မကြာသော ကာလတွင် ကြောင်ချေးဖြင့် ကင်ဆာ ကုသနိုင်မည်ဟုဆို

ကွန်းကော့၊ ဇူလိုင် ၂၄
ကြောင်များ စွန့်ထုတ် လိုက်သည့် မစင်များ ထဲ၌ ပါဝင်သည့် ဇီဝဖြစ်စဉ် ပါဝင်မှု များသည် မကြာသော ကာလတွင် ကင်ဆာရောဂါ များကို ပျောက်ကင်း စေနိုင်မည့် ဆေးတစ်မျိုးကို တီထွင်နိုင်စွမ်း ရှိလာနိုင်ကြောင်း အမေရိကန် ပြည်ထောင်စု၊ နယူးဟမ့်ရှိုင်းယားပြည်နယ်၊ ဒတ်မောင့်ဆေး ကောလိပ်မှ ပါမောက္ခ ဒေါက်တာ ဒေးဗစ်ဂျေဘစ်ဇ်က ထုတ်ဖော် ပြောကြား ခဲ့ကြောင်း Live Science သတင်းတွင် ဖော်ပြ ထားသည်။

ကြောင်များ စွန့်ထုတ် လိုက်သည့် ချေးအတွင်း ပါဝင်သည့် Toxoplasma gondii ဆိုသည့် ကပ်ပါးကောင် များသည် ကြောင်များ၏ အူအတွင်း၌သာ ပေါက်ဖွားနိုင်ပြီး၊ ယင်းပိုးများသည် အခြားသတ္တများ သို့လည်း ကူးစက်နိုင်စွမ်း ရှိကြောင်း၊ လူများသို့လည်း ထိုကပ်ပါးပိုးများ ကူးစက်လာသည့်အခါ၊ လူ့ခန္ဓာကိုယ် အတွင်းရှိ ကိုယ်ခံအားကောင်းသည့် စနစ်များက ပြန်တိုက်ခိုက် တတ်ကြောင်း၊ ထိုပိုးများနှင့် လူသားတို့ ခန္ဓာကိုယ်အတွင်းရှိ ရောဂါပိုး တိုက်ဖျက်သည့် စနစ်တို့ တိုက်ခိုက်ရာတွင် ကိုယ်ခန္ဓာအတွင်းရှိ ကင်ဆာ ကျိတ်များကို ချေဖျက်နိုင်သည့် အနေအထားများကို တွေ့ရှိရသောကြောင့် ယင်းကြောင်ချေး အတွင်းရှိ ကပ်ပါးပိုးများနှင့် ဆက်စပ်ပြီး ကင်ဆာဆေးတစ်မျိုးကို မကြာမီ တီထွင်လာနိုင်ဖွယ်ရာ ရှိကြောင်း ဒေါက်တာဒေးဗစ်က ဆိုသည်။

ယခုအခါ ဒေါက်တာဒေးဗစ်နှင့် ကျောင်းသားများသည် Toxoplasma gondii က ထုတ်သည့် ဆေး များဖြင့် အရေပြားကင်ဆာ ဖြစ်နေသည့် ကြွက်များနှင့် သားအိမ်ကင်ဆာ ဖြစ်နေသည့် ကြွက်များကို စမ်းသပ် ကုသလျက်ရှိကြောင်း၊ ကြွက်များတွင် ဖြစ်ပေါ်နေသော ကင်ဆာအကျိတ်များသည် အံ့သြစရာ ကောင်းလောက်အောင် ကျုံ့သွားသည်ကို တွေ့ရကြောင်း Live Science သတင်းတွင် ရေးသားထား သည်။

ref;The Voice Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...