ကမ္ဘာ့ အရှည်ဆုံး မုတ်ဆိတ်မွေး ပိုင်ရှင်
By အေသင်အောင်
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမေရိကန် ပြည်ထောင်စု၊ အော်ရီဂွန် ပြည်နယ်မှာ မုတ်ဆိတ်မွေးနဲ့ နှုတ်ခမ်းမွေး ပြိုင်ပွဲတစ်ခု ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲ အမျိုးအစားပေါင်း (၁၇) မျိုး ထည့်သွင်း ကျင်းပခဲ့ ပါတယ်။ သဘာဝ မုတ်ဆိတ်မွေး ပိုင်ရှင်၊ ဖရီးစတိုင် မုတ်ဆိတ်မွေး ပိုင်ရှင်စတဲ့ ခေါင်းစဉ်တွေ အောက်မှာ ပြိုင်ပွဲတွေ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲ ကို နိုင်ငံပေါင်း ကိုးနိုင်ငံက (၃၀၀) ဦးကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါ တယ်။ အဲဒီ ပြိုင်ပွဲမှာ ထူးခြားတဲ့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေကို မြင်တွေ့ခဲ့ရပါတယ်။
လက်ရှိအချိန်မှာ အရှည်ဆုံး မုတ်ဆိတ်မွေးကို ပိုင်ဆိုင်ထားသူ ကတော့ ဆစ်ခ်လူမျိုး ဆာဝမ်ဆင်းပဲ ဖြစ်ပါ တယ်။ ဆာဝမ်ဆင်းရဲ့ မုတ်ဆိတ်မွေး အရှည် ကတော့ ရှစ်ပေကျော် အထိရှိ ပါတယ်။ သူ့ရဲ့မုတ်ဆိတ်ကို ၂၀၀၈ မှာ တိုင်းတာခဲ့ရာ ခုနစ်ပေ အထိ ရှိခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ တိုင်းတာရာ မှာတော့ ရှစ်ပေကျော် အထိရှိပါတယ်။ ဆာဝမ်ဆင်းဟာ ဆစ်ခ်ဘုရား ကျောင်းတစ်ခုက တရားဟော ဆရာတစ်ဦး ဖြစ်ပါတယ်။ ဆာဝမ်ဆင်းရဲ့ မုတ်ဆိတ် မွေးဟာ ခြေထောက် အထိရှိတာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဆာဝမ်ဆင်း က သူ့အနေနဲ့ ဘုရားသခင်ရဲ့စောင့်ရှောက်မှုကြောင့် ဒီလို ထူးခြားတဲ့ မုတ်ဆိတ်မွေးကို ထားနိုင်ခြင်း ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ ပါတယ်။
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အမ်ဳိးသား မော်ဒယ်လ်ဈေးကွက် ပြောင်း မပြောင်း Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) အသက်ကြီး လာလေ အအိပ်အနေ နည်းလာလေ ဖြစ်ရခြင်း အကြောင်းရင်း Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ