ငါးမျက်စိနာအတွက် မရိုးပင်
ငါးမျက်စိနာကို အင်္ဂလိပ်လို Corn လို့ ခေါ်ကြပါ တယ်။ ခြေထောက်မှာ ပေါက်တာ များပါတယ်။ အသားမာ တက်လာပြီး အလိုလိုဖြစ်လာတဲ့ သဘောပါ။ ကြွက်နို့နှင့် အနည်းငယ် ဆင်တူ ပါတယ်။ ရောဂါကြီးကြီး မားမားတော့ မဟုတ်ပါ။ ဒါပေမယ့် ကူးစက် လွယ်ကူပါတယ်။
ငါးမျက်စိဖြစ်ပြီး ကြာလာလျှင် နာလာပါတယ်။ ထိမိတိုင်း၊ ဖိမိတိုင်း နာကျင်စွာ ခံစားရပါတယ်။ ဒါကြောင့် ပျောက်အောင် ကုသလျှင် အကောင်း ဆုံးပါ။
ငါးမျက်စိနာပျောက်စေတဲ့ အနောက်တိုင်း ထုတ် သောက်ဆေး၊ ထိုးဆေးအချို့ကို ဘေးထွက် ဆိုးကျိုးများကြောင့် ကျန်းမာရေး အဖွဲ့များမှ တားမြစ် ထားပါတယ်။
ငါးမျက်စိနာအတွက် သဘာဝနည်းဖြင့် အလွယ်တကူ ကုသလိုပါက မိမိအနားမှာ အလွယ်တကူ ရရှိနိုင်သည့် မုရိုးပင် (မရိုးပင်၊ ငဖြူကြီးပင် - ပုံထဲမှာ ပြပေးထားသည့်အပင်) ဖြင့် ကုသနိုင်ပါတယ်။
ကုသနည်း
မရိုးပင်ကို၏ အရွက်နှင့် အကိုင်းတို့ကို ချိုးလိုက်ပါက အစေးဖြူဖြူလေးတွေ ထွက်လာပါမယ်။ ၄င်းအစေးဖြင့် ငါးမျက်စိပေါ်ကို တို့လိမ်းပေးပါ။
တစ်နေ့ကို (၃) ကြိမ်ခန့် တို့ပေးပါ။ (၅) ရက်၊ တစ်ပတ်ဆိုလျှင် ငါးမျက်စိနာ တဖြေးဖြေး ခြောက်သွေ့ သွားပြီး ပျောက်ကင်း သွားပါလိမ့်မည်။
လူသားတိုင်း ကိုယ်စိတ်နှစ် ကျန်းမာချမ်းသာကြပါစေ။
ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ
ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) သတိထားရမည့် တရုတ်ဆေးဘဲဥ အတုများ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ဟင်းသီး ဟင်းရွက်များကို မချက်ခင် သတိထားကြပါ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..