ဆိုဒါ (Soda) သောက်ခြင်းဟာ လူကို လျှင်မြန်စောစီးစွာ အိုမင်းစေနိုင်
ရိုးရိုးသာမန်ဆိုဒါ သောက်သုံး တာဟာ သင့် ရဲ့နုနယ် ငယ်ရွယ်မှုတွေကို စုပ်ယူပစ်လိုက် သလိုဖြစ်စေနိုင်တဲ့ အပြင် စိတ်ပျော်ရွှင် ခံစားမှု တစ်စုံတစ်ခု လေးတောင် ရရှိလိမ့် မှာလည်း မဟုတ်ပါဘူးလို့ သိပ္ပံနည်းသစ် တစ်ခုက ဖော်ပြ ထား ပါတယ်။
လေ့လာမှု တစ်ရပ်မှာ ဆိုရင် (၂၄) နာရီအတွင်း အရွယ်ရောက်ပြီး သူပေါင်း ၅၃၀၉ ရဲ့ သိကြား အချိုဓာတ်ပါ ဆိုဒါတွေ၊ သစ်သီးဖျော်ရည် နဲ့ အစားအစာထဲ ပါဝင်တဲ့ ဆိုဒါ သောက်သုံးမှုကို သုတေသီတွေက လေ့လာ စမ်းသပ်ခဲ့ကြတယ်။ နောက်ပြီး သဘာဝအရ အိုမင်းရင့်ရော် အသက်တိုစေတဲ့ အရွယ်ရောက်ပြီးသူတွေရဲ့ telomeres ၊ chromosome ပါဝင်မှုတွေကို နိုင်းယှဉ်မှုပြုလုပ်ခဲ့ပြီး အသက်အရွယ်နဲ့ ဦးနှောက် သွေးကြောရောဂါ၊ ဆီးလွန်/သွေးချိုရောဂါနဲ့ ကင်ဆာရောဂါ အန္တရာယ်တွေကို ကြိုတင်ခန့်မှန်းဖို့ အတွက် အသုံးပြုခဲ့ကြပါတယ်။
အဲဒီကြောင်းတရားတွေအတွက် ရလဒ်တွေကို ညှိနှိုင်းပြီးတဲ့ နောက်ပိုင်းမှာ ရိုးရိုး (စားနေကျမဟုတ်) ဆိုဒါ နေ့စဉ်ပုံမှန် ၈ အောင်စ စားသုံးမှုကြောင့် လူတွေ အသက်တိုတာဖြစ်ကြောင်း သုတေသီများ က တွေ့ ရှိခဲ့ပါတယ်။ တစ်နေ့ကို ဆိုဒါ (၁၀) အောင်စ ပုံမှန်သောက်ပါက သင့်အသွေးအသားကို ဆိုဒါမသောက် သူတွေထက် ၄.၆ နှစ် ပိုမိုအိုမင်းလာစေနိုင်တယ်။ အဲဒီလိုပဲ ဆေးလိပ်သောက်ခြင်းမှာလည်း အိုမင်းရင့်ရော် မှုဖြစ်စေပါတယ်။ သို့ပေမဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နေ့စဉ်အစားအစာများ၊ လေ့ကျင့်ခန်းလုပ်ခြင်း နဲ့ ဒေါသများ ထိန်းချုပ်ခြင်းကတော့ သင့်ကို အသက်ရှည်စေ ပါလိမ့်မယ်။
Royal Hero Media
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဘယ်လိုရေမွှေးရနံ့မျိုးက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) ကြာပန်း လှူဒါန်းရတဲ့ ကောင်းမူ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...