ဖုန်း application မှ လိင်ဆက်ဆံဖက် ရှာဖွေသူ များအကြား ရောဂါကူးစက်မှု များလာ

Health Updates Journal No. 123
အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှု ပြုလုပ်သူများအနက် မိမိတို့ လိင်ဆက်ဆံဖက်ကို ဖုန်း application များမှတစ်ဆင့် ရှာဖွေသူများသည် လူချင်းတွေ့ဆုံ၍ဖြစ်စေ၊ လူမှုကွန်ယက်များမှဖြစ်စေ ရှာဖွေသူများထက် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုကူးစက်ခံနေရကြောင်း သုတေသနတစ်ခုအရ သိရသည်။
အင်တာနက် အသုံးပြုမှုနှင့် လူမှုကွန်ယက်များ ကြီးထွားလာမှုကြောင့် လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် လွယ်ကူလာပြီး ဆက်သွယ်စရာ သီးသန့် ဖုန်း application များ ထွက်ပေါ်လာသည်အထိ ချဲ့ထွင်လာကြ သည်။ ၎င်းင်းတို့အထဲတွင် လူတစ်ဦးချင်း၏ တည်နေရာကို ကိုယ်တိုင်ဖော်ပြထားနိုင်ပြီး အခြားသူများကို ဖိတ်ခေါ်နိုင်သည့် ပထ၀ီလူမှုကွန်ရက် (geosocial networ king – GSN) application များလည်း ထွက် ပေါ် လာလျက်ရှိသည်။ Grindr ၊ Scruff ၊ Recon အစရှိသည့် GSN application များကို အမျိုးသား အချင်းချင်း လိင်ဆက်ဆံသူများအကြား အမည်မဖော်လိုသူ အမျိုးသားအချင်း ချင်းတွေ့ဆုံနိုင်ရန် အများ ဆုံးအသုံး ပြုကြသည်။
၂၀၁၁ သြဂုတ်လမှ ၂၀၁၃ ဇန်န၀ါရီလအတွင်း HIV ကင်းစင်သော အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူ (၇၁၈၄) ဦးထံမှ သတင်း အချက်အလက်များကို အင်တာဗျူး ပြုလုပ်၍ စုဆောင်းခဲ့သည်။ (၃၄) ရာခိုင်နှုန်း မှာ လူချင်းတွေ့ဆုံ၍ အချိန်းအချက်ပြုလုပ်ကြပြီး (၃၀) ရာခိုင်နှုန်းမှာ လူချင်းတွေ့သည့် နည်းနှင့် အင်တာ နက်မှ ဆက်သွယ်နည်းနှစ်မျိုးစလုံး အသုံးပြုကြသည်။ (၃၆) ရာခိုင်နှုန်းမှာ ဖုန်း application များအသုံးပြု ၍ ဆက်သွယ်ကြသည်။
၎င်းတို့အနက် ဖုန်း application များ အသုံးပြုဆက်သွယ်သူများသည် အခြားသူများထက် ဂနိုရောဂါ ကူးစက်ခံရမှု (၂၃) ရာခိုင် နှုန်းပိုမိုများပြားပြီး chlamydia ပိုးကူးစက်ခံရမှု (၃၅) ရာခိုင်နှုန်း ပိုမိုများပြား သည်ကို တွေ့ရသည်။ ဖုန်း application များသည် အထူးသဖြင့် အသက်(၄၀) အောက် အမျိုးသား အချင်းချင်း လိင်ဆက်ဆံသူများအကြား ပိုမိုရေပန်းစားသည်ကိုတွေ့ရပြီး လူဖြူများနှင့် အာရှနွယ်ဖွားများ ပိုမိုအသုံးပြုကြသည်။
ဖုန်း application များသည် အခြားနည်းလမ်းများထက် အသုံးပြုရ ပိုမိုလွယ်ကူခြင်းကြောင့် ဖုန်း application သုံးသည့် အမျိုးသားများအကြား တွေ့ဆုံမှုအကြိမ်ရေ ပိုမိုနိုင်ပြီး လူပေါင်းစုံနှင့်တွေ့ ဆုံနိုင် ရန် အခွင့်အလမ်းပိုများခြင်းကြောင့် ရောဂါကူးစက်မှု ပိုများခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက ယူဆကြသည်။
ဇော်ကို
Ref:NMD
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) အမ်ိဳးသားမ်ားက အမျိုးသမီးများထက် ချစ်ပွဲဝင်နေစဉ် ခေါင်းကိုက်ခြင်းကို ပိုခံစားရ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ
- (အနောကျသို့) မိမိအမျိုးသမီး အိမ်ထောင်ရေးအပေါ်တွင် သာယာမှုရှိ မရှိ ဘယ်လိုခန့်မှန်းနိုင်မလဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ