အမျိုးသမီးငယ် တစ်ဦးကို တရုတ်သို့ ပို့ရန် ခေါ်လာသူ ကချင်တွင် ဖမ်းမိ

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် နေထိုင်သည့် အသက်(၁၈)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံသို့ပို့ရန် စည်းရုံးခေါ်ဆောင်လာသူကို ကချင်ပြည်နယ်တွင် ဇူလိုင် ၅ ရက်၊ ညနေ ၆ နာရီခွဲ ၀န်းကျင်က ဖမ်းမိခဲ့သည်။
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၊ နယ် စပ်ဝင်/ထွက်ဂိတ်အမှတ်(၁)အနီး အမှတ် (၂)လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအဖွဲ့က မြစ်ကြီးနားမှ လွယ်ဂျယ်သို့ ယာဉ်မောင်း ကိုထွန်းထွန်းဝင်း မောင်းနှင်လာသည့် ဗင် ကားကို စစ်ဆေးရာမှ လူကုန်ကူးသူကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မိုးကုတ်မြို့တွင် နေထိုင်သည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်ကို တစ်မြို့တည်းတွင် နေထိုင်သည့် ဒေါ်ချို(ခ)လှခင် က တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်အတွက် စည်းရုံးခေါ်ဆောင်လာသည်ကို စစ်ဆေး တွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသမီးငယ်ကို တစ်ဖက်နိုင်ငံသို့ ပို့ရန် ခေါ်ဆောင်လာသူ ဒေါ်ချိုကို လွယ် ဂျယ်နယ်မြေ ရဲစခန်းက (ပ)၉/၂၀၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်စစ် ဆေးလျက်ရှိသည်။
ပြီးခဲ့သည့် မေလနောက်ဆုံး တစ်ပတ်ကလည်း တာမွေမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီးသုံးဦးကို တရုတ် နိုင်ငံသို့ အကျိုးဆောင် လိုင်စင်မရှိဘဲ ပို့ဆောင်ခဲ့သည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
Mizzima news
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ကင်ဆာရောဂါမှ ကင်းဝေးစေကြောင်း နည်းလမ်းကောင်း Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင္သားအက်ိတ္မ်ားJAVA leaning Myanmar (PDF)
- (အနောက်သို့) အိုင္အို (Io) ဂြိုဟ်ရံလ (သို့) မီးတောင်များရှင် Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင္သားအက်ိတ္မ်ားJAVA leaning Myanmar (PDF)