ကြာကြာဝါးမည့် သွားများ ကျန်းမာရေး

ဆိုရီယွန် သွားဖုံးရောင်သော ရောဂါသည် သာမန် သွားဖုံးသားများ နီမြန်းဖောင်းကြွ ရောင်ရမ်းခြင်း ဖြစ်ပါသည်။
ရောဂါ ဖြစ်နေသော သွားဖုံးသားများ အကြောင်းကို မတင်ပြမီ ရောဂါ ကင်းရှင်း၍ ကျန်းမာနေသော သွားဖုံးသားများ အကြောင်းကို တင်ပြလိုပါသည်။
သွားဖုံးများသည် သွားပေါ်တွင် ကပ်တင် နေသည်မှာ ညီညာ သေသပ်စွာ တည်ရှိနေပြီး သွားဖုံးသား များသည် ပန်းနုရောင် သန်းနေ စေရမည်။
(တစ်ဦးနှင့်တစ်ဦး အသားအရေပေါ် မူတည်၍ ခြားနားတတ်ပါသည်။)
သွားတိုက်လျှင် သွားဖုံး သားများကို တိုက်မိခြင်းဖြင့် သွေးမထွက် နိုင်ခြင်း သည်လည်း ကျန်းမာသော သွားဖုံး၏ အင်္ဂါရပ် တစ်ခုဖြစ်သည်။
သွားပေါ်တွင် ကပ်တင် နေသော သွားချေး၊ ဗက်တီးရီးယား ပလပ်များနှင့် ထိုမှတစ်ဆင့် ဆင့်ပွား ဖြစ် လာသော သွားကျောက်များ ကြောင့်လည်း သွားဖုံးရောဂါ ဖြစ်ပေါ်လာစေ တတ်ပါသည်။
ထိုထက် ဆိုးရွားလာလျှင် သွားကို အထောက်အပံ့ ပြုသော အရိုးများ၊ သွားဖုံးရိုးနှင့်သွားကို တွယ်ဆိုင်း ထားသော ကြိုးများ ပျက်စီး စေခြင်းဖြင့် သွားရိုးနှင့် သွားဖုံးများ နိမ့်ကျ လာစေပြီး ရေစီးကမ်းပြို ရောဂါ ဖြစ်တတ်ပါသည်။
ထို့ကြောင့် စနစ်မှန် သွားတိုက်နည်းနှင့် သွားကြားများအား သန့်ရှင်းသော ကြိုးများကို အသုံးပြု၍ စနစ် တကျ ဖယ်ရှားသင့်ပါသည်။
သွားဖုံးရောင် ရောဂါတွင် ခံတွင်း အရသာ မကောင်းခြင်းကို ခံစားရတတ် ပါသည်။ ခံတွင်းအနံ့ မကောင်း ခြင်း၊ သွားနှင့် သွားဖုံးကြားတွင် ဗက်တီးရီးယား ပလပ်များနှင့် သွားဖုံးကြားတွင် ကျောက်များ ရှိနေခြင်း ကြောင့် သွားဖုံးသားများ နီမြန်းဖောင်းကြွ နေခြင်း၊ သွားဖုံးသားများ မညီမညာ ဖြစ်လာခြင်း စသည်တို့ ဖြစ်စေပါသည်။
စနစ်မှန်မှန် သွားတိုက်နည်းကို အသုံးပြုခြင်း၊ အာလုတ်ကျင်း ဆေးရည်ကို အသုံးပြု ဆေးခြင်း၊ သွား ကျောက်ကို ခြစ်ပေးခြင်း၊ သွားကြားကို သန့်ရှင်းစေခြင်းတို့ကို ကုသမှုအဖြစ် အသုံး ပြုနိုင်သည်။
မည်သည့် နိုင်ငံတွင်မဆို ကျေးလက်ဒေသများ၌ အစွမ်းထက်သော တိုင်းရင်းဆေးမြစ်ရှိပြီး ဆေးနည်း များအဖြစ် လက်ခံသုံးစွဲကြပြီး သုံးစွဲဆဲလည်း ဖြစ်ပါသည်။
ခေတ်ပေါ်ဆေးခန်း၊ ဆေးရုံများနှင့် အလှမ်းကွာဝေးသော ကျေးလက်နေ ပြည်သူများအဖို့ မိမိတို့ ပတ်ဝန်း ကျင်ရှိ သဘာဝ အလျောက် ပေါက်ရောက်နေသော တော တွင်းမှ ဆေးဖက်ဝင် အပင်များကို အားကိုး ကြရပေသည်။
ဘိုးစဉ် ဘောင်ဆက်မှစ၍ လက်ကိုင် အသုံးပြုခဲ့ကြသည့် ဆေးပင်၊ ဆေးမြစ်များသည် ရောဂါကုသရေးနှင့် ကျန်းမာရေး တိုးတက်မှုတွင် အစွမ်းထက်မြက် ကြပါသည်။
မြန်မာ့ ဆေးပညာတွင်လည်း သွားနှင့်ခံတွင်း ရောဂါကင်းစေသော တိုင်းရင်း ဆေးပင်များ ရှိကြပါသည်။
သွားဖုံးရောင် ရောဂါ ကုသရေးတွင် မြန်မာ့ရိုးရာ အစဉ်အလာ အသုံး ပြုခဲ့သော ဆေးနည်း တစ်လက်ကို တင်ပြလိုပါသည်။
ယင်းမှာ နန်းလုံးကြိုင် အခေါက် တစ်ကျပ်သားကို ထုထောင်း၊ ရေတစ်ဆယ် သားနှင့် ပြုတ်ပါ။
ပြုတ်ဆေးရည် ထက်ဝက် ကျန်ပါကဖန်ဆေးရည် အဖြစ် ပလုတ် ကျင်းပေးခြင်း၊ ဆေးရည်ကို ငုံပေးခြင်း ပြုလုပ်ပါ။ နံနက်၊ နေ့လယ်၊ ညနေအိပ်ရာ ဝင်ခါနီး အသုံး ပြုပေးပါ။ ဆေးကို တစ်ပတ်အထိ အသုံး ပြုပေး ပါ။
ဤဆေးရည်သည် သွားနာကျင်ခြင်း၊ သွားဖုံးများ ရောင်ခြင်း၊ သွားဖုံး ပြည်ယိုခြင်း၊ သွေးယိုခြင်းတို့ အတွက် လက်တွေ့ဆေးတစ်လက် ဖြစ်ပါသည်။
ခန္ဓာကိုယ် ကြီးထွား ကျန်းမာ ကြံ့ခိုင်ရေးအတွက် အစာအာဟာရ ပြည့်ဝစွာ ရရှိရန် လိုအပ်ပါသည်။
အစာအာဟာရကို ကြေညက်စွာ ဝါးစား နိုင်စေရန် သွားများ ကျန်းမာစွာ ရှိနေရန် လိုအပ်ပါသည်။
ထို့ကြောင့် သွားနှင့်ခံတွင်း ကျန်းမာရေးကို အထူးဂရုပြုသင့် ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
Written by ရွှေကူ (မြ၀တီ)
ကျန်းမာရေးသတင်းများ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ခေါက်ဆွဲတောင်းစားရာမှ ပြသနာတက်ပြီး လူမြင်ကွင်းတွင် ရင်ဘက်ကိုခွဲကာ နှလုံးကိုထုတ်ယူ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) အားဖြည့် အချိုရည်နှင့် လူ့ကျန်းမာရေး Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ