ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကလေးငယ်တွေအကြောင်း တစေ့တစောင်း....
အောက်ကပုံကတော့...ဘင်္ဂလားဒေ့ရှ်နိုင်ငံက အသက် ၁၁ နှစ်အရွယ်သာရှိတဲ့ Jainal ဖြစ်ပါတယ်... သူဟာ ငွေအရည်ကျိုတဲ့ စက်ရုံတရုံမှာ အလုပ်လုပ်ပါတယ်... အဲဒီမှာ အလုပ်လုပ်တာ ၃ နှစ်ရှိပါပြီ... မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ရပြီး... လုပ်အားခအနေနဲ့ တလကို တာကာငွေ (၇၀၀)ခန့်သာ ရပါတယ်... အမေရိကန်ဒေါ်လာနဲ့ တွက်မယ်ဆိုရင်တော့ ၁၀ ဒေါ်လာခန့်ပါ... မိဘတွေက အလွန်ဆင်းရဲကြတဲ့အတွက် သူ ကျောင်းတက်ဖို့ အခွင့်အလမ်းမရခဲ့ပါဘူး... စက်ရုံပိုင်ရှင်ရဲ့ အပြောအရဆိုရင်... မိဘတွေကလည်း သူတို့ရဲ့ကလေးငယ်တွေရဲ့ အသက်အရွယ်တွေကို ဂရုမစိုက်ပဲ ငွေရဖို့အတွက်သာ အလုပ်လုပ်ခိုင်းနေ တယ်လို့ ဆိုပါတယ်...

ဒါကာရှိ စက်ရုံတစ်ရုံမှာ အရွယ်နဲ့မမျှအောင် အလုပ်လုပ်နေရတဲ့ ကလေးငယ်တစ်ယောာက်...

ဒါကာရှိ ငွေရည်ကျိုတဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် ၁၃ နှစ်အရွယ် Liyakot Ali ဖြစ်ပါတယ်... ဒီကလေးဟာ တရက်ကို ၁၀ နာရီ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ရပါတယ်...လုပ်အားခအနေနဲ့ တပတ်ကို တာကာငွေ (၂၀၀)ခန့်သာရပါတယ်....ဒေါ်လာနဲ့ဆိုရင် (၃)ဒေါ်လာဖြစ်ပါတယ်...

ကားသွား...ကားလာတွေကို စောင့်ပြီး နှင်းဆီပန်းရောင်းနေတဲ့ လမ်းပေါ်က ကလေးငယ်တစ်ယောက်....

ချမ်းအေးတဲ့ရာသီမှာ မနက်စောစော အမှိုက်လိုက်ကောက်နေတဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်ကတော့ Jasmine ဖြစ်ပါတယ်...အမှိုက်ပုံတွေထဲက ပြန်ရောင်းလို့ရတာလေးတွေကို စုဆောင်ပြီး...ရောင်းလို့ရတဲ့ငွေနဲ့ မိသားစုကို ထောက်ပံ့ပေးနေရတယ်လို့ ဆိုပါတယ်....

အုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်နေတဲ့ ကလေးတွေဖြစ်ပါတယ်....အုတ်အလုံးရေ ၁,၀၀၀ သယ်နိုင်ရင် အမေရိကန်ဒေါ်လာ ၀.၉ ခန့်သာ ရတယ်လို့ ဆိုပါတယ်...

ဒါကာရှိ အုတ်စက်ရုံတစ်ခုမှာ အုတ်ခဲထုနေတဲ့ ကလေးငယ်တစ်ယောက်...

အသက် ၈ နှစ်အရွယ် Munna ဆိုတဲ့ ကလေးငယ်ပါ... သူက လူနဲ့ဆွဲတဲ့လှည်း အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်ပါတယ်... တရက် ၁၀ နာရီ အလုပ်လုပ်ရပြီး ရတဲ့လုပ်အားခ ကတော့ တလကို ၇ ဒေါ်လာခန့်သာ ရတယ်လို့ ဆိုပါတယ်...
်

တံခါးသော့ပတ္တာတွေ ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၁၀ နှစ်အရွယ် Shaifur ဆိုတဲ့ ကလေးငယ်...

ဒီကလေးငယ်တွေဟာ နားချိန်အနည်းငယ်သာ ရရှိပြီး နာရီပေါင်းများစွာ အလုပ်လုပ်ရတယ်လို့ ဆိုပါတယ်... လုပ်အားခ အနည်းငယ်သာ ရကြပြီး... လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရင်လည်း နစ်နာကြေး မရကြပါဘူး... အလုပ်ရှင်အများစုကတော့ လုပ်အားခနည်းပြီး အလုပ်များများလုပ်နိုင်တဲ့ ကလေးတွေကို ပိုသဘောကျတယ်လို့ ဆိုပါတယ်....

ငွေရည်ကျိုတဲ့ စက်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် ၁၃ နှစ်အရွယ် Islam ဆိုတဲ့ ကလေးငယ်ပါ... အဲဒီမှာ အလုပ်လုပ်တာ ၂ နှစ်လောက်ပါပြီ.... တရက်ကို ထမင်း ၂ နပ်သာကျွေးပြီး အလုပ်သင်အနေနဲ့ လုပ်ရတာလို့ ဆိုပါတယ်....

အသက် ၅ နှစ်အရွယ်ကနေပြီး ၁၅ နှစ်အရွယ်ရှိ ကလေးငယ် ၁၇.၅ ရာခိုင်းနှုန်းခန့်ဟာ စီးပွားရေး လုပ်ငန်းတွေမှာ ၀င်ရောက်အလုပ် လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်... ဒီကလေးငယ်အများစုဟာ စက်ရုံတွေမှာ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေရပါတယ်....

ကိုးကား....internet/Samir 4one/ by Ko Myo
http://lwanmapyay.blogspot.com/