ဟင်းသီး ဟင်းရွက်များကို မချက်ခင် သတိထားကြပါ
ဈေးကနေ ဟင်းသီး ဟင်းရွက်များကို ၀ယ်လာပြီးလျှင် မချက်ခင်မှာ အန္တရာယ် ကင်းအောင် ရေဇလုံထဲ ကို ရေမြုပ်အောင် ထည့်ပြီး ဆား (သိုမဟုတ်) ရှာကကာ ရည် ၂ ဇွန်းခန့်ထည့်ပြီး အနည်းဆုံ ၃ မိနစ်မှ ၅ မိနစ်ခန့် စိမ်ထားပြီးမှ ချက်ပြုတ် စားသောက် သင့်ကြောင်း ကျန်းမာရေး စာမျက်နှာများမှာ သတိပေးထားကြ ပါတယ်။
အကြောင်းကတော့ ဟင်းသီး ဟင်းရွက်များမှာ ကပ်ပါ လာတတ်တဲ့ မျှော့၊ ခူ စသည့် အသက်ပြင်းသည့် အကောင်များ ပါရှိလာပါက ဆားရည်နှင့် ထိတွေ့လျှင် ဟင်းသီး ဟင်းရွက်များကို မတွယ်ကပ်နိုင်ပဲ အလိုလို ရေထဲ ပြုတ်ကျပြီး ရေဆေးသည့်အခါ ပါသွားနိုင်အောင် ဆားရည် စိမ်ရခြင်း ဖြစ်တယ်။
အသီးများကိုလည်း တာရှည်ခံအောင်၊ အရောင်လှအောင် ဖြန်းရည်၊ သုတ်ရည် အမျိုးမျိုးဖြင့် သုတ်လိမ်း ထားတတ်သောကြောင့် ဆားရည်ဖြင့် စိမ်ထားပြီး အခွံကို ဆေးကျောပြီးမှသာ စားသုံးသင့်ပါတယ်။ ရေ မဆေးပဲ အခွံနှင့်အတူ အလုံးလိုက် ကိုက်စားခြင်းမျိုးကို မပြုလုပ်သင့်ပါ။
ဟင်းသီးဟင်းရွက် များကိုလည်း မကျက်တကျက် ကြော်စားခြင်းသည် ကျန်းမာရေးအတွက် အန္တရာယ် များကြောင်း သတိပေး လိုက်ပါတယ်။
သတိလေးကို ဆောင်ထားပြီး အန္တရာယ်ကင်းစွာ စားသုံးနိုင်ကြပါစေ။
ဦးနေဆိုင် (ပူတာအို)
ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ငါးမျက်စိနာအတွက် မရိုးပင် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) ချဉ်ပေါင်၏ ကျန်းမာရေး လျို့ဝှက်ချက် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ