IATSS Forum (ခေါင်းဆောင်မှုသင်တန်း) အတွက်လျှောက်လွှာများ ခေါ်ယူ

ဂျပန်နိုင်ငံတွင် ASEAN လူငယ်များနှင့်အတူ သင်ယူလေ့လာနိုင်မည့် IATSS Forum (ခေါင်းဆောင်မှု သင်တန်း) အတွက်လျှောက်လွှာများ စတင်လျှောက်ထားနိုင်ကြောင်း သိရသည်။
ရည်ရွယ်
IATSS Forum တွင် တက်ရောက် ပါဝင်ခွင့်ရှိသော အာဆီယံနိုင်ငံ အသီးသီးမှ လူငယ်များသည် တိုးတက် လျက်ရှိသည့် ဂျပန်နိုင်ငံ၏ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု အခန်းကဏ္ဍများကို လေ့လာကာ နားလည် သဘောပေါက်ပြီးနောက် မိမိတို့၏မိခင်နိုင်ငံ တိုးတက်ကြီးပွားရေးအတွက် နက်ရှိုင်းသောအမြင်၊ ကျယ်ပြန့်သော ရှုထောင့်မှ ပါဝင် လှုပ်ရှားဆောင်ရွက်နိုင်စေရန် ရည်ရွယ်ထား သည့် ဖိုရမ်တစ်ခုဖြစ်ကြောင်း သိရသည်။
လျှောက်ထား
IATSS Forum သည်တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပကာ တစ်ကြိမ်လျှင် ASEAN နိုင်ငံအသီးသီးမှ လူငယ်နှစ် ဦးစီ၊ နိုင်ငံပေါင်း ကိုးနိုင်ငံမှစုစုပေါင်း ၁၈ ဦးပါဝင်တက်ရောက်နိုင်ကြောင်း၊ ၂၀၁၅ ခုနှစ်အ တွင်း ဖွင့်လှစ် မည့် (၅၃) ကြိမ်မြာက်နှင့် (၅၄) ကြိမ်မြောက် သင်တန်းများအတွက် လျှောက်လွှာများကို စတင်လျှောက် ထားနိုင်ပြီ ဖြစ်သည်။
ကျခံမည်
IATSS Forum နှီးနှောဖလှယ်ပွဲအတွက် အရွေးချယ်ခံရသူများအား ဂျပန်နိုင်ငံသို့ အသွားအပြန် လေယာဉ်ခနှင့် နေထိုင်စားသောက်စရိတ်များကို ဂျပန်ဘက်မှကျခံမည်ဟု သိရသည်။
ပေးပို့
လျှောက်လွှာများကို မင်းရဲကျော်စွာလမ်းရှိ UMFCCI (သို့) aim.iatss@gmail.com"> aim.iatss@gmail.com သို့လာရောက် တောင်းယူနိုင်ပြီး ဇွန် ၃၀ ရက်နောက်ဆုံးထားပေးပို့ရမည် ဖြစ်သည်။
စံတော်ချိန်သတင်းစာ
ဇွန် (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Android Wear မောင်းနှင်သည့် Samsung Gear Live နှင့် LG G Watch စမတ်နာရီများကို ကြေညာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) ဈေးပေါသော USB အားသွင်းစက်များ အသုံးပြုမှုကို ဩစတြေးလျ သတိပေး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...