VivaGel ကွန်ဒုံး HIV ရောဂါပိုးကို တိုက်ဖျက်နိုင်ဟုဆို

ဆစ်ဒနီ၊ ဇူလိုင် ၂၄
VivaGel ဟု ခေါ်သည့် ဆေးဖြင့် ပူးတွဲ ထုတ်လုပ် ကာ HIV ရောဂါ ကူးစက်စေနိုင်သည့် ပိုးများကို သတ်ပေးနိုင်သော ကွန်ဒုံးများကို ထုတ်လုပ် တော့မည် ဖြစ်ကြောင်း Net.au သတင်းတွင် ဖော်ပြထားသည်။

သြစတြေးလျနိုင်ငံ၊ ဇီဝနည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သည့် Starpharma သည် VivaGel ဟုခေါ် သည့် ရောဂါပိုးများကို သေစေနိုင်သည့် ဆေး အဆီတစ်မျိုးကို ကွန်ဒုံးများတွင် ဖြည့်စွက် ထည့် သွင်းပေးပြီး၊ ယင်းကွန်ဒုံးတွင် Astodrimer Sodium ဓာတ် ဒသမ ၅ ရာခိုင်နှုန်းအထိ ပါဝင်မည် ဖြစ်ကြောင်း၊ ယင်းဓာတ်နှင့် ဆေးအဆီသည် HIV ရောဂါပိုးကို သတ်ဖြတ်နိုင်စွမ်းရှိကြောင်း ယင်းသတင်း က ဆိုသည်။

VivaGel သည် HIV ပိုးကို ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ သတ်ဖြတ်နိုင်စွမ်း ရှိသကဲ့သို့၊ အရေပြားပေါ်တွင် ပေါက်တတ်သော အသားမာနှင့် ကြွက်နို့များကိုလည်း ချေဖျက်နိုင်စွမ်းရှိသော ဆေးဆီတစ်မျိုး ဖြစ်ကြောင်း၊ ယခုအခါ သြစတြေးလျနိုင်ငံ ဈေးကွက်အတွင်း ယင်းကွန်ဒုံး ၇၀ ရာခိုင်နှုန်းခန့် ပျံ့နှံ့နေကြောင်း၊ ဂျပန်နိုင်ငံ သို့ ဖြန့်ချိရန် ခွင့်ပြုချက် တောင်းခံနေကြောင်း၊ အချို့သောနိုင်ငံများက မိမိတို့နိုင်ငံအတွင်း တင်သွင်းခွင့် ပြုရန် စစ်ဆေးနေဆဲ ဖြစ်ကြောင်း Net.au သတင်းတွင် ရေးသားထားသည်။


ref;The Voice Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...