အရမ်းဝတဲ့သူတွေ အားမငယ်ပါနဲ့....
အောက်ကပုံကတော့ ရုရှားက ဆီး(ဗ်တ်)လန်နာ လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံပါ....၁ နှစ်နဲ့ ၆လအတွင်းမှာ ကိုယ်အလေးချိန် (၁၅၅)ပေါင် နီးပါးခန့် ကျဆင်းသွားပါတယ်....၀ိတ်ချပုံက ဒီလိုပါ...အစပထမပိုင်းမှာ နေ့စဉ် (၁)ကီလို လမ်းလျှောက်ပါတယ်....တဖြည်းဖြည်းနဲ့ နေ့စဉ် (၅)ကီလို တိုးပြီး လမ်းလျှောက်ပါတယ်....အားကစားရုံမှာလည်း အခြားကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပါတယ်....အစားအသောက်ပိုင်းမှာ အသီးအရွက်များများစားပါတယ်၊ သကြားမပါတဲ့ကော်ဖီ၊ အသီအရွက်ကရတဲ့ ဆီ၊ အထူးသဖြင့် ညစာကို ဖွယ်ဖွယ်ရာရာမစားပဲ green tea လောက်ပဲ သောက်ပီးနေပါတယ်....အဲဒါကြောင့် သူမကိုယ်အလေးချိန်ဟာ သိသိသာသာကြီး လျော့ကျသွားပါတယ်....