ကမ္ဘာ့အဆင့်မီ ထိပ်တန်းတက္ကသိုလ်များ...

ယူကေအခြေစိုက် Times Higher Education က ပြုလုပ်တဲ့ ကမ္ဘာအဆင့်မီတက္ကသိုလ် (၂၀၂၁) အစီရင်ခံစာမှာ နိုင်ငံပေါင်း ၉၃ နိုင်ငံရှိ တက္ကသိုလ်ပေါင်း ၁,၅၀၀ ကျော် ပါဝင်ပါတယ်...

Teaching, research, knowledge transfer နဲ့ international outlook စတဲ့ ကဏ္ဏ ၄ ခုမှ စွမ်းဆောင်ရည်ညွှန်းကိန်း ၁၃ ခုအပေါ်အခြေခံပြီး ဒီစာရင်းကို ပြုစုထားတာ ဖြစ်ပါတယ်...

ယခုနှစ် အဆင့်သတ်မှတ်ချက်ဟာ သုတေသနစာစောင် ၁၃ သန်းမှ ကိုးကားချက် သန်း ၈၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ ပညာရှင်ပေါင်း ၂၂,၀၀၀ ဆီကနေ စစ်တမ်းကောက်ယူထားတဲ့ အချက်တွေ ပါဝင်ပါတယ်...

ကမ္ဘာ့အဆင့်မီ ထိပ်တန်းတက္ကသိုလ် ၁၀ ခုကတော့... အောက်စ်ဖို့ဒ်တက္ကသိုလ်၊ စတန်းဖို့ဒ်တက္ကသိုလ်၊ ဟားဗတ်တက္ကသိုလ်၊ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်၊ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်၊ ကင်းဘရစ်တက္ကသိုလ်၊ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေတက္ကသိုလ်၊ ယေးလ်တက္ကသိုလ်၊ Princeton တက္ကသိုလ်နဲ့ ချီကာဂိုတက္ကသိုလ် တို့ဖြစ်ပါတယ်...

ထိပ်တန်းတက္ကသိုလ်တွေထဲမှာ ထိုင်းတက္ကသိုလ် ၁၇ ခု ပါဝင်ပြီး ချူလာလောင်ကွန် (Chulalongkorn)၊ မဲဖားလန်း (Mae Fah Luang) နဲ့ မဟီဒေါ (Mahidol) တက္ကသိုလ်တွေက အဆင့် ၈၀၀ မှာ ဖြစ်ပါတယ်... King Minkut ရဲ့ Thonburi နည်းပညာတက္ကသိုလ်က အဆင့် ၈၀၁ နဲ့ ၁၀၀၀ ကြားမှာရှိပြီး အခြားတက္ကသိုလ် ၁၃ ခုက အမှတ်စဉ် ၁၀၀၀ ကျော်မှာ ဖြစ်ပါတယ်...

ယူကေနိုင်ငံက Oxford တက္ကသိုလ်က ၅ နှစ်ဆက်တိုက် ကမ္ဘာ့ထိပ်ဆုံးစာရင်းဝင်ခဲ့ပြီး ၂၀၁၁ က ဖွင့်လှစ်လိုက်တဲ့ တရုတ်ပြည်မကြီးရှိ ဆင်ဟွာတက္ကသိုလ်ကတော့ ကမ္ဘာ့ထိပ်တန်းအဆင့် ၂၀ မှာရှိပြီး ပထမဆုံး အာရှတက္ကသိုလ် ဖြစ်လာပါတယ်...

Oxford ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Cambridge တက္ကသိုလ်ကတော့ ကမ္ဘာ့အဆင့် ၆ မှာပဲ ရှိပါတယ်...

စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) က အဆင့် ၂၅ မှာရှိပြီး အရှေ့တောင်အာရှမှာ အဆင့်မြင့်တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေပါတယ်...

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်အဆင့် ၁၀ နေရာရှိတဲ့အနက် အမေရိကန်တက္ကသိုလ်တွေဟာ အဆင့် ၈ နေရာမှာ ရှိတယ်လို့ အခိုင်အမာပြောဆိုထားပါတယ်... California တက္ကသိုလ်ပြီးရင် Berkeley တက္ကသိုလ်က အဆင့် ၆ နေရာကို တက်သွားပြီး သတ္တမမြောက်နေရာကို ရောက်ရှိသွားပါတယ်... ဒါပေမယ့် ထိပ်တန်းအဆင့် ၂၀၀ ကျော်မှာရှိနေတဲ့ အမေရိကန် တက္ကသိုလ်တွေကတော့ အဆင့်ကျဆင်းတဲ့ လက္ခဏာတွေ ပြသနေတယ်လို့ အဆင့်သတ်မှတ်တဲ့အဖွဲ့က ဆိုပါတယ်...

တစ်ချိန်ထဲမှာပဲ ပြင်သစ်နိုင်ငံက မကြာသေးမီက ပေါင်းစည်းခဲ့တဲ့ Paris-Saclay တက္ကသိုလ်ကတော့ ပထမဆုံးအကြိမ် စာရင်းသွင်းသူ ၁၄၁ ဦးနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်...

အိန္ဒိယနိုင်ငံအနေနဲ့ ကမ္ဘာ့အဆင့်မီတက္ကသိုလ် (၆၃)ခု ပါဝင်ပြီး Indian Institute of Science (IISc) နဲ့ Indian Institute of Technology (IIT) တက္ကသိုလ် ၂ ခုကတော့ ကမ္ဘာ့ထိပ်တန်းအဆင့် ၄၀၀ မှာ ရှိနေပါတယ်......။



ref: Times Higher Education, bkk, livemint



ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...