ဝိတ်ကျစေတဲ့ ခွဲစိတ်မှုများက အရိုးထုထည်ကိုပါ ကျဆင်းစေနိုင်
Bariatric Surgery လို့ခေါ်ဆို တဲ့ အ၀လွန်သူ တွေရဲ့ ကိုယ်ခန္ဓာတွင်း အဆီများကို ဖယ်ရှားပေး တဲ့ ခွဲစိတ်ကုသမှုဟာ အဆိုပါ လူနာကို နှစ်နှစ် အတွင်း အရိုးပျက်စီး စေနိုင်တယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြပါရှိပါတယ်။
““ ဒီခွဲစိတ်မှုဟာ အ၀လွန်သူတွေကို ထိန်းချုပ်နိုင် စွမ်း ရှိတဲ့ ကိုယ်အလေးချိန်ကို ရောက်ရှိစေ ပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် ပုံမှန် အတိုင်းဖြစ်ပြီး ၂နှစ်အကြာမှာတော့ အရိုးတွေပါးလာစေပါတယ်။ ဒါဟာ အရိုးကျိုးစေဖို့အတွက် အခွင့်အလမ်း အရမ်းများပါတယ်””လို့ သုတေသန ခေါင်းဆောင် မန်ဆာချူးဆက် အထွေထွေရောဂါကု ဆေးရုံမှ ဟော်မုန်းဆေးပညာရှင် Dr.Elain Yu က ရှင်းပြထားပါတယ်။
သန့်စင်
ref;IANS

သုတေသနမှာ bariatric ခွဲစိတ်မှု ခံယူပြီးသူတွေကို သုံးဖက်မြင် စီတီစကင်ရိုက်ကူးခြင်း၊ dual energy X-ray absorption metry လို့ခေါ် တဲ့ အထူးဓာတ်မှန်တွေ ရိုက်ကူးခြင်း စတာတွေနဲ့ အရိုးကိုစစ်ဆေးခဲ့ပါ တယ်။ စစ်ဆေးကြည့်တဲ့အခါမှာ ခါးအောက်ပိုင်း အဆစ်ရိုးတွေမှာ ၅%ကနေ ရ%အထိ အရိုးထုထည် နည်းလာခြင်း၊ တင်ပါးဆုံရိုးတွေမှာ ၇%ကနေ ၁၀%အထိ အရိုးသိပ်သည်းဆ နည်းလာခြင်းစတာတွေကို ခွဲစိတ်ကုသမှု မခံယူတဲ့ အ၀လွန်သူ တွေနဲ့ နှိုင်းယှဉ် အဖြေထုတ်နိုင်ခဲ့ပါတယ်။
သန့်စင်
ref;IANS
Health Updates Journal No. 125
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook