အိပ်ချိန်နှင့် အူလမ်းကြောင်း အနာရောဂါများ ဆက်စပ်နေ
အိပ်ချိန် မမှန်ခြင်းသည် အူလမ်းကြောင်း အနာရောဂါ များဖြစ်ပွားစေကြောင်း သုတေသန တစ်ခုတွင် ဖော်ပြ ထားသည်။
““အိပ်ချိန် နည်းတာ ပဲဖြစ်ဖြစ်၊ များတာပဲဖြစ်ဖြစ် ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကြုံရ တတ်ပြီး နှလုံး သွေးကြော ရောဂါများ၊ ကင်ဆာရောဂါ များအထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ယခုတွေ့ရှိ ချက်တွေ အရ အူလမ်းကြောင်း အနာရောဂါတွေလည်း ဖြစ်စေနိုင်တာ တွေ့ရပါတယ်။ တစ်နေ့ အိပ်ချိန် ခြောက် နာရီထက် နည်းမယ်ဆိုလျှင်၊ အိပ်ချိန် ကိုးနာရီထက် ပိုမယ်ဆိုလျှင် အူလမ်းကြောင်း အနာရောဂါတွေ ဖြစ် တတ်တယ်ဆိုတာ တွေ့ရပါတယ်”” ဟု သုတေသီ Ashwin N. Ananthakrishnan က ဆိုသည်။
သုတေသနတွင် ၁၉၇၆ ခုနှစ် ကျန်းမာရေး စစ်တမ်းများ၌ တစ်ကြိမ်၊ ၁၉၈၉ ခုနှစ် ကျန်းမာရေး စစ်တမ်းများ၌ တစ်ကြိမ် အမျိုးသမီးများထံမှ အချက်အလက်များ စစ်ဆေးရယူခဲ့သည်။ အိပ်ရေးမ၀ခြင်းသည် အူလမ်းကြောင်း ရောင်ရမ်းရောဂါ တစ်ခုဖြစ်သည့် Crohn’s disease ရောဂါ ထကြသည့်အန္တရာယ် ကို ခြောက်လအတွင်း နှစ်ဆ ပိုမိုမြင့်မားစေသည်ကို တွေ့ရသည်။
““ယခုတွေ့ရှိချက်တွေ အားလုံးဟာ ဘာကိုပြဆိုသလဲဆိုလျှင် အိပ်ချိန် လွဲမှားခြင်းဟာ ခုခံအားစနစ်ကို ဆိုးရွားစွာ ထိခိုက်စေ တာပဲဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူတွေအနေနှင့် အူ လမ်းကြောင်း ရောင်ရမ်းမှုရောဂါ ရှိသူတွေမှာ အိပ်ချိန်၊ အိပ်ရေးဝ/မ၀ စစ်ဆေးမေးမြန်းမှုတွေကို အခြားရောဂါ လက္ခဏာတွေ ရှာဖွေသကဲ့သို့ စစ်ဆေးပေး ရမှာဖြစ်ပါတယ်”” ဟု Dr. Ananthakrishnan ကဆိုသည်။
သုတေသနတွင် ပါဝင်သည့် အမျိုးသမီးများသည် သူနာပြုဆရာမ များဖြစ်ကြပြီး အမျိုးသား/အမျိုး သမီး စုံစုံလင်လင်ပါဝင်သည့် လူမျိုး၊ ဘာသာမျိုးစုံ သုတေသနတစ်ခု ထပ်မံပြုလုပ်ရန် လိုကြောင်း သုတေသီများက ထပ်လောင်းပြောကြားသည်။
သီဟ
Ref:MDI
Health Updates Journal No. 142
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မျက်နှာ အသားအရေ နူးညံ့စေဖို့ အတွက် နို့ရည်က အကျိုးပြုနိုင်တဲ့ အချက်(၅)ချက် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) အသက်တစ်နှစ်အောက် ကလေးဘ၀တွင် မည်သည့် အရာကို လိုက်ကြည့်သည်ကို ကြည့်၍ အကျင့်စရိုက်ကို ခန့်မှန်းနိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Abortion Pills ဖျက်ဆေးတွေအကြောင်း