ပဲကြီးနှပ်
ပဲကြီးကို ခရမ်းချဉ်သီးနဲ့ ရောချက် ထားတာပါ။ ထမင်းမြိန်စေတဲ့ ဟင်းရံ တမျိုးပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့် ရအောင်…
ပါဝင်ပစ္စည်းများ
ပဲကြီး – ၂၀၀ ဂရမ် (အခွံနွှာထားပေးပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ဂီ(သို့) ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
နံနံပင် – အနည်းငယ် (ပါးပါးလှီးထားပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပဲကြီးကို ရေစင်အောင်ဆေးပြီ အခွံနွှာထားပေးပါ။
၂။ ပြီနောက် ဒယ်ထဲ ဂီ (သို့) ထောပတ် အပူပေးပြီ ပူလာလျှင် ကြက်သွန်နီ ဆီပူထိုးပေးပါ။
၃။ ပြီလျှင် ဆနွင်းမှုန့် ထည့်ကာ မိနစ်ဝက်ခန့်ေ၇ာမွှေပေးပါ။
၎။ ထို့နောက် ခရမ်းချဉ်သီး၊ ပဲကြီး၊ ရေ(၂၀၀မီလီလီတာ)၊ ဆား၊ ကြက်သားမှုန့် ထည့်ကာ အဖုံးအုပ်ပြီ ပဲကြီး နူသည်အထိ တည်ထားပေးပါ။ (ရေလိုလျှင် ထပ်ထည့်ပေးပါ)
၅။ ဆီပြန်လာလျှင် နံနံပင် အုပ်ပြီ အရသာရှိသော ပဲကြီးနှပ်ကို သုံးဆောင်လို့ ရပါပြီ…

Wutyee Food House
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) နှာခေါင်းထိပ်က အမည်းစက်တွေကို ရိုးရင်းလွယ်ကူစွာ ဖယ်ရှားနည်း ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ချုံကြားမှ ဘုံဖျားသို့ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..