သမိုင်းတွင်တဲ့ မျက်နှာခွဲစိတ်ကုသမှု....
မခွဲစိတ်ခင်ပုံနဲ့ ခွဲစိတ်ပြီးပုံ...
သူကတော့ သမိုင်းမှာ မျက်နှာအစားထိုး ကုသခံရမှုအများဆုံး အမေရိကန်လူမျိုး Richard Lee Norris ဆိုသူ ဖြစ်ပါတယ်... လွန်ခဲ့တဲ့နှစ်တွေက စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင် သူရဲ့မျက်နှာကို မတော်တဆ သေနတ်ထိမှန်တဲ့အရေအတွက် အလွန်များတာကြောင့် အခုလိုရုပ်ပျက်ဆင်း
ပျက် ဖြစ်နေတာပါ... အဲဒီလိုသေနတ်မတော်တဆမှုတွေကြောင့် Richard ဟာ သူ့ရဲ့နှုတ်ခမ်း...နှာခေါင်း နဲ့ မေးရိုးတွေ ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်... ဒါ့အပြင် ပါးစပ်တပိုင်းတစနဲ့ အနံ့ခံအာရုံတွေပါ ဆုံးရှုံးသွားတယ်လို့လည်း ဆိုပါတယ်...
မခွဲစိတ်ခင်ပုံ...
မျက်နှာအစားထိုး ခွဲစိတ်ကုသမှုတွေကိုတော့ မယ်ရီလန်း(Maryland) ဆေးတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါ တယ်... ကုန်ကျစရိတ်ကိုတော့ အမေရိကန်ရေတပ်က ကူညီထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်.... ရှေ့တန်းစစ်မြေပြင်မှ မျက်နှာဒဏ်ရာရတဲ့ စစ်သားတွေကို ခွဲစိတ်ကုသရာမှာ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် တစ်ခုအနေနဲ့ ကူညီပေးတာဖြစ်ပါတယ်... Richard ရဲ့မျက်နှာမှာ လိုအပ် တာတွေ အစားထိုး ခွဲစိတ်ကုသဖို့အတွက် အချိန်ကာလအားဖြင့် ၃၆ နာရီကြာမြင့်ပါတယ်.. အခုဆိုရင် Richard ဟာ နှာခေါင်းအသစ်... သွားအသစ်... လျှာအသစ်...မေးရိုးအသစ်နဲ့ ဖြစ်နေပါပြီ.....
ခွဲစိတ်ပြီးပုံ...
ခွဲစိတ်ကုသမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ Richard ရဲ့ မျက်နှာဟာ တော်တော်ကြီးကို သိသိသာသာ ပြောင်းလဲသွားပါတယ်... ခွဲစိတ်မှု မလုပ်ခင်ကဆိုရင် သူဟာ အိမ်ထဲကနေ အိမ်ပြင်မထွက်ပဲ လူတွေနဲ့ ခပ်ရှောင်ရှောင်နေခဲ့ပါတယ်... သူရဲ့ နှာခေါင်း အနံ့ခံအာရုံတွေလည်း ပြန်ရပြီလို့ ဆရာဝန်တွေက ဆိုပါတယ်... အစားထိုး ခွဲစိတ်ကုသမှုတွေမှာ အာရုံကြောနဲ့ ကြွက်သားတွေလည်း ပါဝင်ပါတယ်... သူရဲ့မျက်နှာမှာ အစားထိုးကုသထားတဲ့ တစ်ရှုးတွေ တည်ငြိမ်မှုရှိနေအောင် လုပ်ဆောင်ပေးတဲ့ Anti-rejection medications တွေကိုတော့ မသေမချင်း ဆက်လက်ကုသမှု ခံယူနေရမှာ ဖြစ်တယ်လို့ ဆိုပါတယ်....။
http://lwanmapyay.blogspot.com/
- (အရှေ့သို့) ထွေရာလေးပါး...၇၀ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) ထွေရာလေးပါး...၇၁ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်