အင်ဂျင်နီယာတွေကို လျှော့မတွက်နဲ့...

အစည်းအဝေးတစ်ခုကို တက်ရောက်ဖို့ အင်ဂျင်နီယာသုံးယောက်နဲ့ စာရင်းကိုင်သုံးယောက် ရထားဘူတာရုံ ရောက်နေကြတယ်... စာရင်းကိုင်တွေက ရထားလက်မှတ်ကိုယ်စီ ဝယ်လိုက်ပြီး အင်ဂျင်နီယာတွေကတော့ သုံးယောက်ပေါင်း လက်မှတ်တစ်စောင်တည်းသာ ဝယ်လိုက်တယ်...

“ခင်ဗျားတို့ သုံးယောက်က လက်မှတ်တစ်စောင်တည်းနဲ့ ဘယ်လိုသွားကြမှာလဲဗျာ” လို့ စာရင်းကိုင်တစ်ယောက်က မေးလိုက်တယ်...

ဒီအခါ အင်ဂျင်နီယာတစ်ယောက်က...“စောင့်ကြည့်ပေါ့ဗျာ..." လို့ ပြောပြီး သူတို့အားလုံး ရထားပေါ်တက်သွားကြတယ်...

စာရင်းကိုင်တွေလည်း ရထားပေါ်တက်ကြပြီး သူတို့ ထိုင်ခုံတွေမှာ အသီးသီး နေရာယူလိုက်ကြတယ်...

အင်ဂျင်နီယာတွေက ရထားအိမ်သာခန်းထဲကို စုပြုံဝင်လိုက်ကြပြီး တံခါးပိတ်ထားလိုက်တယ်...

ရထားထွက်ပြီး အချိန်အနည်းငယ်ကြာ လက်မှတ်စစ်က ခရီးသည်တွေထံက လက်မှတ်တွေ လိုက်တောင်းတယ်... အဲဒီနောက် အိမ်သာတံခါးကို ခေါက်ပြီး လက်မှတ်တောင်းတယ်... ဒီအခါ အင်ဂျင်နီယာတစ်ယောက်က လက်မှတ်ထုတ်လို့ ရရုံလောက်သာ တံခါးကိုဟပြီး ပေးလိုက်တယ်... လက်မှတ်စစ်လည်း လက်မှတ်ကိုယူပြီး ထွက်သွားလိုက်တယ်... ဒါကို မြင်လိုက်တဲ့ စာရင်းကိုင်တွေက အင်ဂျင်နီယာတွေကို အတော်လေး လေးစားသွားပြီး ချီးကျူးလိုက်တယ်...

အစည်းအဝေးပြီးတော့ အပြန်ခရီးမှာ စာရင်းကိုင်တွေက ငွေကို ချွေတာတဲ့အနေနဲ့ အင်ဂျင်နီယာတွေလုပ်သလို လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်... ဘူတာရောက်တော့ သုံးယောက်စာအတွက် လက်မှတ်တစ်စောင်တည်း ဝယ်လိုက်တယ်... အဲဒီနောက် သူတို့အင်မတန် အံ့သြသွားကြပြန်တယ်... ဘာလို့လဲဆိုတော့ အင်ဂျင်နီယာတွေက အပြန်ခရီးအတွက် လက်မှတ်တစ်စောင်မှ မဝယ်ကြဘူး...

ဒီအခါ စာရင်းကိုင်တစ်ယောက်က...“ခင်ဗျားတို့သုံးယောက်က လက်မှတ်တစ်စောင်မှ မပါဘဲ ဘယ်လိုသွားကြမှာလဲဗျာ...?" လို့ စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်တယ်...

အင်ဂျင်နီယာတစ်ယောက်က...“စောင့်ကြည့်ပေါ့ဗျာ..." လို့ ပြောပြီး သူတို့အားလုံး ရထားပေါ် တက်သွားကြတယ်...

ရထားပေါ်ရောက်တော့ စာရင်းကိုင်သုံးယောက်က အိမ်သာထဲကို တိုးဝင်လိုက်ကြပြီး အင်ဂျင်နီယာသုံးယောက်ကတော့ အနီးအနားမှာရှိတဲ့ အိမ်သာထဲကို စုပြုံဝင်လိုက်ကြတယ်...

ရထားစထွက်ပြီး သိပ်မကြာခင်မှာပဲ အင်ဂျင်နီယာတစ်ယောက်က အိမ်သာထဲကနေ အသာထွက်လာပြီး စာရင်းကိုင်တွေ ဝင်ပုန်းနေတဲ့ အိမ်သာအနားကို သွားလိုက်တယ်... အဲဒီနောက် လက်မှတ်စစ် ဟန်ဆောင်ကာ တံခါးကို ခေါက်လိုက်ပြီး...

"လက်မှတ် please....."


😆😆😅😅😁😁😄😄😂😂

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...