ထူးခြားအံ့ဖွယ် အမျိုးသမီး.....
သူကတော့... အသက် ၂၃ နှစ်အရွယ် အမေရိကန်နိုင်ငံသူ မော်လ်ဒယ်လည်းဖြစ်... ကြေးစားနပန်းသမားလည်းဖြစ်တဲ့ Lindsay Hayward ဆိုသူ ဖြစ်ပါတယ်... သူမဟာ အရပ်အမြင့်ပေ ၆' ၉" လက်မ (၂၀၆ စင်တီမီတာ)ရှိပြီး... ကိုယ်အလေးချိန် ၂၄၀ ပေါင် (၁၀၉ ကီလို) ရှိပါတယ်... ဘယ်လောက်ထိ အင်အားကြီးသလဲဆိုရင် အလေးချိန် ကီလို ၁၀၀ လောက်ရှိတဲ့ ယောင်္ကျားတစ်ယောက် ကို လက်နဲ့ အလွယ်တကူ ကိုင်မြှောက်ပြီး ပစ်လွှင့်နိုင်တယ်လို့ ဆိုပါတယ်...။
သူမငယ်စဉ်က အမှတ်ရစရာလေးတွေ ပြန်ပြောတာကတော့..."ကျမ အသက် ၁၆ နှစ်အရွယ်လောက် ကပေါ့ အမျိုးသမီးငယ်တစ်ဦးက ကျမနောက်ကျောကို လက်သီးနဲ့ လာထိုးတယ်... ကျမလည်း ဘယ်ရမလဲ... သူ့ကို လက်နဲ့ကိုင်မြှောက်ပြီး အုတ်နံရံကြားထဲကို ပစ်ထည့်လိုက်တယ်... နောက်ဆို ရင်တော့ သူ ကျမကို ရန်မစရဲတော့ဘူး.....။"
ကြွက်သားတွေ သန်မာထွားကြိုင်းဖို့အတွက် တရက်ကို ၃ နာရီခန့် အလေး "မ" ပြီး...၂ နာရီမှာ တစ်ကြိမ် ကြက်သား ၅ အောင်စ စားသုံးတယ်လို့ ဆိုပါတယ်....ပုံမှန်အားဖြင့်တော့ တရက်ကို မကျက်တကျက် အသား ၃ ပေါင်ခန့် စားသုံးပြီး...အမြဲတမ်းလိုလို ဗိုက်ဆာနေတယ်လို့ ဆိုပါတယ်....။
Lindsay ဟာ အမျိုးသားတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ခန္ဒာကိုယ်အလှ ပိုင်ဆိုင်ထားပေမဲ့လည်း အချစ်ရေးမှာတော့ ကံမကောင်းသေးဘူးလို့ ဆိုပါတယ်... အချစ်နဲ့ပတ်သက်တဲ့ ဆက်ဆံရေးတွေ ဟာ လေးနက်သင့်သလောက်မလေးနက်ပဲ... တနှစ်ကို အမျိုးသားတစ်ယောက်နဲ့ တွဲပြီး အပြင်ထွက် တယ်လို့ ဆိုပါတယ်... အများအားဖြင့် သူမကပဲ စတင်ချိန်းဆိုတယ်လို့ ပြောပါတယ်... သူမရဲ့ အရင် ရည်းစားဟောင်းတွေကလည်း ကာယဗလမောင်တွေနဲ့.... Basketball အားကစား သမားတွေဖြစ်ပြီး... အရပ်အမောင်း ၆ ပေ နဲ့ ၄ လက်မ အောက်ရှိတဲ့ သူတွေဆိုရင်တော့ စိတ်မ၀င်စားဘူးလို့ ဆိုပါတယ်....။
" တကယ်ပဲ အရပ်မြင့်လေ ပိုကောင်းလေပဲ...Basketball ကစားတဲ့ သူတွေကို ပိုပြီးတော့ သဘောကျတယ်...ဘာဖြစ်လို့လဲဆိုတော့ တခါတလေကျရင် သူတို့က ကျမထက် ပိုပြီးတော့ အရပ်အမောင်း မြင့်တယ်လေ...။"
(အရပ် ၆ ပေ ၁၁ လက်မ ရှိသူများ Lindsay ကို ဆက်သွယ်နိုင်ပါတယ်....း)
internet/en.fishki/dailymail/ By Ko Myo
http://lwanmapyay.blogspot.com
http://lwanmapyay.blogspot.com
- (အရှေ့သို့) အကောင်းဆုံး မိတ်ဆွေ.... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ထွေရာလေးပါး...၈၆ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို