ကမ္ဘာ့ အကြီးဆုံး ငှက်ရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိ


အေသင်အောင် 
တစ်ချိန်က ကမ္ဘာမှာ နေထိုင်သွား ခဲ့ဖူးတဲ့ ကမ္ဘာ့  အကြီးဆုံး ငှက်အဖြစ် သတ်မှတ်ခံ ထားရဖွယ် ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို သိပ္ပံပညာရှင် တွေက ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။ အခုတွေ့ရှိတဲ့ ငှက်ဟာ ပင်လယ်စင် ရော်ငှက် တွေလိုမျိုး ဖြစ်ဖွယ်ရှိတယ်လို့ သုံးသပ်ထားပါ တယ်။ ဒီငှက်ဟာ ကမ္ဘာ့ တောင်ပိုင်း သမုဒ္ဒရာ က ပင်လယ် စင်ရော်ငှက်တွေထက် အဆမတန် ကြီးမားတယ်လို့ ဆိုထားပါတယ်။ Pelagornis Sandersi လို့ အမည် ပေးထားတဲ့ငှက်ဟာ ပင်လယ် စင်ရော်တွေနဲ့ ဆင်တူပြီး အလေးချိန်က ပေါင် (၁၈၀) နဲ့ အရွယ်အစားက တောင်ပံတွေအပါအ၀င် (၂၄)ပေအထိ ရှိပါတယ်။ ဒီငှက်ဟာ အသက် ရှင် နေထိုင်တဲ့ ငှက်တွေမှာ အကြီးဆုံး ဖြစ်ဖွယ်ရှိပြီး ကောင်းကင်ယံမှာ ကျွမ်းကျင်စွာ ပျံသန်းနိုင်တယ်လို့ သိရပါတယ်။

နှစ်ပေါင်း (၂၅) သန်း သက်တမ်းရှိတဲ့ ဒီငှက်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) က အမေရိကန်ပြည်ထောင်စု ကယ်ရိုလိုင်း နားတောင်ပိုင်းမှာ တွေ့ရှိခဲ့ ပြီးနောက် ထပ်ရှာဖွေတွေ့ရှိခြင်း မရှိလို့ ကွင်းဆက်ပျောက်နေပါတယ်။ ဘရုစ်ပြတိုက်က ပြတိုက်မှူး ဒေါက်တာ ဒင်နီရယ်က ကွန်ပျူတာနဲ့ တွက်ချက်မှုအရ ဒီငှက်တွေဟာ အလွန်ဝေးတဲ့ နေရာတွေကို ပျံသန်းနိုင်စွမ်းရှိကြောင်း၊ တစ်စက္ကန့်ကို (၁၀)မီတာနှုန်းဖြင့် ပျံသန်းနိုင်ကြောင်း၊ မီတာ (၁၀၀)အတွင်း ပြေးနှုန်းကလည်း လူသားတွေထက် ပိုမိုလျင်မြန်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒီငှက်တွေဟာ ကမ္ဘာမြေပေါ်ကနေ ပျောက်သွား တာ နှစ်ပေါင်း သုံးသန်းကျော်ရှိနေပြီး ဘာကြောင့်ပျောက်သွားသလဲဆိုတာကို သိပ္ပံပညာရှင်တွေ အဖြေ မထုတ်နိုင်သေးပါဘူး။

ref;The Messenger
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...