စပါးအုံးမြွေ နဲ့ ဖားတို့ ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့

အေသင်အောင်
ပုံမှန်အားဖြင့်မြွေနဲ့ဖားတို့ဟာ သင့်မြတ်လှခြင်း မရှိပါဘူး။ မြွေဟာ ဖားကို သူ့ရဲ့ အစာအဖြစ်သာ သတ် မှတ်ထားလေ့ရှိပါတယ်။ ဒါကြောင့်မို့ ဖားတွေဟာ မြွေတွေနဲ့ ဝေးရာမှာ နေထိုင်လေ့ရှိပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ တိရိစ္ဆာန်ရုံ တစ်ရုံမှာတော့ စပါးအုံမြွေနဲ့ အစိမ်းရောင်ရှိတဲ့ ဖားတို့ ဟာ ချစ်ခင်ရင်းနှီးစွာ နေထိုင်နေတာကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ သေးငယ်လှတဲ့ အုန်းပင် ပေါ်မှာ မြွေကတွဲလောင်း အနေအထားနဲ့ ရှိနေပြီး ဖားက မြွေပေါ်ကို တက်ရောက်နေခြင်း ဖြစ်ပါတယ်။ ဒီမြင်ကွင်းကို ဓာတ်ပုံဆရာဖာမီက တွေ့ရှိခဲ့ပြီး မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။ ဖာမီရဲ့အဆိုအရ မြွေ ဟာ (၃)ပေနီးပါးလောက် ရှိပါတယ်။ ဒီမြင်ကွင်းကို မြင်တွေ့ပြီးနောက်ပိုင်းမှာ ဖာမီဟာ စိုးရိမ်ပူပန်ခဲ့ပြီး တာဝန်ရှိသူတွေကို သွားရောက် အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ ဖားနဲ့မြွေတို့ဟာ ဘာပြဿနာမှမရှိဘဲ အေးချမ်းစွာ နေထိုင်သွားခဲ့ကြပါတယ်။
အသက်(၃၉)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဖာမီက ကျွန်တော့်အနေနဲ့ ဖားကို မြွေက မျိုချလိုက်မှာ စိုးရိမ်ခဲ့ပါ တယ်။ ဒါပေမဲ့ မြွေဟာ ဖားကို ဘာမှ မလုပ်ခဲ့ပါဘူး။ ဖားနဲ့မြွေတို့ဟာ အနီးကပ် နေထိုင်နေကြပေမယ့် ဘာမှ မဖြစ်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ ဖားဟာ မြွေနဲ့ ဝေးရာကို ထွက်သွားခဲ့ပါတယ် လို့ ပြောသွား ခဲ့ပါတယ်။
- (အရှေ့သို့) ဧရာဝတီဘဏ္က အင်တာနက်ဘဏ် ဝန်ဆောင်မှု စတင် ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်
- (အနောကျသို့) ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်