နိုင်ငံခြားဖျော်ဖြေပွဲ မသွားခင် တစ်ကိုယ်တော် အခွေ ထွက်မယ့်စိုးသူ

သရုပ်ဆောင်၊ အဆိုတော် စိုးသူက သူ့ရဲ့ ၁၂ခွေမြောက် တစ်ကိုယ်တော် ကိုယ်ပိုင် သံစဉ် သီချင်းခွေကို စက်တင်ဘာလမှာ သွားရောက် ဖျော်ဖြေ မယ့် နိုင်ငံခြားဖျော်ဖြေပွဲ မတိုင်မီ Audio CD ထွက်ရှိအောင် ကြိုးစားဆောင် ရွက်နေတယ် လို့ ပြောပါတယ်။
ရန်ကုန်ရှိုးနဲ့ မန္တလေး ရှိုးပွဲနှစ်ပွဲကို လည်း အခွေ ထွက်နိုင်အောင် ကြိုးစားနေ ပြီး နှစ်ခွေ စလုံးကို ပြိုင်တူ လုပ်နေပေမယ့် ကိုယ်ပိုင်သံ စဉ် သီချင်းခွေကို ဆက်တိုက် ပိုလုပ်ဖြစ် နေတာကြောင့် မြန်မြန်ဆန်ဆန်နဲ့ အခွေထွက် ရှိလာနိုင်ကြောင်း စိုးသူ က ပြောပါတယ်။အခွေကို စောင့်ဆိုင် နေတဲ့ ပရိသတ်တွေကို စိုးသူက....
"အားလုံးစောင့်ရ ကျိုးနပ် အောင် ကြိုးစားပြီး စီစဉ်နေပါတယ်။ စောင့်ရ ကျိုးနပ်မယ် လို့လည်း မျှော် လင့်ပါ တယ်။ ကြိုးလည်း ကြိုးစားနေ ပါတယ်" လို့ ပြောပါတယ်။
သရုပ်ဆောင် လုပ်ဖို့လည်း အား လုံးက ဝိုင်းဝန်း တိုက်တွန်းနေကြတာ ကြောင့် သရုပ်ဆောင်အလုပ်ကို လည်း ပြန် လုပ်ဖို့စီစဉ်နေကြောင်း စိုးသူက ပြောပါ တယ်။
ပေါ်ပြူလာဂျာနယ်ရဲ့ ၁၇နှစ်ပြည့် ဆုတောင်းအနေနဲ့ စိုးသူက...
"ပေါ်ပြူလာဂျာနယ်က စိတ် လည်း ရှည်တယ်။ ကြိုးလည်း ကြိုး စားတယ်။ ကြိုးစားတဲ့ အတွက် ကြိုး စားတဲ့ အတိုင်း စေတနာ နဲ့ ရလာဒ် အသီးအပွင့်တွေ ခံစားရတယ်လို့ ပြောရမယ်။ ပေါ်ပြူလာကို လူတွေ သိ တယ်။ အားပေးကြတယ်။ ကျွန် တော်လည်း အားပေးပါတယ်။ အဲဒီအတွက် ပေါ်ပြူလာဂျာနယ် အမြဲတမ်း တိုးတက်အောင်မြင် တည်တံ့ခိုင်မြဲ အဆင်ပြေပါစေ။ ပေါ်ပြူလာ ဂျာနယ်မိသားစုတွေ အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ဆု တောင်း ပါတယ်။ ၁၇နှစ်ဆိုတော့ ဆယ်ကျော်သက် အရွယ်ကျော်ကျော် လေးပေါ့။ ကျွန်တော် သီချင်းဆိုခဲ့ဖူး တယ်လေ။ ကျွန်တော့် စတုတ္ထမြောက် တစ်ကိုယ်တော် စီးရီးအခွေကလည်း ဆယ်ကျော်သက်ပဲလေ။ ဆယ်ကျော် သက် ၁၆၊ ၁၇၊ ၁၈ ဆိုတာ အကောင်း ဆုံးအရွယ်ပဲ။ ပေါ်ပြူလာက တကယ့် အတက်ကြွဆုံး၊ နုပျိုအလန်းဆန်း ဆုံးနဲ့ သစ်လွင်တောက်ပဆုံး အနေ အထားဖြစ်တော့ ကောင်း ပါတယ်"လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) နိုင်ငံခြားသင်္ဘော အမြန်တက်ခွင့် ရစေသောယတြာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ
- (အနောကျသို့) သက်တမ်းအရှည်ဆုံး အသက်မွေးဝမ်းကြောင်း အတွက် တိုက်ပွဲဝင်ခြင်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ