(၆၈) နှစ် အတွင်း တစ်ရက်တောင် မခွဲခဲ့ဖူးတဲ့ ဇနီးမောင်နှံ

အေသင်အောင်
အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ နေထိုင်တဲ့ ဇနီးမောင်နှံဟာ (၆၈)နှစ်အတွင်း တစ်ရက်တောင် မခွဲခဲ့ တဲ့အထိ ချစ်ကြိုက် ကြင်နာခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီဇနီး မောင်နှံဟာ သေဆုံးတဲ့ အခါမှာလည်း တစ်ဦးနဲ့တစ်ဦး (၁၀)နာရီသာ အချိန်ကွာဟခဲ့တာမို့ ပိုပြီး အံ့အား သင့်စရာ ဖြစ်ခဲ့ရပါတယ်။ အသက် (၉၁) နှစ်ရှိနေပြီဖြစ်တဲ့ ဂျော့ဒေါ့တီဟာ ရင်ဘတ်အောင့် ဝေဒနာ ကြောင့် အရေးပေါ် ကုသမှုခံ ယူနေရစဉ် မှာ ဇနီးဖြစ်သူ အသက် (၉၂)နှစ် အရွယ် ဒိုရိုတီဟာ အဖျားရော ဂါကြောင့် အရင် ကွယ်လွန်သွားခဲ့ပါတယ်။ ဒိုရိုတီဟာ ဇွန်လ(၁)ရက်နေ့မှာ ကွယ်လွန်သွား ခြင်းဖြစ်ပြီး နောက်ထပ် (၁၀) နာရီ အကြာမှာ ခင်ပွန်းဖြစ်သူ ဂျော့ဒေါ့တီကလည်း ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဂျော့ဒေါ့တီဟာ ဒိုရိုတီ ရဲ့ ဒုတိယခင်ပွန်းသာ ဖြစ်ပါတယ်။ ဒိုရိုတီရဲ့ ပထမခင်ပွန်းဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။
ဂျော့ဒေါ့တီနဲ့ ဒိုရိုတီရဲ့ ပထမခင်ပွန်းတို့ဟာ သူငယ်ချင်းတွေဖြစ်ကြပြီး အရင်ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဒိုရိုတီ ရဲ့ ခင်ပွန်း ကွယ်လွန်ပြီး လေးလအကြာမှာ ဂျော့ဒေါ့တီ လက်ထပ်ခွင့် တောင်းခဲ့တာဖြစ်ပါတယ်။ ဂျော့ဒေါ့တီတို့ဟာ ဘ၀ကို အေးဆေးစွာ ဖြတ်သန်းရင်း နေထိုင်ခဲ့ကြ ပါတယ်။ လက်ထပ်ပြီးတဲ့ နောက် ကလေးနှစ်ဦး၊ မြေး ငါးဦး၊ မြစ်နှစ်ဦး တို့ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကာလတွေမှာ သူတို့ ဇနီးမောင်နှံဟာ မင်္ဂလာ နှစ်ပတ် လည် အခမ်းအနားတွေ ကိုလည်း အမြဲတမ်း ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ သားဖြစ်သူ ပေါလ်က လူတွေက အဖေနဲ့ အမေ နောက်ဆုံးအချိန်အထိ ဘ၀ကို တည်ငြိမ်စွာ ဖြတ်သန်းခဲ့တာ အရမ်းအံ့အားသင့်နေကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော့်အဖေနဲ့ အမေဟာ မိသားစု တန်ဖိုးကို အရမ်းအလေးထားပါ တယ်။ လက်ထပ်ခဲ့တဲ့ (၆၈)နှစ်တာ ကာလအတွင်း တစ်ရက်တောင် မခွဲဘဲ အမြဲတမ်း အတူတကွ နေထိုင်ခဲ့တာပါ လို့ ပြောသွားခဲ့ပါတယ်။ အရမ်းချစ်ကြ တဲ့ ဇနီးမောင်နှံရဲ့ နောက်ဆုံးခရီးကိုလည်း အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးခဲ့ပြီး အသုဘ အခမ်းအနားမှာ အခေါင်းတွေ ကို ဘေးချင်းယှဉ်ထားပေး ခဲ့တယ်လို့ သိရပါတယ်။
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ပညာစီမံခန့်ခွဲမှု (သို့) အထက်မြက်ဆုံး ဆောင်ရွက်ခြင်း Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) ပုဂ္ဂလိကကျောင်း တစ်ရာကျော် လိုင်စင်ချပေး၊ ကျောင်းပေါင်း ၂၈၀ ကျော် ရှိလာ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ