အုန်းသီး သင်ခန်းစာ...

တစ်ခါက ငွေကို နှမြောတွန့်တိုတတ်တဲ့ လူတစ်ယောက် အုန်းသီးဝယ်ဖို့ သွားတယ်။ အုန်းသီးရောင်းသူက အုန်းသီးတစ်လုံးကို အိန္ဒိယရူပီးငွေ ၁၀ တောင်းတယ်။

သူက “ခင်ဗျားကို ၅ ရူပီး ပေးမယ်ဗျာ...“ လို့စျေးဆစ်လိုက်တော့ အုန်းသီးရောင်းသူက..." ဒါဆိုရင် ၂ မိုင်လောက်ဝေးတဲ့ လက်ကားဈေးကို သွားပါ။ အဲဒီမှာ အုန်သီးတစ်လုံး ၅ ရူပီးနဲ့ ရပါတယ်..." လို့ ပြန်ပြောလိုက်တယ်။

သူလည်း လက်ကားဈေးကို သွားလိုက်တယ်။ စျေးရောက်တော့ အုန်းသီးတစ်လုံးကို ကောက်ကိုင်ပြီး “တစ်လုံး ၃ ရူပီး ပေးမယ်ဗျာ...” လို့ အုန်းသီးသည်ကို စျေးဆစ်လိုက်တယ်။

စျေးသည်က “အုန်းသီးတစ်လုံးကို ၃ ရူပီးနဲ့ လိုချင်ရင် ၃ မိုင်ဝေးတဲ့ ပင်လယ်ကမ်းခြေကို လမ်းလျှောက်သွားလိုက်ပါ...” ​​လို့ ပြောလိုက်တယ်။

သူလည်း ၃ မိုင်ဝေးတဲ့ ပင်လယ်ကမ်းခြေကို လမ်းလျှောက် သွားလိုက်တယ်။

ကမ်းခြေရောက်တော့ သူက “အုန်းသီးတစ်လုံးကို ၁ ရူပီး ပေးမယ်ဗျာ...” ​​လို့ အုန်းသီးသည်ကို စျေးဆစ်ပြန်တယ်။

အုန်းသီးသည်က "ကျုပ်ကတော့ ခင်ဗျားကို တစ်လုံး ၁ ရူပီးနဲ့တော့ ရောင်းမှာမဟုတ်ဘူး... အခမဲ့လိုချင်ရင်တော့ ခင်ဗျားကိုယ်တိုင် အုန်းပင်ပေါ်တက်ပြီး ခူးပါ..." လို့ ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ သူလည်း အုန်းပင်ပေါ်ကို တက်သွားတယ်။ မကြာခင်မှာပဲ အပင်ပေါ်ကနေ မတော်တဆ ပြုတ်ကျပြီး ကျောရိုး ကျိုးသွားတယ်။ ဆေးကုခ ရူပီးတစ်သောင်း ကုန်သွားတယ်။ ဒါဟာ အခမဲ့ အုန်းသီးအတွက် ပေးဆပ်လိုက်ရတာပဲ ဖြစ်ပါတယ်။


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...