ကော်ဖီသုံးခွက် နေ့ စဉ်သောက်ပေးလျင် အသည်း ပျက်စီးမှုကို ကာကွယ်နိုင်
By သမန်းကျား
ကော်ဖီမှန်လျင် ပုံမှန်ကော်ဖီ ဖြစ်စေ၊ ကဖင်း ထုတ်ထားသော ကော်ဖီဖြစ်စေ အသည်း ပျက်စီးခြင်းကို ကာကွယ်ပေးနိုင် သော ဓါတုပစ္စည်းများ ပါဝင်သည့် အတွက် နေ့စဉ် ကော်ဖီ သုံးခွက် သောက်ပေး သင့်ကြောင်း သိပ္ပံပညာရှ များက တွေ့ ရှိ ထုတ်ပြန် ကြေငြာသည်။
ကော်ဖီသည် ကျန်းမာရေး အကျိုးကျေးဇူးရှိကြောင်း၊ အထူးသဖြင့် အသည်းကို အားဖြည့်ပေးလေ့ရှိပြီး အသည်း ကင်ဆာ ဖြစ်ပွားမှုမှလည်း ကာကွယ်ပေးကြောင်း ယခင်ကလည်းတွေ့ ရှိ ထားသော်လည်း ကဖင်းဓါတ် ထုတ်ထား သော ကော်ဖီသည် ပုံမှန်ကော်ဖီကဲ့သို့  ကျန်းမာရေး အကျိုးကျေးဇူးရှိ၊မရှိ သဲကွဲစွာ မသိရှိခဲ့ကြပေ။
ယခုတွင်မှ အမေရိကန် ပြည်ထောင်စု၊ အမျိုးသား ကင်ဆာသိပ္ပံမှ သုတေသီများက ပုံမှန်ဖြစ်စေ၊ ကဖင်း ထုတ်ထား သည်ဖြစ်စေ၊ ကော်ဖီသည် အသည်းမှ မကျန်းမာသော အင်ဇိုင်းများကို ရှင်းလင်းဖယ်ရှားပေးပြီး ကင်ဆာဖြစ်ပွားမှု မှ ကာကွယ်ပေးသည်ကို အထောက်အထား ခိုင်လုံစွာဖြင့် ဖော်ပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သွေးထဲတွင် အင်ဇိုင်း (၄) မျိုးပါရှိရာ အမိုင်နိုထရန်စဖာရိတ် အေအယ်လ်တီ၊ အမိုင်နိုထရန် စဖာရိတ် အေအက်စတီ၊ အယ်လကာလိုင်းဖော့စဖိတ် နှင့် ဂါမာဂလူတမိုင်း ထရန်စမိုင်နိတ် တို့ ဖြစ်ပြီး ၄င်းတို့ ပါဝင်မှုနှုန်းကိုတိုင်းတာကာ အသည်းကျန်းမာရေးကို ခန့် မှန်းနိုင်သည်။
တဖန် ယင်းအင်ဇိုင်းများ ပုံမှန်မဟုတ်လျင် အသည်းကိုပျက်စီးစေပြီး ပုံမှန်ကော်ဖီကို နေ့ စဉ် ၃ ခွက်ထက် မနဲ သောက် ပေး သူတို့ တွင် ပုံမှန်မဟုတ်သောအင်ဇိုင်း ၂၅ ရာခိုင်နှုန်း ပိုလျော့နဲသည်ကို တွေ့ ရှိခဲ့ရာဝယ် ကဖင်း ထုတ် ထားသော ကော်ဖီကို နေ့ စဉ် ၃ ခွက်ထက်မနဲ သောက်ပေး သူများတွင်လည်း အလားတူ အကျိုးကို တွေ့ ရှိခဲ့သည့် အတွက် မည်သည့်ကော်ဖီ အမျိုးအစားဖြစ်စေ အသည်းကို အထောက်အကူပြု သည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကော်ဖီတွင် ပေါင်းစပ်ဓါတု ပစ္စည်းအမျိုးပေါင်း ထောင်နှင့်ချီ ပါဝင်သည့်အတွက် အသည်းကိုအမှန်တစ်ကယ် အကျိုး ပြုသည့် ဓါတုပစ္စည်းကို တိကျစွာဖော်ပြရန် အခက်အခဲ ရှိနေသေးကြောင်း၊ သို့ သော် ကော်ဖီကို ပုံမှန်သောက်ပေးခြင်း ဖြင့် အသည်းပျက်စီးမှုကို ကာကွယ်နိုင်သည် ဆိုသည်မှာကား သေချာပါကြောင်း သုတေသီ ကျန်ရှောင်က အောက်ပါ အတိုင်း ပြောကြားသည်။
ကော်ဖီဆိုတဲ့ ရိုးရှင်းတဲ့အမှုန့် မှာ လူ့ ခန္ဓာကိုယ်ကို ကောင်းကျိုးပြုတဲ့ ဓါတုပစ္စည်းတွေ ထောင်နဲ့ ချီ ပါပါ တယ်။ ကော်ဖီ က အသည်းပျက်စီးမှုကို ကာကွယ်ပေးတယ်ဆိုပေမယ့် အဲဒီထောင်နဲ့ ချီတဲ့ ဓါတု ပစ္စည်းတွေထဲက ဘယ်ဓါတုပစ္စည်း ကြောင့်ဆိုတာကိုတော့ ကျွန်တော်တို့  မပြောနိုင်သေးပါဘူး။ ဆက်လက်လေ့လာရအုံးမှပါ။ သေချာတာကတော့ ကဖင်းဓါတ်ကို ထုတ်ထားရင်လည်း ကျန်ရှိနေတဲ့ ဓါတုပစ္စည်းတွေက အသည်းကိုကာကွယ်ပေးတယ်ဆိုတာပါပဲ ဟု ဦးဆောင်သုတေသီဖြစ်သူ မစ္စတာကျန်ရှောင်က ပြောပြသည်။
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကေလးငယ္မ်ား နေရောင်ခြည် ပိုမိုရရှိနိုင်ရန် ယူကေတွင် အချိန်တစ်နာရီ နောက်ဆုတ်မည် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) လုပ်ငန်းခွင်မှာ စိတ်အနှောက်အယှက် ပေးတတ်သူတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..