ဘာသာရေးအရ အထွတ်အမြတ် ထားသော ဂင်္ဂါမြစ်ရေက ကင်ဆာဖြစ်စေနိုင်

ဂင်္ဂါမြစ်ဟာ ဟိန္ဒူနဲ့ဗုဒ္ဓဘာသာ ၀င်တွေရဲ့ ဘာသာရေး ကျမ်းတွေမှာ အထင်အရှားပါရှိပြီး ယခုထိလဲ အသက်ဝင်နေဆဲ မြစ်တစ်စင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဟိန္ဒူဘာသာ ၀င်တွေဟာ ဂင်္ဂါမြစ်ရေကို သောက်သုံးခြင်း၊ ချိုးခြင်း၊ ဂင်္ဂါမြစ်ကမ်းဘေးမှာ သင်္ဂြိုဟ်ခြင်းတွေဟာ ဘာသာရေးအရ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ကျန်းမာရေး သုတေသန ပညာရှင် တွေကတော့ အဆိုပါမြစ်ရေဟာ ကင်ဆာဖြစ် စေတဲ့ carcinogens တွေ အမြောက်အများ ပါဝင်နေတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဂင်္ဂါမြစ်ရေနမူနာတွေကို အက်တမ်ဆိုင်ရာ စွမ်းအင်ဌာန (NCCM) မှရယူခဲ့ရာမှာ ခရိုမီယမ်6်သတ္ထုဓာတ် တွေများပြားနေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဟိုက်ဒရာဘတ်မြို့ အခြေစိုက် အဆိုပါ သုတေသနအဖွဲ့ ခေါင်းဆောင် Dr.Sunil Jai Kumar က““ ခရိုမီယမ်ဟာ အသုံးဝင်သလို အဆိပ်ဓာတ် လည်းပါတဲ့ သတ္ထုဓာတ်ဖြစ်ပါတယ်။ ဘာသာရေးအရ အထွတ်အမြတ်ထားတဲ့ ဂင်္ဂါမြစ်ရေဟာ ညစ်ညမ်းမှုကြောင့် ရေ ၁မီလီမီတာမှာ ခရိုမီယမ် ၁နာနိုဂရမ်အထိကို ရောက်ရှိနေပါပြီ။ ဒါဟာ ခွင့်ပြုသင့်တဲ့ ပမာဏထက် အဆ ၅၀များနေပါတယ်””လို့ ပြောကြားထားပါတယ်။

ခရိုမီယမ် သတ္ထုဓာတ်မြင့်မားမှုဟာ ချိုးခြင်း၊ သောက်သုံးခြင်းပြုတဲ့ သူတွေကို အရေပြားသာမက ကိုယ်တွင်းအင်္ဂါများမှာပါ ကင်ဆာဖြစ်ပွားစေနိုင်ပါတယ်။ အိန္ဒိယ၀န်ကြီးချုပ်သစ် နာရင်ဒါမိုဒီကတော့ ဂင်္ဂါမြစ်ပြန်လည် သန့်ရှင်းစေဖို့ စီမံချက်ဟာ ထိပ်တန်းမူ ၀ါဒသစ်အဖြစ် သတ်မှတ်ထားပါတယ်။

ငြိမ်းအေး

ref;medindia.net
Health Updates Journal No. 125
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...