ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ် ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ
“ပိုက်ဆံ ပေးပြီးတော့ ရိုက်ပါရစေဆို တာတောင် နင့်ရုပ်နဲ့ ဖြစ်နိုင် ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…”
--------
ပညာရေးအတွက် ဂျပန်သွားဖို့ ရည် ရွယ်ပြီး ဂျပန်သံရုံးမှာ ဂျပန် စာ သင်နေရင်း Sexy ဓါတ်ပုံများနဲ့ အောင်မြင်နေတဲ့ မော်ဒယ်များကို အားကျပြီး ဆရာဂျွန်လွင် ဆီမှာ သင်တန်း တက်ဖြစ်ခဲ့ပါတယ်။ သင်တန်းကာလ တလျှောက် သင်ခန်းစာများကို စိတ်မ၀င်စားခဲ့ ဘဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့ကာ သင်တန်းဆင်းပြီး ကျောင်းဆက် တက်ခဲ့ပါတယ်။
၂၀၁၁ မှာတော့ မိခင်ဖြစ်သူ လေဖြတ်ရောဂါ ခံစားခဲ့ ရခြင်းကြောင့် ဂျပန်သွားမည့် အစီအစဉ်ကို လက်လျှော့ကာ မော်ဒယ်လောက ထဲ ခြေစုံပစ် ၀င်ခဲ့ပြီး ယနေ့မှာတော့ Sexy များနဲ့ Sexy Party များမှာ မပါမပြီး ဇာဇာထက် ဆိုတဲ့ နာမည်တခုကို ရယူပိုင် ဆိုင်နေပြီဖြစ်တဲ့ မော်ဒယ် ဇာဇာထက်က သူမအတွက် ကြိုးစားချင်စိတ်နဲ့ မခံချင်စိတ်တွေ အဓိကဖြစ်စေခဲ့တာ နာမည်ကြီး ဓာတ်ပုံဆရာ တယောက်ကြောင့်လို့ ဆိုပါတယ်။
“ဇာ ဒီနှစ်ပိုင်းထဲမှာ Sexy ပုံတွေ Sexy Party တွေနဲ့ ပိုပေါက်လာခဲ့တယ်။ နောက် ဇာ ယုံကြည်တာက ဇာ့ကျောမှာ နေ့နံ မကိုက်ပေမယ့် ဇာကြိုက်လို့ထိုးထားခဲ့တဲ့ ကျားရုပ်လေးကြောင့်လို့လည်း ထင်တယ်။ ဇာ စလုပ်တုန်းကတော့ ကော့မန့်တွေ အများကြီးရတာပေါ့နော်။ တင်ကကြီး တယ်၊ ခါးကကြီးတယ်၊ ဘောလုံး သမား ဆိုဒ် အမျိုးမျိုးပေါ့။ ဒါတွေကို ဇာ ဘယ်လိုမှ မခံစားရဘူး။ ဒါပေမဲ့ နာမည်ကြီး ဓာတ်ပုံဆရာ တယောက်ပဲ မောင်နှမလိုကို ခင်တာ။ သူက နွယ်နွယ်ထွန်းတို့ ပေါက်နေ တဲ့အချိန်မှာ ရိုက်ပြီးရင် ဘယ်သူ က ဘယ်လိုလှတာ… ဖြူဖွေးနုဖက်နေတာပဲ … ဘယ်လို Sexy ဖြစ်တာဆိုပြီး လာလာပြော တယ်။ အဲတော့ ဇာလည်း ရိုက်ချင်တာပေါ့ နော်။ ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင် နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…
အခု ဇာ ကြိုးစားခဲ့တယ်။ ဖြစ်လာတယ်။ အဲတော့ ကျွန်မ ဖြစ်နေပြီဆိုပြီး သူ့ဖေ့စ်ဘွခ်မှာ သွား Add တယ်။ အရင်ကဆို သိပ်ခင်ခဲ့ကြတာ။ ဒါပေမဲ့ ဇာ့ကို Sexy Model အနေနဲ့ တကယ့်ကို ရွံရွံရှာရှာပုံစံမျိုးနဲ့ ကြည့်ခဲ့ တာ။ သူသာ ဇာ့ကို ခုချိန်မှာ ရိုက် ပါမယ်လို့ဆိုခဲ့ရင် ဇာ အခုမပြောနဲ့ နောင် တသက်လုံးလည်း သူ့ကို ဆိုရိုက်ပေးမှာ မဟုတ်ဘူး။ သူက ဘာကို Jealousy ဖြစ်ပြီးတော့ ဇာ့ကို မုန်းနေမှန်း မသိဘူး။ သူက ဇာ့ကို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာရင် လည်ဖြတ်ခံလိုက် မယ်ဆိုပြီးပြောခဲ့တာ။ ရိုက်လည်း ဇာ့ပုံနဲ့ ဘယ်လိုမှ ထွက်မှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တာ။ လူတိုင်းကို သူအဲလိုထင်လို့မရဘူး ဆိုတာ ဇာပြချင် တာ။ သူပြောခဲ့တဲ့စကား တခွန်းက ဇာ့အတွက် တွန်းအားတွေ ဖြစ်စေခဲ့ပြီး ဇာအခုလိုဖြစ်လာတော့ သူမခေါ် ရဲတော့ဘူး” လို့ ရင်ဖွင့်ခဲ့ပါတယ်။
ဇာဇာထက်က ဓာတ်ပုံဆရာ နာမည်ပြောဖို့ ငြင်းဆန်ခဲ့ပေမယ့် သူ့ကို ၀တ်လစ်စားလစ်မော်ဒယ်ဖြစ်အောင် တွန်းပို့ပေးလိုက်သူက နာမည်သုံးလုံးနဲ့ လူငယ်ပိုင်းထဲက နာမည်ကြီး ဓာတ်ပုံဆရာလို့သာ ပြောခဲ့ပါတယ်။
MYN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဆံပင်နှင့် လက်သည်းကို ကောင်းမွန်စွာ ရှင်သန်ဖို့ အထောက်အကူပြုသည့် အစားအစာ ၆ မျိုး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးI Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်
- (အနောကျသို့) ဆေးစွမ်းထက်သော ပျားသံပုရာ ရေနွေးကြမ်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးI Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်