ကင်ဆာရောဂါ တစေ့တစောင်း ( ၁ )

အသည်းကင်ဆာ

ကင်ဆာနှင့် ပတ်သက်သည့် ရောဂါများထဲ့မှ အသည်း ကင်ဆာ အကြောင်း ဦးစွာပြောကြား လိုပါသည်။ အသည်း ကင်ဆာ ဆိုတာ အရက် သောက်လို့ ပါဆိုပြီး တစ်ခုတည်းသော အကြောင်း အရာကို ကောက်ချက်ချလို့ မရပါဘူး လူတိုင်း နေစဉ် စားသုံးနေသော အစားသောက်တွေ ထဲမှ ကင်ဆာကို ဖြစ်ပေါ်သည့် အစားသောက် များကို စားသောက် နေခြင်းကြောင်းကို သတိမမူကြခြင်း တစ်ခုအဖြစ် လေ့လာတွေ့ ရှိ သုံးသပ်မိ ပါသည် ။

အရက် သောက်သုံးသည့် သူများသည့် အ၀င်ကောင်းအောင် ဆိုပြီး အချိုရည်ရောနှော သောက်သုံးခြင်း ၊ ရေမနှောဘဲ အလွန်အကျွံ သောက်သုံးခြင်း နှင့် အရက်ကို ရေလို့ သဘောထားပြီး သောက်သုံးနေပြီ ဆိုလျှင် သင့်အတွက် အသည်းကင်ဆာ ဖြစ်နိုင်စရာ ရာခိုင်နှုန်းပိုမို များပြားလာပြီး ဆိုတာကို ကြိုတင် အသိဝင်သင့်ပါတယ် ။

ကိုယ်တွင်းက လိစာတွေ ကောင်းမွန်စာ အလုပ်မလုပ်တော့ သည့်အခါ ကျန်းမာရေး ဖောက်လာပြီး ဆိုလျှင် ဆေးခန်းသွား ဆေးကုရသည့် အခါကျမှသာ အလွန်နှောင်တတရား ရရှိပြီးအခါလွန်သည့် မိုးသည်းတော့မှ မိုးစိုတာကို မခံနိုင်အအေးပတ် နာမကျန်းဘ၀နှင့် သည်လိုအခါတွင်ဝယ် ရောဂါဆိုးကပ် အသက်တိုတောင်း ကြပါတော့သည် ။

ဆေးရှိတယ်ဆိုတာနှင့် ကုသခြင်းထက် ကြိုတင် ကာကွယ်မှု့ ဖြစ်သာ ရောဂါဖြစ်ပွားစေသည့် အကြောင်း အရာများဖြစ်ပေါ်မှု့ နည်းပါးစေပါတယ်။ကင်ဆာဆိုသည့် ရောဂါဆိုတာလည်း ကြိုတင်သိနိုင်သည့် အရာတစ်ခု မဟုတ်ပေမဲ့ ဖြစ်ပေါ်နေသည့်အချိန်ကာလကြာမြင့်လာပြီးဆိုမှသာလျှင် ရောဂါဗီဇက အတော်ပင် ဆိုးရွားတက်တာ ကိုလည်းဆေးပညာ အသိရှိသူတွေ သိနေကြမယ်လို့ ပြောကြားလိုပါတယ်။

အသည်းကို ဒုက္ခပေးသည့် အစားအစာတွေကတော့ အရက် ၊ ငရုတ်သီး ၊ မှိုတက်နေသော အစား အသောက် ၊ အာဆင်းနစ်များသော ရေ ၊ သံဓာတ်များသော အစားအစာ ၊ မကျက်သော အကင်အသား များ ၊ သန္ဒေတားဆေးလုံး ၊ ဆေးရွက်ကြီး ၊ မသန့် သောဆီ ( အကြိမ်များစွာကြော်လှော်နေသော ဆီ ) တို့ ဖြစ်ကြပါတယ် ။

မိန်းကလေးများသည့် အများအားဖြင့် စားသောက်သည့် အခါတွင် စပ်သော အရသာ ပိုမိုကြိုက်ခြင်းသည် အသည်းရောဂါဖြစ်ဖို့ အားပေးပါတယ် ။

အသည်းကို ထိခိုက်လာပြီးဆိုလျှင် ခံစားမှု့ ဝေဒနာလေးတွေ လူ့ အသည်း စကားပြောလာ တက်ပါတယ် ညာဘက်နံရိုး အောက်ဘက်တွင် နာလာတက်ခြင်း ၊ အသည်းအရွယ်အစားကြီးလာခြင်း ၊ နေမထိ ထိုင်မသာ တဖြေးဖြေးဖြစ်ပေါ်လာခြင်း ၊ အသားအရည်များ ၀ါလာခြင်း ၊ အားအင်ကုန်ခန်းခြင်း ၊ ပျို့ အန်လာခြင်း ၊ လေချုပ်ဝမ်းဗိုက်ကယ်လာခြင်း ၊ သွေးအားနည်း လာခြင်း နှင့် အကြောင့်မဲ့  ကိုယ် အလေးချိန် ကျဆင်းလာခြင်းတို့ ဖြစ်ပေါ်လာလို့ အသည်းစကားပြောလာ အသည်းအရောဂါ စလာတက် တာတယ် ဒီလိုဖြစ်ပေါ်နေခြင်း ကာလာကြာရှည်လာမယ်ဆိုလျှင် ပိုဆိုးလာတော့မယ်လို့  ပြောချင်ပါ သည်။

အသည်းစကားမပြောခင် ကြိုတင်ကာကွယ်ခြင်းသည့် ထိရောက်သော ကုသခြင်းပင်ဖြစ်ပါတော့သည် ။

ကင်ဆာဆိုသည့်ရောဂါဆိုး ကင်းဝေးကြပါစေ …..

Mg Mandalay
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...