စံယူခံပုဂ္ဂိုလ်နှင့် မြင်သိခံရမှု


နေဇင်လတ်
ယနေ့ Changing Mindset ဟူသော အသုံးမှာ များစွာ ရေပန်းစားသည်။ ရှိဆဲ “စိတ်အခံ” များကို ပြောင်းလဲ ပြင်ဆင်ပါဟု ဆိုလိုသည်။ ပညာ အတော်အတန် သင်ကြားခဲ့ပြီး သူများ၊ လက် လှမ်းမှီ ကြသူများအ တွက်များစွာ အပန်းမကြီး ဟု ယူဆရသော်လည်း၊ ပညာ နည်းပါးကြသူများ၊ အခြေခံ လူတန်းစားများနှင့် အလှမ်းဝေးတွင် နေထိုင်ကြသည့် တောနေ လူတန်းစားများ၊ လယ်ယာ လုပ်သား များအတွက်မူ Mindset ဟူသည်ကို ပင်ကောင်းစွာ မသိနိုင်ကြသူများ ရှိနေပါ သည်။ မြန်မာနိုင်ငံတွင် လယ်ယာ အခြေပြု လုပ်သားဦးရေ မှာ (၇၀%) ခန့်ရှိနေ ဆဲဖြစ်၍ ထိုသို့သော သူများအတွက် တစ်စုံတစ်ရာ စဉ်းစားပေးနိုင် ကြရန်လိုသည်။

စိတ်အခံ အဟောင်းကို ဆန်းစစ်ရန်လို 


တစ်ချိန်က စနစ်တစ်ခု၏ ထုဆစ်မှုဖြင့် ရှည်ကြာစွာ နေထိုင်ခဲ့ကြရသ ဖြင့် စိတ်အခံအဟောင်းကို ပြုပြင်ရန် တစ်စုံတစ်ရာ အားထုတ်မှုပြုရန် လိုသည် ကတော့ အမှန်ပင်၊ လူတော်များ ထုတ်ဖော်ခွင့် မရခြင်း၊ အယူအဆသစ်များကို လက်မခံနိုင်ခြင်း စသည့် ယဉ်ကျေးမှု အဟောင်းဖြင့် နှစ်ပေါင်းများစွာ နေထိုင် ခဲ့ကြရသည်။ ယခုတစ်ဖက်တွင် စနစ်က ပြောင်းသွားခဲ့ပြီ။ ဒီမိုကရေစီ၏ အနှစ် သာရဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ခွင့်များ ရှိခဲ့ချေပြီ။ တွန်းတွန်းတိုက်တိုက် ယှဉ်ပြိုင်လုပ်ဆောင်ရန် အခွင့်အလမ်း များလည်း အနီးအနားတွင် ရှိလာခဲ့သည်။ လတ်ဆတ်သော အတွေးသစ် အမြင်သစ်များကိုလည်းေ ခတ်နှင့်စနစ်အရ ကြိုကြို ဆိုဆို ဖြစ်လာသည်။ ထိုသော အခင်းအကျင်းသစ်နှင့် လိုက်လျောညီထွေ ဖြစ်ရန် မိမိတို့၏ ယခင်က စိတ်အခံအဟောင်းများဖြစ်သော “မလုပ်၊ မရှုပ်၊ မပြုတ်” ကို ပြောင်းလဲရန် အမှန်တကယ် လိုအပ်လာသည်။

နောက်တစ်ခုက ဝေဖန်ထောက်ပြမှုတွင်လည်း ယခင်ကကဲ့သို့ ပုဂ္ဂလ ဓိဋ္ဌာန်မျိုးမှ လွတ်ကင်းပြီး ဓမ္မဓိဋ္ဌာန် ကျကျ၊ ချက်ကျကျ၊ ပရော်ဖက်ရှင် နယ်ကျ ကျ ဝေဖန်ထောက်ပြတတ်ရန် လိုလာသည်။ တစ်နည်းဆိုရလျှင် နည်းစနစ်ကျကျ၊ ခံစားမှုမပါ။ အများအကျိုးစီးပွား အခြေခံသော၊ အတတ်ပညာဆိုင်ရာ အခြေခံ သည့် ဝေဖန်ထောက်ပြမှုမျိုးသို့ ပြောင်းလဲ သွားရန် ဖြစ်သည်။ ဤတွင် စိတ်အခံ အဟောင်းဖြစ်သော “ခံစားချက်” အခြေခံကို စွန့်ခွာနိုင်ရန် ဖြစ်လာသည်။

Mindset ဟူသော ပုံစံကျစိတ်အခံဟူသည်မှာ ရုတ်တရက် ပြောင်းလဲ ရန်လွယ်ကူသည်တော့ မဟုတ်ချေ။ လေ့ကျင့်ပြီး ပြောင်းလဲရန်လိုသည်။ သုတ ပညာ ပြည့်စုံပြီး၊ လူမှုဝန်းကျင်တွင်း ထဲထဲဝင်ဝင် ထိစပ်ကြသူ များအနေဖြင့် ပြုပြင်ပြောင်းလဲပုံ၊ ပြုပြင်ပြောင်းလဲနည်းများကို ရှာဖွေ တွေ့ရှိ ပြောင်း လဲနိုင်ကြသော်လည်း၊ ဆိုခဲ့ပြီးအတိုင်း လက်လှမ်းမမှီနိုင် ကြသောသူများအတွက် အခက်အခဲမှာ တစ်စုံတစ်ရာမက ရှိနိုင်ပါလိမ့် မည်။ ထိုသို့သောသူများက အများ စုဖြစ်သဖြင့် ထိုလက်လှမ်းမမီကြသော သူများအတွက် စဉ်းစားပေးရန် အရေးကြီး ပါသည်။

စံယူခံပုဂ်္ဂိုလ်မှ ပြုပြင်ပေးနိုင်ပါသည်


ငယ်စဉ်က အသိပညာမပြည့်စုံသေးသည့်အရွယ်တွင် မိဘများသည် သားသမီးများ၏ စံယူခံပုဂ်္ဂိုလ် (Role Model) များဖြစ်ကြသည်။ အထူးသဖြင့် ဖခင်များသည် သားသမီးများအတွက် အရာရာမှန်ကန်သော အစားထိုးမရ ဖွယ်ဖြစ်သော သူရဲကောင်းများ ဖြစ်လေ့ရှိသည်။ အရွယ်တစ်စုံတစ်ရာရောက်၍ ပညာ တစ်စုံတစ်ရာ ရှိလာကြသောအခါ၊ ပတ်ဝန်းကျင်နှင့် အတော်အတန် ထိတွေ့ခွင့်ရပြီး နှိုင်းယှဉ်လာနိုင် သောအခါတွင် မိဘထက် ပို၍ အားကျအတု ယူဖွယ်ရာတစ်ဦးဦးသည် Role Model ဖြစ်လာတတ်သည်။ ဥပမာ-အလယ် တန်းကျောင်းသားအရွယ်၊ အထက်တန်း ကျောင်းသားအရွယ်များတွင် မိမိတို့အား သင်ကြားပြသပေးကြသော ဆရာ၊ ဆရာမတစ်ဦးဦးက စံယူခံပုဂ်္ဂိုလ်၊အားကျလေး စားခံ ဖြစ်လာသည်။

ထို့ထက်ပို၍ အလုပ်ခွင်သို့ဝင်ရောက်ပြီး ပြင်ပသုတများ ပြည့်ဝလာသည့် အခါ နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးသူရဲကောင်းများ၊ လူမှုသူရဲကောင်းများ စသည်တို့မှာ အစားထိုး စံယူခံပုဂ်္ဂိုလ်များအဖြစ် ပြောင်းလဲ သွားတတ်ပြန်သည်။ ကမ်္ဘာကြီးကို ရှေ့ဆောင်နေသော အမေရိကန်တွင် သမ္မတများစွာ ရှိသည့်အနက် လင်ကွန်း၊ ရုစ်ဗဲလ်၊ အိုင်စင်ဟောင်ဝါ စသည်တို့သည် အမေရိကန်လူထု အတော်များများ အတွက် နိုင်ငံရေး ဘက်တွင် Role Model ဟူသော စံယူခံ ပုဂ်္ဂိုလ်များ ဖြစ်ခဲ့သည်။ ဂျွန်လောခ်သည် လည်းကောင်း၊ အရစ္စ တိုတယ်လ်၊ ပလေတို စသည် တို့သည်လည်းကောင်း နိုင်ငံရေးအတွေးအခေါ် ဆိုင်ရာတွင် စံယူခံပုဂ်္ဂိုလ်များ ဖြစ်ကြသည်ကို တွေ့ရသည်။

စံယူခံပုဂ်္ဂိုလ်သည် အရည်အချင်းတစ်ရပ်ရပ်ကြောင့် အများသူငှာ၏ အား ကျအတုယူမှုကို ခံကြရသူများ ဖြစ်သည်။ ထို့ထက်ပိုလျှင် လေးစား ချစ်ခင်ခံကြ ရသူများလည်း ဖြစ်လာလေ့ရှိသည်။ သူရဲကောင်းများ အဖြစ် စံယူခံထားကြသဖြင့် သူတို့ဦးဆောင်ပုံသွင်း၊ ထုဆစ်မှု၏သြဇာကို လိုက်ပါ ခံယူပြောင်းလဲ တတ်သည့် သဘောလည်း တွေ့ရသည်။ Roosevelt သည် အမေရိကန်တွင် ပြတ်သားသူ၊ ရဲရင့်သူ၊ မဟာဗျူဟာကျကျ တွေးခေါ် ဦးဆောင်နိုင်သူအဖြစ် စံယူခံခဲ့ပြီး၊ သူ့ကို လေးစားအတုယူကြသော်လည်း၊ အားလုံးက နှစ်နှစ်ကာကာ ချစ်ခင်ကြ သည် မဟုတ်ချေ။ လေးစားမှုရော၊ ချစ်ခင်မှုရော ရရှိခံယူနိုင်ကြ သူများမှာ ရှားပါးလှသည်။ အိန်္ဒိယမှ မဟတ္တမ ဂန်္ဒီကြီးဆိုလျှင် Charismatic ဟူသော အများ၏ချစ်ခင်၊ လေးစားမှုကို ခံခဲ့ရသူဖြစ်သဖြင့် စံယူခံပုဂ်္ဂိုလ်များ၏ ကဏ္ဍနှင့် အခြေအနေသည် တစ်ဦး နှင့်တစ်ဦး မတူညီကြချေ။ တူညီသောတစ်ချက်မှာမူ သြဇာတစ်စုံတစ်ရာ သက်ရောက်နိုင်ကြသူများဖြစ်၍ ထိုသူတို့၏ သဘာဝ၊ လက္ခဏာများ အတိုင်း စံယူခံကြသူများက လိုက်ပါတတ်ကြခြင်းဖြစ်သည်။ ဥပမာ - ဂန်္ဒီကြီး သည် ငြိမ်းချမ်းရေးကို အခြေခံသူဖြစ်သဖြင့် ဂန်္ဒီ၏လမ်းစဉ် အတိုင်း ပြည်သူတို့က ငြိမ်းချမ်းစွာ တိုက်ပွဲ ၀င်ခဲ့ကြသည်။ တိုက်စိတ်ခိုက်စိတ် ရှိ သော နပိုလီယံလို စံယူခံပုဂ်္ဂိုလ်လက်ထက်တွင်မူ သူ့ကို လေးစား ယုံကြည် သူများအနေဖြင့် တိုက်စိတ်ခိုက်စိတ်များဖြင့် ပြည့်နှက်နေခဲ့ သည်ကို တွေ့ရပါ လိမ့်မည်။

စံယူခံပုဂ်္ဂိုလ်များသည် သြဇာတစ်စုံတစ်ရာရှိကြသဖြင့် ထိုသူတို့၏ သဘာဝ၊ လက္ခဏာများအတိုင်း လေးစားချစ်ခင်ကြသူများ၊ နောက်လိုက်များ၏ လက္ခဏာနှင့် စိတ်အခံများက လိုက်ပါပြောင်းလဲ တတ်သည်ကို အသေအချာ လေ့ လာပါက အသေအချာတွေ့ရလိမ့်မည်။

မြန်မာနိုင်ငံသည် ယခုအခါ အထွေထွေပြောင်းလဲရေးများ ဆောင်ရွက်နေ ဆဲဖြစ်သဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့တွင် ဆိုင်ရာ Role Model စံယူခံပုဂ်္ဂိုလ်များ အများအပြား ထွက်ပေါ် လာခဲ့ ပြီဟု ယူဆနိုင်ပါသည်။ အထူးသဖြင့် ဒီမိုကရက်တိုက်ဇေးရှင်းသည် ဖြစ် လာခဲ့သည့် အခင်း အကျင်းသစ်တွင် အခြေခံအကျဆုံး၊ အရေးအကြီးဆုံး ကဏ္ဍဖြစ်သဖြင့် Stakeholder တစ်ခုဖြစ်သော နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များအခန်းကဏ္ဍမှာ အရေးကြီးလာပါသည်။ အနည်းဆုံး နိုင်ငံရေးပါတီတစ်ခု ၏ ခေါင်းဆောင်သည် အနည်း အများဆိုသလို စံယူခံပုဂ်္ဂိုလ် ဖြစ်လာ တတ်သည်။ ထိုခေါင်းဆောင်၏ သဘာဝလက်္ခဏာအတိုင်း ထိုသူ သြဇာလွှမ်းမိုးသော အဖွဲ့ အစည်းက လိုက်ပါတတ်သည်ကို တွေ့ရပါလိမ့်မည်။ တည်ငြိမ်အေးဆေးသော ခေါင်းဆောင်မှုအောက်ရှိ ပါတီဝင် များမှာ တည်ငြိမ်အေးဆေးကြပြီး၊ တိုက်စိတ် ခိုက်စိတ်ရှိသော ခေါင်းဆောင်မှုအောက်ရှိ ပါတီဝင်များမှာ လည်း ထိုသဘာဝကို များစွာလွန်ဆန်နိုင်ခြင်း မရှိကြချေ။ အချို့ရန် လို သောခေါင်းဆောင်များ၏ ပါတီများမှာ အနည်းအများ ရန်လိုတတ်မှု သဘာဝ သို့ ပြောင်းလဲသွားရပြန်ပါသည်။

စံယူခံပုဂ်္ဂိုလ်တို့ မြင်သိခံယူမှု မှန်ရန်လို


ရေပန်းစားသော ရုပ်ရှင်မင်းသား နေတိုးစတိုင်ကို သူ့ကိုအားကျ အတုယူ တတ်သော ပရိသတ်များက လိုက်ပါလုပ်ဆောင်တတ်သည့် သဘောကို တွေ့ ရပါလိမ့်မည်။ စံယူခံပုဂ်္ဂိုလ်တို့၏ လက္ခဏာနှင့် သဘာဝ သည် ပြည်သူတို့ထံ များစွာသြဇာသက်ရောက်လေ့ရှိသဖြင့် Mindset ပြောင်းပါဟူသော အယူအဆ အတွက် လက်လှမ်းမမှီသူများကို စံယူခံပုဂ်္ဂိုလ်များက လိမ္မာပါးနပ်စွာ ပြုပြင်ပြောင်း လဲမှု ပြုပေးနိုင်ပါသည်။ အရေးကြီးသည်က စံယူခံပုဂ်္ဂိုလ်ကိုယ်တိုင် မြင်သိခံယူမှု မှန်ကန်စွာရှိနေ ရေးဖြစ်သည်။ Perception ဟူသော မြင်သိခံယူမှုအလိုက် ထိုစံယူခံပုဂ်္ဂိုလ် ၏ သဘာဝနှင့် လက္ခဏာကလည်း လိုက်ပါပြောင်းလဲ တတ်ပြန် သည်။ Perception ဟူသည်မှာ သာမန်မြင်တွေ့ခြင်းမဟုတ်။ သဘောတရား ပါသောအမြင်မျိုး ဖြစ်သည်။ ထိုမြင်မှုအပေါ် တစ်ဆင့်တိုးတက်၍ ခံယူမှု သဘော တရားများ ပါဝင်လာသည်။ ထို့ကြောင့် “မြင်သိခံယူမှု” ဟုဆိုခြင်း ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးများတွင် အရေးအကြီးဆုံးတစ်ခုမှာ နိုင်ငံရေး ၌ ဒီမိုကရေစီအုတ်မြစ် ကောင်းစွာ ချထားနိုင်ရေး၊ ပါတီစုံဒီမိုကရေစီ ကျင့်သုံးရေး ဖြစ်သည်။ ထိုမှတစ်ဆင့် State Building ဟူသော နိုင်ငံတော် တည်ဆောက်ရေး၊ Nation Building ဟူသော အမျိုးသားရေး တည် ဆောက်မှု များတွင် ယဉ်ကျေးမှုအသစ်ဖြင့် လိုက်ပါဆောင်ရွက်နိုင်ရေး ဖြစ်သည်။ အရေး အကြီးဆုံးဖြစ်သော နိုင်ငံရေးတွင် ပါတီစုံဖြင့် ဒီမိုကရက် တိုက်ဇေးရှင်းကို ၀ိုင်းဝန်းဆောင်ရွက်ကြရာတွင် မည်သို့သောလမ်းဖြင့် အကောင်းဆုံး ရွေး ချယ်နိုင်ရေးက အရေးကြီးလာပြန်သည်။ အတည်ငြိမ် ဆုံးသောလမ်း၊ အသေချာ ဆုံးသောလမ်း၊ လက်ဆွဲနှုတ်ဆက်နိုင်သောလမ်း မျိုးကို ရွေးချယ်နိုင်ရန် ပါတီ တို့ကို ဦးဆောင်ကြသော စံယူခံပုဂ်္ဂိုလ်များနှင့် ၎င်းတို့၏ မြင်သိခံယူမှုက များစွာ အရေးကြီးလာပါသည်။

ရုစ်ဗဲလ်လို ပုဂ်္ဂိုလ်မျိုး၊ အိုက်စင်ဟောင်ဝါလို ပုဂ်္ဂိုလ်မျိုး၊ လင်ကွန်းလို ပုဂ်္ဂိုလ်မျိုး၊ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ်္ဂိုလ်မျိုး၊ ဦးနုလို ပုဂ်္ဂိုလ်မျိုး၏ ကွဲပြားခြားနားသော လက္ခဏာပုံစံများတွင် လက်ရှိမြန်မာ့နိုင်ငံရေး ခေါင်းဆောင် များအနေဖြင့် မည်သည့်လမ်းစဉ်၊ လမ်းကြောင်းမျိုးကို ရွေးချယ်ပြီး ၂၀၁၅-အတွက် ဖြတ်သန်း ကြမည်မှာ ယနေ့ စံယူခံပုဂ်္ဂိုလ်များ၏ရွေးချယ်မှု ဖြစ်လာပါ သည်။ အေးအေး ချမ်းချမ်းဖြင့် ဖြတ်သန်းနိုင်ခွင့်ရှိသလို၊ အလှုပ် အရမ်းများနှင့် ဖြတ်သန်းခွင့် ကလည်း ရှိနေပြန်ပါသည်။ ကမ်္ဘာကြီး၏ အခြေအနေအရပ်ရပ်နှင့် ရှိဆဲမြန်မာနိုင်ငံ၏ အခြေအနေအပေါ် ကောင်း စွာလေ့လာသိရှိနိုင်ရန်လိုသည် ဟု မြင်ပါသည်။

အချို့သော ရုပ်ရှင်ကားများတွင် မင်းသားနေတိုးသည် လူကြမ်း အဖြစ် လည်း သရုပ်ဆောင်ပါသည်။ အချို့သောကားများတွင် နူးညံ့သော သူအဖြစ် လည်း သရုပ်ဆောင်ပါသည်။ ဇာတ်လမ်း ဇာတ်ညွှန်းအပေါ် အခြေခံ သည် ဖြစ်သော်လည်း နေတိုး၏ ခံစားမှုနှင့် သရုပ်ဆောင်မှု အတတ်ကိုလည်း ဇာတ်ရုပ်ပေါ်လာ တတ်ပြန်ပါသည်။ မည်သို့ဆိုစေ၂၀၁၅-လွန်ကာလ ကို ဖြတ်သန်းကြရာတွင် တည်တည်ငြိမ်ငြိမ် အေး အေးချမ်းချမ်းဖြင့် ဖြတ်သန်းစေ လိုပါသည်။ အားလုံး၏စိတ်အခံကိုလည်း စံယူခံပုဂ်္ဂိုလ်များအနေဖြင့် မှန်ကန်စွာ ပြုပြင်ပြောင်းလဲပေးနိုင်ရန် လိုသည်ဟု တွေးမိပါသည်။ ဤအဆုံးအဖြတ်နှင့် မဟာဗျူဟာသည် မြန်မာ့အနာဂတ်အပေါ် တစ်စုံတစ်ရာ သြဇာသက်ရောက်မှုရှိနေသည်ဖြစ်ရာ မဟာဗျူဟာကျကျ၊ ပညာ ကြီးကြီးဖြင့် စဉ်းစားဆုံးဖြတ်နိုင်ကြစေရန် ဖြစ်ပါသည်။



နေဇင်လတ်
၁၉-၅-၂၀၁၄ (၁၂၈၄)

JOB seekers Journal Vol.3,No.4
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.comလွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...