အကြွေးများနေသူများအတွက် အဓိဋ္ဌာန်

တစ်နေ့သ၌ လွန်စွာ အကြွေးများ၍ ဒုက္ခရောက်နေသော အသက်(၄၀)ခန့် ခပ်နွမ်းနွမ်း အမျိုးသမီးတစ် ယောက်သည် ကျွန်ုပ်၏ ဗေဒင် လက္ခ ဏာ ဟောခန်း အတွင်းသို့ ရောက်ရှိ လာလေ သည်။ သူမ ၏ ဇာတာအား ကျွန်ုပ်ကို တွက်ခိုင်းလေ၏။ ကျွန်ုပ် ကလည်း ပြည့်ပြည့် စုံစုံ ဟောပေးလိုက်၏။ သူမသည် ကျွန်ုပ် ဗေဒင်ဟောေ ပးသည် ကို ကောင်းစွာ ကျေနပ် သွားပြီးနောက် ဗေဒင်ကတော့ ဟောပြီးပါပြီ။ ကျွန်မကို ယတြာလေး ဘာလေး ပေးပါဦးဟု ယတြာတောင်းလေ၏။ ထိုအခါ ကျွန်ုပ်က ဘာအတွက် ယတြာ လိုချင်တာလဲဟု ပြန်မေးလိုက်ရာ ထိုအမျိုးသမီးက
အကြွေးပေါ့ ဆရာရယ်။ အကြွေးလေးတွေ ကျေချင်တယ်။ အစတုန်း ကတော့ အကြွေးက ဒီလောက် မများပါဘူး။ နောက်တော့ အတိုးပေါ် အတိုးဆင့်ပြီး အရမ်းများ လာတာပါပဲ။ ဆပ်လို့ ကျေပဲ မကျေနိုင် တော့ပါဘူး။ ဒီလူကို အတိုးဆပ်ဖို့ ဟိုလူဆီက ချေးလိုက်တယ်။ ဟိုလူကို အတိုးပေးဖို့ နောက်တစ်ယောက် ဆီက ယူတယ်။ အဲဒီလိုနဲ့ပဲ အကြွေးတွေ များလာ တော့တာပါပဲ။
အခုဆိုရင် ကျွန်မ အကြွေး တွေဆပ်လာတာ (၃)နှစ်တောင်ရှိပြီ။ ဒီတသက်တော့ ကျေနိုင် ပါဦးမလား ဆရာလေးရေ”” ဒီလောက် တောင် အကြွေများတာ ထွက် မပြေးချင် ဘူးလားဗျဟုေ မးလိုက်ရာ အမယ်လေး ဆရာရယ် မပြေးပါဘူး။ သူများ ပိုက်ဆံ ယူပြီးရင် ပေးရမှာပေါ့။ ကျေအောင် ဆပ်မှာပါ။ ကျွန်မက သံသရာ အထိ ယူမသွားဘူးလို့ ဆုံးဖြတ်ထားတယ်။
အခုလာတာ အကြွေးရှင်တွေက အကြွေး မတောင်းအောင် ယတြာ လာချေခိုင်းတာ မဟုတ်ပါဘူး။ သူများ အကြွေးတွေကို ကျွန်မတို့ မိသားစု အားကြိုးမာန်တက် ဆပ်နေတဲ့ အချိန်မှာ အထောက်အပံ့ ရအောင် ကံမနိမ့်အောင် အခွင့်အလမ်း လေးတွေရအောင် အန္တရာယ် ကင်းအောင် အဆောင်လေး ယတြာလေး လာတောင်းတာပါ ဆရာရယ်။
ဘ၀ ဆိုတာကတော့ ဒီလိုပဲပေါ့ ဆရာရယ်။ ဘယ် ချောမွေ့ပါ့မလဲ။ ရေစီးတခါ ရေဆန်တလှည့်ပေါ့။ လောကဓံ တရား(၈)ပါးနဲ့ ကြုံဆုံလာတဲ့ အခါ မတုန်လှုပ်ရဘူးလို့  ကျွန်မတို့ရဲ့ ရှင်တော် ဗုဒ္ဓက ဟောခဲ့တဲ့ တရားတော်လည်း မင်္ဂလသုတ် ထဲမှာ ရှိနေတာပဲ မဟုတ်ဘူးလားဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က
ကဲ ဟုတ်ပါပြီဗျာ.. အမျိုးသမီး တယေက်အနေနဲ့ လောကဓံကို အန်တုမဲ့ စိတ်ဓါတ်ကိုတော့ ကျွန်တော် အများကြီး လေးစားပါတယ်။ ဘ၀တိုက်ပွဲမှာ ရှေ့တန်းက မတွန့်မဆုတ် တိုက်ပွဲ ၀င်နေတဲ့ အမကို လိုအပ် တဲ့ အဆောင်တွေ ယတြာတွေ အားလုံး ပြည့်ပြည့်စုံစုံ ဆောင်ရွက် ပေးလိုက်ပါမယ်။
တစ်ခုတော့ ကိုယ်တိုင် လုပ်ရမယ်။ အဲဒါကတော့ ခင်ဗျား ကိုယ်တိုင် ဂါထာတပုဒ်ကို အဓိဌာန်နဲ့  ရွတ်ပေး ရမယ်။ ပုတီးတွေ ဘာတွေ စိပ်နိုင်ရင်တော့ ပိုကောင်း တာပေါ့ဗျာ။ အဲဒီ ဂါထာက “အကြွေး ကင်းတဲ့ ဂါထာ ၊ အကြွေး ကျေတဲ့ ဂါထာ”ပဲ။ ဘယ်လောက် ကြာကြာ လုပ်ရမလဲ ဆိုရင်တော့ ရက် အကန့်အ သတ် မရှိဘူး။ စိတ်ပါလက်ပါသာ အကြွေးကျေတဲ့ အထိ ဆောင်ရွက်ပေါ့ ဟုပြောကာ အောက်ပါဂါထာ ကို ပေးလိုက်လေ တော့သတည်း။
မရှိဟူသောစကား၊ ပေးပါဟူသောစကား မပြောဆို မကြားလိုသောဆုတောင်းဂါထာ
နတ္ထီတိ ၀စနံ ဒုက္ခံ
ဒေဟီတိ ၀စနံ တထာ
တသ္မာ နတ္ထီတိ ဒေဟီတိ
မာမေ ဟောတု ဘ၀ါဘဝေ
အထက်ပါကို နေ့စဉ်ပုံမှန် ပုတီးစိပ် အဓိဋ္ဌာန် ရွတ်ဖတ်ပေးပါက သင်၏ ဆပ်လို့ မကျေနိုင်တော့ဘူးဟု ထင်ထားသော အကြွေးများသည် လွယ်လွယ်ကူကူ သိသိသာသာ လျှင်လျှင်မြန်မြန် ဆပ်ကျေသွားနိုင် ပါလိမ့်မည်။ ယုံကြည် လေးနက်စွာ ဆောင်ရွက်ကြပါကုန်..
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) မႀကာခဏ ကိုယ်ဝန်ပျက်ကျသော မိန်းမ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) နိုင်ငံခြားသင်္ဘော အမြန်တက်ခွင့် ရစေသောယတြာ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ