ပြုပြင်ထားသော အသား စားသုံးမှု များသူတွေမှာ နှလုံးရောဂါ ပိုရနိုင်

ဆွီဒင်နိုင်ငံ၊ ကာရိုလင်စကာ အင်စတီကျုမှ သုတေသီ တွေက ပြုပြင် ထားတဲ့ အသား ဥပမာ hotdog, ဆလာမီ၊ အသား အူချောင်း စတာတွေ စားခြင်းက နှလုံးရောဂါ ကြောင့် သေဆုံး နိုင်ခြေကို မြင့်တက် စေတယ်လို့ ဖော်ပြခဲ့ ပါတယ်။

ပြုပြင်ထားတဲ့ အသားတွေက များသော အားဖြင့် ဆိုဒီယမ် တွေ၊ နိုက်ထရိတ် တွေ၊ ဖော့စဖိတ်နဲ့ အခြားသော အနံ့ အရသာ ဓာတု ပစ္စည်းတွေ အပြင် မီးခိုးငွေ့တွေ ပါဝင်ပြီး၊ ကြိတ်ထားတဲ့ အသားတွေ မှာတော့ အပိုအနေနဲ့ Polycyclic aromatic hydrocarbons တွေ ပါဝင်ပြီး အားလုံးက နှလုံး ရောဂါ Heart failure ဖြစ်ပွားမှုကို ပိုပြီး ဆိုးစေပါတယ်။ သဘာဝ အတိုင်း ရတဲ့ အသားတွေ မှာတော့ ဆိုဒီယမ် ပါဝင်မှုရော၊ အခြားဓာတု ပစ္စည်းတွေ ပါဝင်မှုပါ ပိုနည်း ပါတယ်။

အသက် ၄၅ နဲ့ ၇၅ ကြား နှလုံးရောဂါ၊ နှလုံးသွေးကြော ကျဉ်းရောဂါ (သို့) ကင်ဆာရောဂါ မဖြစ်ဖူးတဲ့ ဆွီဒင်လူမျိုး ၃၇၀၃၅ ဦးအား နှစ်ဖွဲ့ခွဲ၍ ပြုပြင်ထားသော အနီရောင်အသား များနှင့် မပြုပြင်ထားသော အနီရောင် အသားတွေရဲ့ သက်ရောက်ပုံကို လေ့လာ ခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေကို ၁၉၉၈ မှ စတင်၍ နှလုံးရောဂါ စဖြစ်တဲ့ အချိန်ထိ သို့မဟုတ် လေ့လာမှုပြီးဆုံးတဲ့အချိန် ၂၀၁၀ ထိ စောင့်ကြည့်ခဲ့ပါ တယ်။ ရလဒ်တွေအရ ပြုပြင်ထားတဲ့အသား 75g နဲ့အထက် နေ့စဉ်စားသုံးတဲ့သူတွေမှာ နှလုံးရောဂါ ရနိုင်ခြေ ၂၈% ပိုများတယ်လို့ သိရပါတယ်။ 


မိုင်ကိ
Ref;Medindia
Health Updates Journal No. 125
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...