Mind ကို Set လုပ်ထားခံရသော Mindset
ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ) |
Mindset ကို မြန်မာမှုပြုလျှင် ပုံစံကျနေသော အမြင်၊ ပုံသေအတွေး အခေါ်၊ တွေးခေါ်မှု အလေ့အထဟု- မြန်မာပြန် ဆိုထားသည်ကို လည်း တွေ့ရသည်။ အင်္ဂလိပ်လိုတော့ mindset can be expressed as the established set of attitudes held by someone နှင့် ကျွန်တော်တို့ နားလည်သော်လည်း၊ အခြေခံ အားဖြင့်တော့ ကွဲလွဲနားလည်နေကြသည်ကို တွေ့ရပါတော့သည်။ ကျွန်တော်တို့ သည် ထို mindset သဘောတရား အရဆိုလျှင် နားလည်ထားသည်ကား ကိုယ့်အတွေးအခေါ်၊ ကိုယ့်စရိုက်၊ ကိုယ့်အမူအကျင့် ဟုသာ နားလည်ထားသည်။ ထို့ကြောင့် mindset ကို ပြင်ချင်လျှင် ကိုယ့်အတွေးအခေါ်၊ ကိုယ့်စရိုက်၊ ကိုယ့်အမြင်များကိုသာ ပြင်ရတော့ မည်ဖြစ်သည်။
ထို့ကြောင့် ထို mindset ကြီးကို ပြင်ရမည်ဆိုလျှင် ပြင်ဖို့လွယ်ပါ မည်လား ဟူသော မေးခွန်းလည်းဖြစ် လာပါသည်။ ထို mindset ကို ကိုယ့် ဟာကိုယ်ပြင်၊ ကိုယ့်အသိတရားနှင့် ပြင်နိုင်ရမည်ဟုသာ သြ၀ါဒလေ တိုက်မည်ဆိုပါက၊ လေ သာကုန်သွားပါမည်။ သင်သူသာ ပင်ပန်းပါလိမ့်မည်။ အသင်ခံရသူ ၏ mindset ကတော့ ပြောင်းမည်မဟုတ်ပါ။ အကြောင်းမှာ မိုင်းဆက်၏ အဓိပ္ပာယ် ဖွင့်ဆိုချက် အရကြည့်မည်ဆိုလျှင် mindset အဖြစ်ခံနေရခြင်းဖြစ်သည်။ တစ်နည်း အားဖြင့် mindset ဆိုသည်မှာ အပြုစားခံထားရခြင်းဖြစ်သည်။ ပုံသွင်းခံထားရခြင်းဖြစ် သည်။ အလုပ်ခံထားခြင်းဖြစ်သည်။ တစ်နည်း အားဖြင့် မှိုင်းတိုက်ခံထားရခြင်း၊ အရောင် ဆိုးခံထားရခြင်းဖြစ်သည်။
ထို့ကြောင့်လည်းကိုယ်တိုင်၊ ကိုယ့် mindset ကို ကိုယ်မပြောင်းနိုင်ခြင်းဖြစ် သည်။ အပြုစားခံထားရသူ များသည် အပြုစားခံမှုမှလွတ်အောင်၊ အခြားသူကယ် မှဖြစ်သည်။ မင်းတို့ mindset တွေ ပြောင်းလိုက် တော့ဟု ပြောနေလို့တော့မရပါ။ မင်းတို့ mindset ကို ငါပြောင်းပေးမယ်လို့လည်း ပြောလို့မရပါ။
ကျွန်တော်သည် mindset သဘောတရားကို ရေနဲ့ငါး ဥပမာနဲ့ ပေးခဲ့ဖူး ပါသည်။ ရေဟာ ငါးအတွက် mindset ပဲ၊ ရေရှိမှ ဒီငါးက အသက်ရှင် မှာလေ။ ဒါပေမဲ့ ဘယ်လိုရေမျိုးလဲဆိုတာ သုံးသပ်နိုင်ရမယ်။ ရေပုပ်ထဲမှာဆိုရင် ရေပုပ် ထဲ ပျော်တဲ့ငါးတွေဖြစ်မယ်။ ရေချိုရေသန့်မှာဆိုရင် ရေချိုငါးပဲဖြစ်မယ်။ လူတစ်ယောက်ရဲ့ mindset ဆိုတာ သူ့ကိုပြင်လို့မရဘူး။ သူပတ်ဝန်းကျင် သူကြီးပြင်းရာ အရပ်ကို ပြုပြင်ပေးမှရမယ်။ ဆိုလိုချင် တာကတော့ ကောင်းသော ပတ်ဝန်းကျင်ဖြစ်ဖို့လို့လည်း၊ Clean governance must be come out from Clean Government ဆိုတဲ့ စကားလည်း ရှိနေတယ် မဟုတ်ပါလား။
နောက်တစ်ခုကတော့ mindset ဆိုတာ ကိုယ်နဲ့သာဆိုင်သည်။ ထို့ ကြောင့် ကိုယ့်ဟာကိုယ်အသိတရားနဲ့ ပြောင်းယူရမယ်ဆိုတဲ့ မိန့်မှာမှုမျိုးဆိုရင်တော့ အလွဲကြီးလွဲပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ မိုင်းဆက်ဆိုတာ အပြုစား ခံရခြင်း ပတ်ဝန်းကျင်ထဲမှာ နေထိုင်ရင်း ကြီးပြင်းလာရခြင်းဖြစ်သောကြောင့် ကိုယ့်ဟာကိုယ်ပြောင်းရန်မလွယ်ကူပါ။ တစ်နည်းအားဖြင့် မိုင်းဆက်သည် အလွှမ်းမိုးခံထား ရခြင်းဖြစ် သည်။ Mindset ဆိုသည်မှာ Mind ကို Set လုပ်ထား ခံရခြင်းဖြစ်သည်။ ချုပ်ထားခြင်း ခံရသူများသည် လွတ်ရန်မလွယ်ကူပါ။ အပြင် လူဖြည်ပေးမှသာ လွတ် မြောက်နိုင်ပါမည်။ မိုင်းဆက်နှင့်ပတ်သက်ပြီး ကျွန်တော် ဆင်ခြေပေးဖူးပါသည်။ ဆင်ခြေမှ တကယ့်ဆင်ခြေပါ။ ဆင်လေးတစ်ကောင်ကို ငယ်ငယ် ကတည်းက သူမရုန်းနိုင်သော ထူးခတ်ထားလျှင် ငယ်ငယ်ကတည်းက မရုန်းနိုင်သောကြောင့် ရုန်းလည်း မလွတ်တော့ဘူးဆိုသည့်အတွေးသူ့ တွင် လွှမ်းမိုးနေမည်ဖြစ်သည်။ ထို့အပြင် ငယ်ငယ်တုန်းကလည်း ကလေးပီပီ ရုန်းခဲ့သောကြောင့်လည်း ချွန်းဖြင့်အပေါက်ခံရသည့် ဒဏ်ချက်များကလည်း ရှိနေသေး သောကြောင့် ကြီးလာသောအခါတွင် ထို ထူးကိုပင် ရုန်းရမှာကြောက် လာပါတော့သည်။ ရုန်းလျှင် လွတ်မှန်း အပြင်လူသိမည် ဖြစ်သော်လည်း ဆင်အတွက်တော့ ထိုအသိတရားရှိမည်မဟုတ်ပါ။ အကြောင်းမှာ ဆင်၏ mind ကို ငယ်ငယ်ကတည်းက set အလုပ်ခံခဲ့ရ သောကြောင့်ဖြစ်သည်။
ကျေးနှစ်ကောင်ပုံပြင်သည်လည်း mindset နှင့်ပတ်သက်လာလျှင် အထင်အရှားပုံပြင်ဖြစ်သည်။ မွေးကတည်းက ကျေးနှစ်ကောင် လေတိုက် လို့ လွင့်သွားတော့ တစ်ကောင်က ဘုန်းကြီးကျောင်း ရောက်သွားသည်။ နောက် တစ်ကောင်ကတော့ သူပုန်ဓားပြတော ရောက်သွားသည်။ ဘုန်း ကြီးကျောင်း ရောက်သွားသော ကျေးမှာ ကျေးဖြစ်လျက် ကမ္မာဝါရွတ် နိုင်သည်။ လူဆိုးသူခိုးတော ရောက်သွားသော ကျေးကတော့ ယုတ်ရင်း ကြမ်းတမ်းသည်။ ဒါဟာ ကျေးအပြစ်မဟုတ်၊ ကျေးတွေရဲ့ mindset က ဒီလို ပဲဖြစ်မှာသေချာသည်။ သူတို့ကြီးပြင်းရာပတ်ဝန်းကျင်မှာ ကြီးပြင်းလာ သောကြောင့် ဒီ mindset တွေဖြစ်နေမှာမဆန်းပါ။
Mindset သဘောတရားတွင် vertical chain link ရှိတတ်ပါသည်။ လွှမ်းမိုးသူ ordinate နှင့် အလွှမ်းမိုးခံရသူsubordinate တို့ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် mindset ဖြစ်အောင်လုပ်သူနှင့် mindset အလုပ်ခံထား ရသူများဟုဆိုချင်သည်။ ထို့ကြောင့် Subordinate ရဲ့mindset ပြောင်းဖို့ အတွက် ordinate မှာတာဝန်ရှိတယ်။ အဆင့်တွေ သိပ်ခြားစရာမလိုပါ။ အထက်အောက် အဆင့်ကလေးသာ ခြားနားတတ်ပါသည်။ mindset ဆိုသည်မှာ အတုမြင်အတတ်သင်သည့်သဘောရှိနေတတ်သောကြောင့် လည်း၊ ရှေ့လူ လုပ်တာ၊ နောက်လူလိုက်လုပ် အသွင်မျိုးများတွေ့ရတတ်ပါသည်။ ထို mindset ကြောင့် ပင် တာဝန်သိမှု၊ တာဝန်ခံလိုမှုများ ကွာခြားသွားပါသည်။ ဥပမာအားဖြင့် ရွာနှစ်ရွာတွင် တစ်ရွာသည် သူခိုးမိပါက လက်သည်မပေါ်အောင် ဆွမ်းကြီးဝိုင်းလောင်းတတ်သည်။ အပြတ်ရှင်းတတ်သည်။ တစ်ရွာကား သူခိုးမိ လျှင် သူကြီးလက်သို့ အပ်တတ် သည်။ ဘာလို့ ထိုရွာနှစ်ရွာ အကျင့်စရိုက်ခြားနား ကြသည်ဆိုသည်ကား၊ အလေ့အထကြောင့်ဖြစ်သည်။ အရင်ကလူတွေ လုပ်နေ ကြအတိုင်း နောက်လူတွေ လိုက်လုပ်ကြသောကြောင့်ဖြစ်သည်။ သူတို့ကြီးပြင်းရာ ပတ်ဝန်းကျင်နှင့် သူတို့ mindset သည် ဆန်းတော့မဆန်းဟုဆိုချင်သည်။
ထို့ကြောင့်လည်း mindsetကို ပြောင်းချင်လျှင် လိုချင်သော mindset အနေအထားမျိုးရောက်ရှိအောင် ပတ်ဝန်းကျင်ဖန်တီးပေးဖို့ လိုအပ်ပါသည်။ လူဆိုသည်မှာ အထက်လူလုပ်ကိုင်တာကြည့်ပြီး၊ အောက်လူ လိုက်လုပ်တတ် ပါသည်။ အောက်လူအကျင့်စာရိတ္တကာင်းစေလိုလျှင် သူ့ရှေ့မှာ ကိုယ်-ကိုယ်တိုင် အကျင့်စာရိတ္တကာင်းပြဖို့လိုပါလိမ့်မည်။ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဟု သြ၀ါဒပေးလို့မရပါ။ အောက် လူသည် သြ၀ါဒထက်၊ အထက်လူလုပ်တာ ကြည့်ပြီး လိုက်လုပ်လေ့ရှိပါ သည်။ ထို့ကြောင့် mindset များပြောင်းရန်အတွက် လိုအပ်သောအခြေခံအချက်နှစ်ချက်လိုပါသည်။
ပထမအချက်မှာ- mindset ကို လိုအပ်သလို တည်ဆောက်နိုင်ရန် အတွက် ထိုလိုအပ်ချက်နှင့်အညီ role model လိုပါသည်။ ထိုသူသည် စံနမူနာကောင်းဖြစ် ရမည်။ ထိုသူသည် အတုယူစရာဖြစ်ရမည်။ ကောင်း သောနေထိုင်ခြင်းကို ကြည့်ပြီး ကောင်းသော mindset များသည် တစ်ဆင့် စီတည်ဆောက် လာပါသည်။ မကောင်းသော အမူအကျင့်များကို ကျင့် ပြီး အတုမြင် အတတ်သင်ပြီး၊ ယိုယွင်းလာသော mindset များဖြစ်လာနိုင်ပါသည်။
ref;JOB seekers Journal Vol.3, No.4
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook