ဧရာဝတီဘဏ်က အင်တာနက်ဘဏ် ဝန်ဆောင်မှု စတင်
.jpg&container=blogger&gadget=a&rewriteMime=image%2F*)
pic;www.abiederman.com
ရန်ကုန်၊ ဇွန် ၂၉
အင်တာနက်လိုင်းမိသော ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းများဖြင့် ဘဏ်အပ်ငွေစာရင်း အချင်းချင်း ငွေလွှဲ ပြောင်းနိုင်ခြင်း၊ ငွေစာရင်းရှင်းတမ်းများ ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်သည့် အင်တာနက်ဘဏ် ဝန်ဆောင်မှု ကို ဧရာဝတီဘဏ်တွင် ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရ သည်။
Aya ibanking ဟု အမည်ပေးထားသည့် အဆိုပါ ဝန်ဆောင်မှုကို လုပ်ကိုင်ရန် ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပြီး ဘဏ်တွင် လျှောက်ထားကာ ယင်းဝန် ဆောင်မှု အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဧရာဝတီဘဏ်က ကြေညာသည်။
ငွေလွှဲပြောင်းခြင်းများကို လူကိုယ်တိုင် သွားရောက်ရန် မလိုအပ်ဘဲ အင်တာနက်သုံး၍ ပြုလုပ်နိုင်သည်မှာ ကောင်းမွန်သော်လည်း အင်တာနက်လိုင်း မကောင်း၍ ငွေလွှဲပြောင်းရာတွင် ကြန့်ကြာမှုများ ဖြစ်ပေါ် မည်ကို စိုးရိမ်ကြောင်း ယင်းစနစ်ကို အသုံးပြုရန် စိတ်ဝင်စားသော ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
အင်တာနက် ဘဏ်စနစ်တွင် စာရင်းဖွင့်လှစ်ထားသူများကို အင်တာနက် ဘဏ်စာရင်းဆိုင်ရာ လုံခြုံရေး ပစ္စည်း (Hardware Token) တစ်ခုပေးမည်ဖြစ်ပြီး စာရင်းခိုးယူခံရခြင်း၊ Hack ခြင်းများ ဖြစ်ပေါ်လျှင် လည်း ယင်း Hardware Token မရှိပါက အခြားသူများက အသုံးပြု၍မရနိုင်ကြောင်း ဧရာဝတီဘဏ် မဟာဗျူဟာ စီမံကိန်းဌာနမှ အထွေထွေမန်နေဂျာ ဦးသူရမောင်က ရှင်းပြသည်။
“အင်တာနက်လိုင်း မကောင်းရင်လည်း အကောင့်ကို Log in ပြန်ဝင်ရမယ်။ ငွေလွှဲတဲ့ အပိုင်းတွေမှာ တော့ ပြဿနာ မရှိနိုင်ဘူး။ လုံခြုံရေးပိုင်းကိုလည်း စိတ်ချရအောင် စီစဉ်ထားတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အင်တာနက် ဘဏ်စနစ်ကို ဧရာဝတီဘဏ်က ပထမဆုံးအကြိမ် အကောင်အထည် ဖော်ခြင်းဖြစ်ပြီး မိုဘိုင်းလ်ဖုန်းကို အသုံးပြု၍ ငွေလွှဲပြောင်းခြင်း၊ ငွေလဲနှုန်းများ ကြည့်ရှုခြင်း၊ ငွေစာရင်း စစ်ဆေးနိုင်ခြင်းတို့ ပြုလုပ်နိုင်သည့် မိုဘိုင်းလ် ဘဏ်စနစ်ကိုမူ သမဝါယမ ဘဏ်လီမိတက်၊ အင်းဝ ဘဏ်နှင့် မြဝတီဘဏ်တို့က လုပ်ကိုင်နေသည်။
The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) နာဂစ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ မိုးညအိပ်မက်မြူ ဇာတ်ကားအကြောင်း ပြန်လည်ပြောပြတဲ့ ဒါရိုက်တာကြည်ဖြူသျှင် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) စပါးအုံးမြွေ နဲ့ ဖားတို့ ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ