ကလဲ့စား...

မန်နေဂျာ၊ သူရဲ့လက်ထောက်၊ အမျိုးသမီးကြီးနဲ့ သမီးဖြစ်သူတို့ ရထားတစ်စီးထဲမှာ ခရီးထွက်နေကြတယ်... အချိန်ကာလတစ်ခုအတွင်း အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မိတ်ဆက်ပြီး ယာယီမိတ်ဆွေတွေ ဖြစ်သွားကြတယ်...

သိပ်မကြာခင် ရထားဟာ ဥမင်လိုဏ်ခေါင်းထဲကိုဖြတ်သန်းသွားလိုက်တဲ့အခါ ရထားထဲမှာ အမှောင်ကျသွားတယ်...

ရုတ်တရက် 'ရွှတ်' ခနဲဆို နမ်းရှုပ်လိုက်တဲ့ အသံတစ်ခုထွက်လာတယ်... တဆက်ထဲမှာပဲ 'ဖျန်း' ခနဲဆို ပါးဖြတ်ရိုက်လိုက်တဲ့ အသံတစ်ခုပါ ထွက်လာတယ်...

ရထားလည်း ဥမင်လိုဏ်ခေါင်းထဲကနေ ထွက်လာတယ်...

အမျိုးသမီးကြီးနဲ့သမီးဖြစ်သူ၊ မန်နေဂျာ လက်ထောက်တို့ ဇဝေဇဝါဖြစ်နေတဲ့ပုံနဲ့ ထိုင်နေကြတယ်...

မန်နေဂျာကတော့ ပါးရိုက်ခံထားရလို့ နီရဲနေတဲ့ သူ့မျက်နှာကြီးကို လက်နှစ်ဖက်နဲ့အုပ်ပြီး ခေါင်းငိုက်စိုက်နေတယ်...

သူတို့အားလုံး သံတမန်နည်းလမ်းအတိုင်း ငြိမ်သက်နေပြီး ဘယ်သူမှ ဘာမှမပြောကြဘူး...
အမျိုးသမီးကြီးက စဉ်းစားနေတယ်...

"ဒီမန်နေဂျာက တော်တော်နှာပူးထတာပဲ... ရထားဥမင်လိုဏ်ခေါင်းထဲ ဝင်တဲ့အချိန် သူ ငါ့သမီးကို နမ်းလိုက်တာပဲ ဖြစ်ရမယ်... အဲဒါကြောင့် သမီးက သူ့ကို ပါးရိုက်လိုက်တာပဲ... မှတ်ကရော..."

မိန်းကလေးငယ်က စဉ်းစားနေတယ်...

"ဒီမန်နေဂျာက ငါ့ကို နမ်းဖို့ကြိုးစားတာ... ဒါပေမဲ့ အမေ့ကို သွားနမ်းမိလို့ ပါးရိုက်ခံရတာဖြစ်မယ်...."

အဆိုပါ မန်နေဂျာကလည်း စဉ်းစားနေတယ်...

"တောက်! လုံးဝမကျေနပ်ဘူး...ငါ့လက်ထောက်က ကောင်မလေးကို သွားနမ်းတာ... ငါနမ်းတယ်ထင်ပြီး ငါ့ကို ပါးရိုက်လိုက်တာ ဖြစ်ရမယ်..."

မန်နေဂျာလက်ထောက်က ဘာစဉ်းစားနေလဲ...

"ဒီရထား နောက်ထပ်ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖြတ်တဲ့အခါကျရင် နမ်းရှုပ်တဲ့ အသံတစ်ခုလုပ်ပြီး ငါ့မန်နေဂျာကို ပါးထပ်ရိုက်ဦးမယ်... ဒီလူက ရုံးမှာဆို ငါ့ကို အမြဲတမ်းဒုက္ခပေးတယ်... ဗျာများအောင်လုပ်တယ်..."

😂😂🤣🤣😅😅😄😄😁😁


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...