နည်းမှန်လမ်းမှန် နမ်းမယ်ဆိုရင် ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတဲ့ ပြင်သစ်အနမ်း
Victor.PaaTung on 2014-11-18 16:02
၁၀ မိနစ်ကြာ နှုတ်ခမ်းချင်းဆက် ပြင်သစ် အနမ်းပေးမှု ပုံစံက ဘက်တီးရီးယား သန်းပေါင်း (၈၀) ပျံ့နှံ့စေတယ်လို့ လေ့လာမှု တစ်ခုက ဆိုထား ပါတယ်။
သူစိမ်းနှစ်ဦးရဲ့လျှာက ဘက်တီးရီးယားတွေထက် စုံတွဲတွေရဲ့ လျှာပေါ်ရှိ ဘက်တီးရီးယားတွေမှာ များစွာ ဆင်တူမှု ရှိကြောင်း တွေ့ရပါတယ်။
အဲဒီ သဘောတရားကို ထပ်ဆင့် စမ်းသပ် စစ်ဆေးဖို့ ဘက်တီးရီးယား ကြီးထွားမှုဖြစ်စေတဲ့ အရည် တစ်မျိုး သောက်ခိုင်းပြီး ခဏကြာပြီးတဲ့အချိန်မှာ နောက်တစ်ခါ ထပ်နမ်းကြဖို့ စုံတွဲနှစ်တွဲထဲက တစ်တွဲကို သုတေသီများက တောင်းဆိုခဲ့ကြပါတယ်။ ခံတွင်းထဲ ပုံမှန်တွေ့နေကျမဟုတ်တဲ့ ဘက်တီးရီးယား ကြီးထွား ဖွံ့ဖြိုးစေတဲ့ ဘက်တီးရီးယားတွေက တခြား ဘက်တီးရီးယား သန်း (၈၀) တွေနဲ့အတူ ကူးပြောင်းခဲ့ကြပါ တယ်။ အချိန်အကြာဆုံး နမ်းတဲ့ စုံတွဲတွေမှာ တစ်ဦးနဲ့တစ်ဦး ဘက်တီးရီးယား ပမာဏ အများဆုံး မျှဝေ ခဲ့ကြောင်း စစ်တမ်းတစ်ခုမှ တွေ့ရှိခဲ့တယ်။
လွတ်လွတ် လပ်လပ် တစ်စုံတစ်ယောက်နဲ့ အချိန်အကြာကြီး အတူရှိနေခဲ့ပြီး သမီးရည်းစား ဆက်ဆံရေး တစ်ခု ရယူပိုင်ဆိုင် ထားတာဟာ လျှာပေါ်က ဘက်တီးရီးယားတွေ အလားတူ၊ ဆင်တူမှုဖြစ်စေတယ်လို့ Remco က ပြောဆိုခဲ့တယ်။
ဒါ မနှစ်မြို့စရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တကယ် ကောင်းမွန်တဲ့ အချက်တစ်ခုဖြစ်တယ်လို့ Remco က အလေးအနက် ပြောဆိုထားပါတယ်။ လူတစ်ဦး တစ်ယောက်အတွက် ဒါကို ရောဂါခုခံကာကွယ်မှု ပုံစံ တစ်မျိုးအနေနဲ့ အသုံးပြုနိုင်ပြီး ဘက်တီးရီးယား ပိုးမွှားတွေ ခုခံကာကွယ်မှုစနစ်တစ်ခုအဖြစ်နဲ့လည်း အသုံးပြုနိုင်ပါတယ်။
ဒီလိုရှုထောင့်ဘက်က ကြည့်ရင် နမ်းတာဟာ ကျန်းမာရေးနဲ့ အရမ်းကိုက်ညီတယ်လို့ သူက ထပ်လောင်းပြော ဆို ခဲ့တယ်။
တကယ်တော့ မိမိနဲ့ နမ်းတဲ့သူက ဘယ်သူလဲဆိုတာနဲ့ သူသယ်လာတဲ့ ဘက်တီးရီးယားအမျိုးအစားပေါ် မူတည်နေပါတယ်။ နောက်ပြီး နမ်းပုံနမ်းနည်းပေါ်လည်း မူတည်ပါသေးတယ်။ အချိန်ကာလ အပိုင်းအခြား တစ်ခုအတွင်း နှစ်နှစ်ကာကာ နမ်းတာဟာ မီလီယံနဲ့ချီ ပျံ့နှံ့တဲ့စေတဲ့အချိန်မှာ နှုတ်ခမ်းချင်း တို့ထိရုံသာ နမ်းခြင်းကတော့ ဘက်တီးရီးယား အရေအတွက် (၁၀၀၀) ဝန်းကျင်လောက်သာ ပျံ့နှံ့စေပါတယ်။
Ref:herworldplus.com
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) သွေးစွန်းသော မူဆလင်လူမျိုးတွေရဲ့ Ashura ခေါ် ကလေးငယ်တွေရဲ့ နဖူးဓားလှီးပေးတဲ့ ရိုးရာဓလေ့ အစဉ်အလာ အကြောင်း Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ၿပန္တင္နည္းJAVA leaning Myanmar (PDF)
- (အနောက်သို့) တရုတ်ပြည်က sex toy စက်ရုံ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ၿပန္တင္နည္းJAVA leaning Myanmar (PDF)