတွေကို လူမှုကွန်ရက်မှာ ကိုယ်ဘယ်ရောက်နေတယ် ဘာလုပ်နေတယ်ဆိုတာ လူသိအောင် Post လုပ်ခြင်းဟာ ဘ၀ ရဲ့ အမှတ်တရတွေကို မှတ်သားထားရာ ရောက်ပေမယ့် ကိုယ့်ချစ်သူမဟုတ်တဲ့ တစ်ခြား တစ်ယောက်ယောက်နဲ့ Selfie မျိုးတွေက အချစ်ရေးမှာ သင့်ကို အာရုံနောက်စေမှာပါ။
Ref:mensxp.com
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ခန့်ညားလှပမှု တစ်ခုအတွက် အမျိုးသားတွေက အမျိုးသမီးတွေထက် ခြောက်ဆ အချိန်ပိုယူရ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) မြန်မာများ သတိမထားမိသော နာမည်ပြဿနာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ