မိန်းမပျိုကို ဓားဖြင့်မွှန်းကာ ကြိုးတုပ် အဓမ္မကျင့်ဟု သံသယရှိသူကို ၂၄ နာရီအတွင်း ဖမ်းမိ
ရန်ကုန်၊ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့နယ် ဟဲနားရွာအနီး တောလမ်းတွင် စက်တင်ဘာလ ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်က အသက် ၃၃ နှစ် အရွယ်ရှိ အမျီုးသမီး တစ်ဦးကို ဓားဖြင့်မွှန်းကာ နွယ်ကြိုးများဖြင့် သစ်ပင်တွင် ချည်နှောင်ပြီး အဓမ္မပြုကျင့်ခဲ့သူဟု သံသယရှိသူ အမျိုးသားကို ၂၄ နာရီအတွင်း ဖမ်းမိခဲ့ကြောင်း ကသာမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ကသာမြို့နယ်၊ မံလွဲရွာတွင် နေထိုင်သူ ယင်းအမျိုးသမီးမှာ ထိုနေ့ နံနက်ပိုင်းက ကသာမြို့ပေါ်ရှိ ဘဏ်သို့ လာရောက်ကာ ကျောက်ဆည်မြို့တွင် နေထိုင်သော မောင်ဖြစ်သူထံ ငွေလွှဲပြီးနောက် နေအိမ်အပြန် တောလမ်း ခရီးတွင် အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက နောက်မှ လိုက်ကာ ထိုးကြိတ်ရိုက်နှက်ပြီး နွယ်ကြိုးများဖြင့် သစ်ပင်တွင် ချည်နှောင်ကာ အဓမ္မပြုကျင့် ခဲ့ကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
"ကသာကနေ သူနေတဲ့ရွာအထိ လိုင်းကားက မရောက်ဘူး။ ဟဲနားရွာကနေ မံလွဲရွာကို သုံးမိုင်ကျော်လောက်ကို လမ်းလျှောက်ရတာ။ တောလမ်းထဲမှာ အမျိုးသမီးကို ရိုက်နှက်ပြီး လက်မောင်းတွေကို ဓားနဲ့မွှန်းခံရလို့ သတိလစ် သွားချိန်မှာ နွယ်ကြိုးတွေနဲ့ သစ်ပင်မှာ ချည်နှောင်ပြီး အဓမ္မကျင့်ခဲ့တာ။ ပြီးတော့ ဝတ်လစ်စားလစ် ထားခဲ့တာ" ဟု ရဲအရာရှိက ဆက်လက် ရှင်းပြသည်။
အဆိုပါ အဓမ္မပြုကျင့်ခံရသော အမျိုးသမီးမှာ တစ်ညတာလုံး တစ်ဦးတည်း ကျန်ရှိခဲ့ပြီး သတိပြန်လည်လာချိန် အော်ဟစ် အကူအညီတောင်း ခဲ့သောကြောင့် စက်တင်ဘာလ ၂၉ရက် နံနက် ၅ နာရီခန့်တွင် ဟဲနားကျေးရွာမှ ထင်းခုတ်သမားများနှင့် တွေ့ရှိခဲ့ပြီး ၄င်းကို ကယ်ဆယ်ကာ ရဲတပ်ဖွဲ့ကို သတင်း ပေးခဲ့ကြောင်း၊ ယင်းနောက် အဓမ္မပြုကျင့်ခဲ့သူ၏ ပုံပန်း သဏ္ဌာန်ကို အမျိုးသမီး ကိုမေးမြန်းရာမှ စက်တင်ဘာလ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ကျူးလွန်သူဟု ယူဆရသူ အမျိုးသားကို ဖမ်းဆီးမိခဲ့ကြောင်း ဟဲနားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
"အဓမ္မကျင့်သူ ဘယ်သူဆိုတာ မနည်းချော့မော့မေးမှ ဖြေခဲ့တာ၊ သူပြောတဲ့ သူနဲ့ ရွာထဲက သက်နိုင်ပုံက တူနေ တာကြောင့် သက်နိုင်အိမ်ကို ရဲတပ်ဖွဲ့က ဝိုင်းပြီးဖမ်းခဲ့တာ။ အသုံးပြုခဲ့တဲ့ ဓားပါ သက်သေအဖြစ် သိမ်းဆည်းနိုင် ခဲ့တယ်။ သက်နိုင်ကလည်း သူကျူးလွန်ခဲ့တာကို ဝန်ခံခဲ့တယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။
ယင်းအဓမ္မပြုကျင့်ခဲ့သူဟု တိုင်ကြားခံရသူ အမျိုးသားမှာ အိမ်ထောင်ရှိသူ ဖြစ်ပြီး ဟဲနားကျေးရွာတွင် နေထိုင် သူဖြစ်ပြီး ၄င်းကို (ပ)၂၀၀/ ၁၄၊ ပုဒ်မ ၃၄၂/ ၃၂၆/ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ကသာမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Journal
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Download Windows 10 Technical Preview Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) ဘွဲ့ဆိုတာ နိဂုံးလား၊ အဆုံးအဖြတ်လား Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း