အငြိုး...

တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ ဆိုးသွမ်းသည့် ခွေး ၁၀ ကောင် ရှိသည်။ ပြစ်မှုကျူးလွန်သည့် ဝန်ကြီးတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ဖို့ ဒီခွေးအုပ်ကြီးကို အသုံးပြုလေ့ရှိသည်။ 
တစ်နေ့ ၀န်ကြီးတစ်ပါးက သူ့ရဲ့ထင်မြင်ယူဆချက်တစ်ခုနှင့် ပတ်သက်ပြီး ဘုရင်ကြီးကို လျှောက်တင်ခဲ့သည်။ ဆန့်ကျင်ဘက် အဆိုဖြစ်နေသည့်အတွက် ဘုရင်ကြီးက အမျက်ဒေါသထွက်ပြီး ဝန်ကြီးကို ခွေးစာကျွေးဖို့ အမိန့်ထုတ်လိုက်သည်။

ဝန်ကြီးက..."အကျွန်ုပ် အရှင်မင်းကြီးအနား သစ္စာရှိရှိ အမှုတော်ထမ်းခဲ့တာ ၁၀ နှစ်လုံးလုံး ရှိခဲ့ပါပြီ... မပြောပလောက်တဲ့ အမှားတစ်ခုအတွက် ယခုလို လုပ်ရက်ပါသလား...?" ဆိုပြီး ပြန်လည် လျှောက်တင်သည်။

သို့သော် ဘုရင်ကြီးက သက်ညှာခွင့် မပေးခဲ့ပေ။

၀န်ကြီးက ဆက်ပြီး...“ဒီလိုဆိုရင် အကျွန်ုပ်ကို ခွေးစာမကျွေးခင် အချိန် ၁၀ ရက်လောက်ပေးပါ..." ဟု ဘုရင်ကြီးကို အသနားခံသည်။

ဘုရင်ကြီးက သဘောတူလိုက်သည်။

ထို့နောက် ၀န်ကြီးသည် ခွေးများကို ကြည့်ရှုစောင့်ရှောက်နေသည့် အစောင့်တစ်ဦးထံ ချဉ်းကပ်ပြီး သူအနေနှင့် လာမည့် ၁၀ ရက်အတွက် ခွေးများကို ကြည့်ရှုစောင့်ရှောက်ပေးလိုကြောင်း ပြောကြားခဲ့သည်။

ခွေးစောင့်က ဇဝေဇဝါဖြစ်ပြီး နောက်ဆုံး သဘောတူခဲ့သည်။

အဲဒီနောက် ၀န်ကြီးသည် ခွေးများကို အစာကျွေးခြင်း၊ သန့်ရှင်းရေး လုပ်ပေးခြင်းနှင့် ၎င်းတို့ လိုအပ်သမျှအားလုံးကို ထိုကာလအတွင်း လုပ်ဆောင်ပေးခဲ့သည်။

၁၀ ရက်ပြည့်မြောက်သောအခါ ဘုရင်ကြီးက စီရင်ချက် ချမှတ်ထားသည့်အတိုင်း ၀န်ကြီးကို ခွေးစာကျွေးဖို့ အမိန့်ပေးလိုက်သည်။

သူကို ခွေးအုပ်ကြီးထဲ စတင်ပစ်ချလိုက်သည်။ လာရောက် ကြည်ရှုနေသူအားလုံး မြင်ကွင်းအပေါ် အံ့အားသင်နေကြသည်။ ခွေးအုပ်ကြီးသည် မာန်ဖီခြင်းမရှိပဲ အမြီးများ နှန့်နေကြသည်။ အဲဒီနောက် ဝန်ကြီးကို လျှာများနှင့် ဝိုင်းလျက်ကာ ပျော်ရွှင်စွာ ကစားနေကြလေသည်။

ဘုရင်ကြီးလည်း ထိုမြင်ကွင်းကိုကြည့်ကာ စိတ်ရှုပ်ထွေးသွားပြီး..." ဒီခွေးတွေ ဘယ်လိုဖြစ်ကုန်တာလဲကွ..." ဟု ဆိုပြီး ဒေါသတစ်ကြီးနှင့် အော်ဟစ်လိုက်သည်။

ထို့နောက် ဝန်ကြီးက...“အကျွန်ပ် ခွေးတွေကို ၁၀ ရက်မျှသာ ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်... ကျွန်ုပ်ရဲ့ ၀န်ဆောင်မှုကို သူတို့ မေ့မသွားကြပါဘူး... အကျွန်ုပ် အရှင်မင်းကြီးအနား ၁၀ နှစ်တိုင်တိုင် သစ္စာရှိရှိ အမှုတော်ထမ်းခဲ့ပါတယ်... အကျွန်ုပ် ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ အမှားတစ်ခုအတွက်နဲ့ ကောင်းတဲ့အရာအားလုံးကို အရှင်မင်းကြီး မေ့သွားပါတယ်..." ဟု ရဲဝံ့စွာ လျှောက်တင်လိုက်သည်။

*ဘုရင်ကြီးက သူ့အမှားကို သဘောပေါက်သွားသည်။

*ထိုနောက် ခွေးများကို မိကျောင်းများဖြင့်အစားထိုးလိုက်လေသတည်း.........။

(R.I.P....)

(ဘယ်အလုပ်နေရာမှာမဆို သင့်ကို ဦးတည်ပြီး ပစ်မှတ်ထား တိုက်ခိုက်လာပြီဆိုရင် သင့်အနေနဲ့ ဘယ်လိုပဲ ကြိုးစားကြိုးစား လွတ်မြောက်ဖို့ဆိုတာ ရာခိုင်နှုန်း အလွန်နည်းပါတယ်... Take care...။)



ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...