ထိုင်းအွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မယ်သီလရှင်

ထိုင်း နိုင်ငံ အွန်လိုင်း လောကမှာ နာမည်ကြီးနေတဲ့ သန်းကြွယ်သူဋ္ဌေး မယ်သီလရှင် တဦးပါ။ သူ့နာမည် က မယ်သီလရှင် ချယ်ရီတဲ့။


ဓာတ်ပုံ- Khaosod

လူတွေက မယ်သီလရှင် ချယ်ရီကို သတိထားမိသွားတာကတော့ အွန်လိုင်းမှာ တနေ့က ဘတ်ငွေ သန်းချီ တန် တဲ့ Porche ကား အကောင်းစားကို ကိုယ်တိုင်းလာတဲ့ ဓာတ်ပုံတွေ တက်လာပြီး နောက်ပိုင်း မှာ ပါဘဲ။ ဒီ ဓာတ်ပုံတွေက ထိုင်းနိုင်ငံသားတွေကြားမှာ အမြင်စိမ်းပြီး ထူးခြားနေတာပေါ့။

အလှူအတန်းကလည်း အရမ်း ရက်ရောပြီး ဘတ်ငွေ ၄ သန်း၊ ၅ သန်း လောက် လှူဒါန်းတဲ့ ဓာတ်ပုံတွေ လည်း ထွက်လာခဲ့သလို သူ့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အသုံးအဆောင်တွေကလည်း တန်ဘိုးကြီး ကျောက်မျက် ရတနာတွေနဲ့ တကယ့် နာမည်ကြီး တံဆိပ်တွေဖြစ်နေပါတယ်။

လက်ဆွဲအိတ်တွေဆိုလည်း တန်ဘိုးကြီး နာမည်ကြီး တံဆိပ်မျိုးကိုပဲ သုံးတတ်တယ်။

တဖက်က ကြည့်မယ်ဆိုရင် မယ်သီလရှင် ချယ်ရီ ဟာ အတော်ချမ်းသာကြွယ်ဝတဲ့ မိသားစုက ပေါက်ဖွား လာ သူ လည်းဖြစ်ပါသတဲ့။

သူ့မိသားစုက အီလက်ထရွန်နစ် ပစ္စည်းတွေ အကြီးအကျယ်ရောင်းဝယ်ဖောက်ကား သူ တွေလို့ ဆိုပါ တယ်။

ထိုင်း အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မယ်သီလရှင် ချယ်ရီရဲ့ ပုံရိပ်တွေကို ထိုင်း Khaosod သတင်းဌာက ကူးယူဖော်ပြ ပေးလိုက်ပါတယ်။






အွန်လိုင်းမှာ နာမည်အလွန်ကြီးသွားတဲ့ ကားမောင်းလာတဲ့ ဓာတ်ပုံ


ငယ်စဉ်ဘဝ ပုံရိပ်တချို့



အိမ့်သံစဉ် ~ဧရာဝတီ
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...