အရက်သမားတွေမှာ အသည်းသာမက အဆုတ်လည်း အဆီဖုံးနိုင်

အရက် အလွန်အကျွံ သောက်သုံးတဲ့ သူတွေမှာ အရက်က တစ်ကိုယ်လုံးမှာ ရှိတဲ့ အစိတ်အပိုင်းတွေကို နည်းအမျိုးမျိုးနဲ့ ဖျက်ဆီးလေ့ရှိပြီး အထူးသဖြင့် အသည်း ပျက်စီးလေ့ ရှိပါတယ်။ 

ဒုတိယ အများဆုံး ကတော့ ကာလကြာရှည် သောက်ထားတဲ့ အရက် သမားတွေက အဆုတ်ရောင် နမိုးနီးယားရောဂါနဲ့ ရုတ်တရက် အသက်ရှူ လုပ်ငန်းစဉ် ပျက်စီးလာခြင်း Acute Respiratory distress Syndrome တွေကို ပိုခံစားရလေ့ ရှိပါတယ်။
 
လေ့လာသူတွေက ဒီလို အဆုတ်ရောဂါ ပိုဖြစ်လွယ်လာတာ အဆုတ်မှာရှိတဲ့ ခုခံအားစနစ်တွေ ကောင်းကောင်း အလုပ်မလုပ်လို့ ဖြစ် နိုင်တယ်လို့ ယူဆခဲ့ပေမယ့် ဘာကြောင့် မလုပ်တာလဲဆိုတာတော့ မသိခဲ့ကြပါဘူး။ Thomas Jefferson University က လေ့လာ သူတွေက ကြွက်တွေမှာ အယ်ကိုဟော ပါတဲ့ အစားအစာကိုကျွေးပြီး ရလဒ်ကိုကြည့်ခဲ့ရာ၊ ယင်းကြွက်ရဲ့ အဆုတ်ကို အသက်ရှူရာမှာ ချောမွေ့ အောင် အချွဲထုတ်ပေးတဲ့ ဆဲလ်တွေက အသည်းဆဲလ်တွေလိုဘဲ အဆီတွေကို ပိုထုတ်လာတာ တွေ့ခဲ့ရပါ တယ်။ အဆီတွေဆိုရာမှာ Triglycerides အဆီတွေကို ၁၀၀%နဲ့ Free Fatty Acid့ တွေကို ၃၀၀% ပိုထုတ်တာ တွေ့ရပါတယ်။အဲဒီလိုအဆုတ်ထဲမှာ အဆီပိုတွေများလာတဲ့အခါ အဆုတ်ရဲ့ ဆဲလ်တွေထဲမှာ ရှိတဲ့ ပိုးမွှားတွေ၊ မကောင်း တဲ့ဆဲလ်တွေကို စားပေးတဲ့ အဆုတ်ခုခံအားစနစ်က စစ်သည်တော် Macrophages တွေက အဆီပိုတွေ ကို လိုက်သိမ်းရပါတယ်။ကြာလာတဲ့အခါ ယင်း Macrophages တွေက ပုံမှန် Macrophages တွေ လောက် ရောဂါပိုးမွှားကို နှိမ်နှင်းနိုင်စွမ်း မရှိတော့တာကြောင့် အဆုတ်ရဲ့ ခုခံအားစနစ်က ယိုယွင်း လာကာ နမိုးနီးယားနဲ့ အခြား အဆုတ်ရောဂါတွေကို ပိုဖြစ်လာစေ ပါတယ်။ တကယ်လို့ လူတွေမှာလည်း ဒီဖြစ်စဉ်လိုဖြစ်ခဲ့မယ်ဆိုရင် အရက်သမားတွေကို အဆုတ်ရောဂါ ကုသရာမှာ အဆီကျဆေးတွေ ထည့်သွင်း သုံးစွဲသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ 


အ၀င်း
Ref;Medindia
Health Updates Journal No. 125
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...