Aperture နှင့် iPhoto နေရာတွင် Photos app ဖြင့် အစားထိုးရန် Apple စီစဉ်

Apple သည် OS X အတွက် iPhoto နှင့် Aperture app ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုကို ရပ်ဆိုင်း ပြီး ၎င်း၏နေရာတွင် WWDC ပွဲ၌ မိတ်ဆက်ပေးခဲ့သော iPhotos app သစ်ဖြင့် အစားထိုးရန် စီစဉ်လျက် ရှိသည်။
OS X အတွက် Photos app ကို လာမည့်နှစ်မှသာ အသုံးပြုနိုင်ဖွယ်ရှိသော်လည်း ပရော်ဖက်ရှင်နယ် ဓာတ်ပုံပြုပြင်နိုင်သည့် Aperture ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ကြောင်း Apple က ဆိုခဲ့သည်။
“Photos app နဲ့ iCloud Photo Library တို့က iCloud မှာရှိတဲ့ ဓာတ်ပုံအားလုံးကို လုံလုံခြုံခြုံနဲ့ သိမ်း ပေးနိုင်သလို သိမ်းဆည်းထားတဲ့ ဓာတ်ပုံတွေကိုလည်း ဘယ်နေရာကမဆို အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် Aperture အတွက် တီထွင်ဆန်းသစ်မှုကို ဆက်လက်ဆောင်ရွက်တော့မှာ မဟုတ်ပါဘူး။ OS X အတွက် Photos app ကို လာမယ့်နှစ်မှာ တင်ပို့ရောင်းချတဲ့အခါ သုံးစွဲသူတွေအနေနဲ့ Aperture library တွေကို Photos for iOS ထံ ပြောင်းလဲ အသုံးပြုနိုင်ပါလိမ့်မယ်” ဟု Apple ၏ ကြေညာချက်တွင် ဖော်ပြ ခဲ့သည်။
ထို့အပြင် Apple သည် Apple iLifte suite တွင် ဆယ်စုနှစ်ကြာ ထည့်သွင်းခဲ့သည့် iPhoto ဖွံ့ဖြိုးတိုး တက်မှုကိုလည်း ရပ်ဆိုင်းမည် ဖြစ်သည်။ Photos app အသစ်တွင် iPhotos feature အများအပြား ပါဝင်လာသောကြောင့် သုံးစွဲသူများအနေနှင့် iOS 8 ကဲ့သို့ တူညီသော အတွေ့အကြုံများဖြင့် အသုံးပြုနိုင် မည်ဟု သိရသည်။
Ref: CultOfMac
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) အခြေခံပညာ သင်ရိုး၌ မိုဘိုင်း ဖုန်းစနစ်နှင့် အင်တာနက် စနစ်အကြောင်း ပါဝင် JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) West Cheshire College, UK မွ ပေးအပ်မည့် ဒီပလိုမာများ ပြည်တွင်း၌ တက်ရောက်နိုင်မည် JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...