"သူငယ်ချင်းကောင်း....."

လူတစ်ယောက် ရဲစခန်းကို ဖုန်းလှမ်းဆက်တယ်...

"ဟဲလို! ရဲဌာနကလား ခင်ဗျာ..."

"ဟုတ်ပါတယ်... ဘာများ အကူအညီပေးရမလဲခင်ဗျာ..."

"ဒီလိုပါ... ကျနော်တို့ အိမ်နီးနားချင်း ဂျွန်စမစ် အကြောင်း သတင်းပေးမလိုပါ ဆရာ... သူ့အိမ်က ထင်းတုံးတွေထဲမှာ ဆေးခြောက်တွေ ဖွတ်ထားတယ်လို့ ကြားပါတယ်..."

"အခုလို သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

နောက်တစ်နေ့ ရဲတွေ ဂျွန်စမစ်အိမ်ကို ရောက်လာပြီး ထင်းတုံးတွေ ထားတဲ့နေရာကို သွားကြတယ်။ အဲဒီနောက် ထင်းတုံးတွေ တစ်တုံးပြီးတစ်တုံး ပုဆိန်တွေ၊ ရဲတင်းတွေနဲ့ ခွဲပြီး ဆေးခြောက် ရှာကြတယ်... ထင်းတုံးအားလုံး ခွဲလို့ကုန်သွားတယ် ဆေးခြောက်က ရှာမတွေ့ဘူး... ဒီလိုနဲ့ ရဲတွေလည်း ခြေကုန်လက်ပန်းတွေကျပြီး ဂျွန်စမစ်ကို ဆဲဆိုကြိမ်းမောင်းကာ ပြန်ထွက်သွားကြတယ်...

သိပ်မကြာခင်မှာပဲ မိတ်ဆွေတစ်ယောက်က ဂျွန်စမစ်ထံ ဖုန်းခေါ်လာတယ်...

"ဟေး သူငယ်ချင်း... မင်းအိမ်ကို ရဲတွေလာသွားလား?"

"အေး လာသွားတယ်ကွ... ငါ့မွေးနေ့မှာ အသားကင်ဖို့ ဝယ်ထားတဲ့ ထင်းတုံးတွေ အားလုံး ပေါက်ခွဲသွားတယ်ကွာ..."

"Happy birthday, သူငယ်ချင်း....."


😄😄😆😆😅😅😂😂

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...