လူသားဆန်မှုဆိုတာ...



၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်.... အချိန်က ညနေ ၅ နာရီခွဲ.... တရုတ်နိုင်ငံရဲ့ ဈေးတခုမှာ... မိခင်နဲ့ကွဲသွားပြီး လမ်းပျောက်နေတဲ့ ၂ နှစ်သားအရွယ် ကလေးငယ်တစ်ယောက် လမ်းမပေါ် မှာ ယောင်လည်လည်ဖြစ်နေတဲ့အချိန်မှာ ခရီးသည်တင် Van ကားတစ်စီးက ၀င်တိုက်လိုက်ပါ တယ်.... ယေးယေး လို့ခေါ်တဲ့ ကလေးမလေးကို ၀င်တိုက်သွားတဲ့ Van ကားဟာ တရှိန်ထိုး မောင်းပြေးသွားပါ တယ်....



ကား (၂)ကြိမ် အတိုက်ခံရတဲ့ သမီးငယ် "ယေးယေး"

ပိုပြီးဆိုးတာက... နောက်ထပ်လာတဲ့ ကားတစီးကလည်း အကူအညီမပေးတဲ့အပြင် ကလေးမလေးကို ရက်ရက်စက်စက် ထပ်ကြိတ်လိုက်ပါတယ်....မတွေ့လို့ပဲလား...တမင်ဝင်တိုက်တာပဲလားတော့ မသိပါ...



အဆိုးဆုံးကတော့.... ၇ မိနစ်လောက်အကြာ သွေးအိုင်ထဲမှာ လဲကျနေတဲ့ ယေးယေး ကို အနီးအနားမှာ တစ်ယောက်ပြီးတစ်ယောက် ဖြတ်သွားဖြတ်လာ လုပ်နေကြတဲ့ လူ ၁၈ ယောက်လောက်ကလည်း လာပြီး အကူအညီမပေးတဲ့အပြင် ရဲခေါ်ပြီး အကြောင်းကြားတာလဲ မရှိပါဘူး... ဒါဟာ တရုတ်နိုင်ငံမှာရှိ လူတန်းစား တခုရဲ့ ပင်ကိုယ်စိတ်နေသဘောထားတွေကို မီးမောင်းထိုးပြလိုက်တာလားဆိုတာ စဉ်းစား စရာပါ...



နောက်ဆုံးမှာတော့... ၁၉ ယောက်မြောက်ဖြစ်တဲ့ အမှိုက်သိမ်းအမျိုးသမီးကြီးက သွေးအိုင်ထဲလဲကျနေတဲ့ ကလေးငယ်ကို တွေ့ပြီး ကူညီပေးခဲ့ပါတယ်...ငွေမရှိပေမဲ့ လူစိတ်ရှိတဲ့ အမျိုးသမီးကြီးတစ်ဦးပါ...အဲဒီလို သတိလစ်ပြီး ခွေခေါက်နေတဲ့ ယေးယေး ကို လမ်းဘေးကို ပွေ့ချီဖို့ လုပ်နေတဲ့အချိန်မှာ... သမီးငယ်ကို လိုက်ရှာနေတဲ့ မိခင်ဖြစ်သူရောက်လာပြီး ဆေးရုံကို ကမန်းကတန်း ပို့လိုက်ပါတယ်....


ပူဆွေးသောကရောက်နေတဲ့ ယေးယေးရဲ့ မိဘတွေ

မိဘတွေဟာ သမီးငယ်အတွက် ဘယ်လောက် ပူဆွေးသောကရောက်မလဲဆိုတာ ဖော်ပြဖို့ စကား လုံးတောင် ရှိမှာမဟုတ်ပါဘူး...

ဝင်တိုက်သွားတဲ့ ဒုတိယမြောက် ကားကိုတော့ ရဲတွေက ဖမ်းဆီးလိုက်ပြီး...ပထမဆုံး တိုက်လိုက်တဲ့ကား ကိုတော့ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်...



စောစောက ကားတိုက်ခံရတဲ့ ကလေးငယ်ကို အကူအညီပေးခဲ့ Chen Xianmei ဆိုတဲ့ အမှိုက်သိမ်း အမျိုးသမီကြီးဟာ ဌာနဆိုင်ရာအသီးသီးက ချီးမြှင့်တဲ့ ဆုငွေ (ယွမ်း ၂၅၀၀၀)ကျော် လက်ခံရရှိခဲ့ပြီး.... မီဒီယာတွေရဲ့ အာရုံစူးစိုက်မှုကိုလည်း ရလာခဲ့ပါတယ်.... မီဒီယာတွေကိုလည်း သူမရတဲ့ဆုငွေတွေကို ကားတိုက်ခံရတဲ့ ယေးယေး ကို ပြန်ပေးမယ်လို့ ပြောပြီး... ဒီလိုကူညီတာဟာလည်း သူမအနေနဲ့ ကျော်ကြားချင်လို့.... တစုံတရာလိုချင်လို့ ကူညီတာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်....

ဟုတ်ပါတယ်... တခါတရံမှာလည်း ဖြစ်တတ်ပါတယ်....ငွေကြေးဆင်းရဲတဲ့ လူတွေဟာ ယေးယေး လိုမျိုး ဒုက္ခရောက်နေတဲ့သူတွေကို စိတ်ထားကောင်း စေတနာမှန်နဲ့ ကူညီချင်/ကူညီခဲ့ပေမဲ့လဲ.... သူတို့ ကိုယ်တိုင်က ငွေကြေးဆင်းရဲကြတဲ့အတွက် ကျော်ကြားချင်လို့...ငွေလိုချင်လို့... အသိအမှတ်ပြုခံချင်လို့ ကူညီတာလားဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ မကောင်းတဲ့ စိတ်နေသဘောထားတွေကို ကြုံတွေ့ရတာ ဓမ္မတာဖြစ်ပါတယ်....

ဒီအမျိုးသမီးကြီး ကတော့ သူမမှာ ငွေမရှိပေမဲ့လည်း... ရိုးသားတဲ့စိတ်.. မြင့်မြတ်တဲ့စိတ်... လူသားဆန် တဲ့စိတ် ရှိတယ်ဆိုတာကို လက်တွေ့ပြလိုက်တာဖြစ်ပါတယ်....

အခုတော့...ကား (၂)ကြိမ် အကြိတ်ခံရပြီး လူအများရဲ့ လစ်လျူရှု့တာခံခဲ့ရတဲ့ ယေးယေး ဟာ သူမချစ်တဲ့ မိဘနှစ်ပါးနဲ့ သူ့မကို အကူအညီပေးခဲ့တဲ့ အမှိုက်သိမ်းအမျိုးသမီးကြီးကို နှုတ်မဆက်ပဲ ထွက်ခွာသွားပါပြီး.. ယေးယေး ဟာ ဆေးရုံရောက်ပြီး ၈ ရက်အကြာမှာ ကွယ်လွန်သွားပါတယ်....

ကိုးကား...ChinaSmack
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...