ငါးရှဥ့်ခြောက် စပ်ကြော်

ပါဝင်သော ပစ္စည်းများ

ငါးရှဥ့်အသား သက်သက် - ၂၀ ကျပ်သား ငရုတ်ခြောက် အတောင့်ရှည် - အနည်းငယ်
ကြက်သွန်ဖြူ - အနည်းငယ်
ပဲငံပြာရည်အနောက် - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
ကော်မှုန့် - အနည်းငယ်
ဂျင်း - အနည်းငယ်
ကြက်သွန်မြိတ် - အနည်းငယ်
ဆီ - အနည်းငယ်

ပြင်ဆင်ချက်ပြုတ်ပုံ

အရိုးမပါသော ငါးရှဥ့်ကျပ်တိုက်ကို ပါးပါးလှီးပါ။ ပဲငံပြာရည်အနောက်၊ ဆား၊ ဟင်းခတ်မှုန့်ဖြင့် နယ်ထား ပါ။ ကော်မှုန့်ကို အရည်ဖျော်ထားပါ။ ငရုတ်သီးခြောက်ကို ကြိတ်ထားပါ။ ကြက်သွန်ဖြူ နှင့် ဂျင်းအနည်း ငယ် ထောင်းထားပါ။

ဆီအိုးတည်၍ ဆီကျက်လျှင် နယ်ထားသောငါးရှဥ့်များကို ကော်မှုန့်ထဲနှစ်၍ တစ်ခုချင်းစီ ထည့်၍ကြော်ပါ။ ကြော်ပြီးငါးများကို ဆီစစ်ထားပါ။ ဆီအနည်းငယ်လက်ကျန်တွင် ထောင်းထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ခြောက်များကိုထည့်၍ ဆီသတ်ပါ။ ငရုတ်သီးကျက်လျှင် ကြော်ထားသောငါးကို ထည့်၍ရော ကြော်ပါ။ အပေါ့အငန်မြည်းပြီး ကြက်သွန်မြိတ်အုပ်၍ သုံးဆောင်ပါ။


ref;http://www.shweo.net/recipe/index/view/id/2796
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...