ကျန်းမာချင်သူ..လှချင်သူတို့အတွက် ဆေးစွမ်းကောင်းများ....
Gau Jal: Made of cow urine
အိန္ဒိယနိုင်ငံက နွားမတွေရဲ့ ကျင်ငယ်ရည်နဲ့ ပြုလုပ်ထားတဲ့ ဂေါင်ဂယ်လ်(Gau Gal)လို့ ခေါ်တဲ့ ဆေးဖက်ဝင် အချိုရည်တစ်မျိုးဖြစ်ပါတယ်...
ထုတ်လုပ်တဲ့သူတွေကတော့...အဲဒီအချိုရည်ဟာ ကျင်ငယ်ရည်အနံ့လည်း မရှိ...အရသာကလည်း ကောင်းပြီး.... ကျန်းမာရေးအတွက် သင့်တော်တဲ့ ဆေးစွမ်းတလက်ဖြစ်ပါတယ်လို ဆိုပါတယ်....
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထည့်ထားလို့ အမြုပ်တွေထတဲ့ တခြားအချိုရည်မျိုးတွေလိုမဟုတ်ပဲ.... အဆိပ်အတောက်လည်း ကင်းတယ်လို့ ဆိုပါတယ်...
ပက်(ပ်)စီ(Pepsi)တို့...ကိုကာကိုလာ(Coca Cola)တို့လို အချိုရည်တွေကိုလည်း ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ လည်း ဆိုပါတယ်...ခင်ဗျား....
-------------------------------------------------
Placenta Drink

ဒါကတော့...ဂျပန်နိုင်ငံက ၀က်အချင်းနဲ့ ဖော်စပ်ထားတဲ့ ဆေးဖက်ဝင် အရည်တစ်မျိုးပါ...ဂျပန်နိုင်ငံမှာ လူကြိုက်များတဲ့ ဆေးရည်လို့ ဆိုပါတယ်...
ဆေးအစွမ်းကတော့ နေ့စဉ်စားသုံးနေတဲ့အစာတွေကို သဟဇာတဖြစ်အောင် ကူညီပေးပြီး.. အထူးသဖြင့် မိန်းကလေးတွေကို အလှတိုးစေတယ်လို့ ဆိုပါတယ်... (ဂျပန်မလေးတွေ လှနေတာ ဒီဆေးအစွမ်းကြောင့် ပဲ ဖြစ်ရမယ်)..
ဒီဆေးကို ၀က်အချင်းနဲ့ ဖော်စပ်ထားပေမဲ့လည်း မက်မွန်သီးအနံ့ကလွဲလို့ တခြားအနံ့အရသာမရှိပဲ အ၀င်ကောင်းတယ်လို့ ဆိုပါတယ်... ဒီအချက်ဟာ အမျိုးသမီးငယ်တွေကို ရောင်းတဲ့အခါ အလွန်အရေးပါတဲ့ အချက်ဖြစ်ပါတယ်လို့ ဆိုပါတယ်....
ဈေးနှုန်းကတော့ နည်းနည်း ကြီးပါတယ်...ဆေးတခွက်စာကို ၈ ဒေါ်လာ ပေးရပါတယ်...ပုလင်းမှာ Placenta 10000 လို့ ရေးထားရင် ၀က်အချင်း ၁၀,၀၀၀ မီလီဂရမ် ပါဝင်ပြီး....Placenta 40000 လို့ရေးထားရင်တော့ ၀က်အချင်း ၄၀,၀၀၀ မီလီဂရမ် ပါဝင်တယ်လို့ ဆိုပါတယ်...
ကဲ...စိတ်ဝင်စားတယ်ဆိုရင်တော့...ဂျပန်မှာရှိတဲ့ သူငယ်ချင်းတွေကို တီးခေါက်ကြည့်လိုက်ပါ...
ကိုးကား..Internet