ဆိတ်သား vindaloo ဟင်းလျာ
ဆိတ်သား vindaloo ဟင်းလျာပါ။ ဆိတ်သားကို ရှာလကာရည်၊ ဟင်းခတ် အမွှေးအကြိုင် နုယ်ကာ တညသိပ် ချက်ထားတာမို့ အသားက နူအိပြီ စားလို့ အရမ်းကောင်းပါတယ်။ ဆိတ်သား vindaloo ကို အာလူးနဲ့ ရောချက်လို့ ရပါတယ်။ စားလို့လည်း ကောင်းတာမို့ ခုပဲ ချက်နည်း ကြည့်ရအောင်…
ဆိတ်သား နုပ်ထားရန် ပါဝင်ပစ္စည်းများ
သိုသား(သို့) ဆိတ်သား – ၄၀၀ ဂရမ် (၁လက်မအရွယ် အတုံးများ ပိုင်းဖြတ်ပါ)
ရှာလကာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်နီ -၂လုံး (နှုတ်နှုတ်စဉ်းပါ)
ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်း – ၃တောင့် (ထပ်ခြမ်းခြမ်းပါ)
သစ်ဂျပိုး – ၁ခု
လေညှင်း – ၃ခု
ဇီယာ – လက်ဖက်ရည်ဇွန်း တ၀က်
မုန့်ညှင်းစေ့ – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းထားပါ)
ကြက်သွန်ဖြူ၊ ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ညက်အောင် ထောင်းပါ)
ရေ – ၂ခွက်
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ဒိန်ချဉ် – ခွက် တ၀က်
ချက်ရန် ပါဝင်ပစ္စည်းများ
ငရုတ်သီးပွနီခြောက် – ၃ခု (အစေ့ထုတ်ပြီ ရေနွေးပြုတ်ပြီ ညက်အောင် ထောင်းထားပါ)
ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းထားပါ)
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
မဆလာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဂီ(သို့)ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ခွက်ထဲတွင် ဆိတ်သားကို နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ရှာလကာရည်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း၊ သစ်ဂျပိုး၊ လေညှင်း၊ ဇီယာ၊ မုန့်ညှင်း၊ ငရုတ်ကောင်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဒိန်ချဉ်၊ ဆား) တို့ဖြင့် သမအောင် ရောနုယ်ပြီ ရေခဲသေတ္တာ(အောက်ထပ်)တွင် အနည်းဆုံး ၄နာရီမှ ၁ညသိပ်ပေးပါ။
၂။ ပြီနောက် ဒယ်ထဲ ဂီ(သို့) ဆီထည့်ပြီ ပူလာလျှင် ကြက်သွန်နီ၊ ငရုတ်သီးပွနီ ဆီသပ်ပေးပါ။
၃။ ပြီလျှင် နုပ်ထားသော ဒိန်ချဉ် ဆိတ်သားများကို ထည့်ကာ ၁မိနစ်ခန့် အရောင်ရသည် အထိ ရောချက်ပေး ပါ။
၎။ ပြီနောက် ဒယ်ထဲ ရေ(၂ခွက်)၊ ဆား ထည့်ကာ အဖုံးအုပ်ပြီ မီးနည်းနည်းဖြင့် နာရီဝက်ခန့် ဆိတ်သား နူသည်အထိ တည်ထားပေးပါ။ ရေလိုလျှင် ထပ်ထည့်ပေးပါ။
၅။ ဆိတ်သား နူအိပြီဆိုလျှင် မဆလာ၊ နံနံပင် အုပ်ကာ အရသာရှိသော ဆိတ်သား ဒိန်ချဉ်ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ..

Wutyee Food House
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) တရုတ်ပြည်က sex toy စက်ရုံ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ပုန်းရည်ကြီး ထမင်းကြော် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..