မန်ကျီးနှစ်မဆလာ ငါးကြော်ချဉ်စပ်



***... မန်ကျီးနှစ် မာဆလာ ငါးကြော်ချဉ်စပ် ချက်ရန်အတွက် လိုအပ်တာလေးတွေ…

1. ကြိုက်နှစ်သက်ရာ ငါး – 1 kg ခန်.
2. ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ – 2 1/2 cups (625 ml)ခန့်
3. ဆား – လက်ဖက်ရည် ဇွန်း ၁ ဇွန်း
4. နနွင်းမှုန့် – လက်ဖက်ရည် ဇွန်း ၁ ဇွန်း
5. မဆလာ – လက်ဖက်ရည် ဇွန်း ၄ ဇွန်း
6. အရသာမှုန့် (chicken powder) – လက်ဖက်ရည် ဇွန်း ၄ ဇွန်း
7. ခပ်ပျစ်ပျစ် မန်ကျီးသီး အနှစ် – ထမင်းစားဇွန်း ၂ ဇွန်း
8. ငရုတ်သီး အကြမ်းမှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
9. ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၁ ဇွန်း
10. ငါးငံပြာရည် – 1/2 cup (125 ml)
11. ဆီ – 3/4 cup (180 ml) (ဟင်းအနှစ်ချက်ရန်)

ငါးများကို ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ အရသာမှုန်. (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)တို့ဖြင့် နယ်ပြီး ၃၀ မိနစ်ခန့် နှပ်ထားပါ။

high heat ဖြင့် အပူပေးထားသော ဆီပူလာလျှင် နနွင်းမှုန်.ထည့်ပြီး ၂ ချက်လောက်မွှေကာ ငါးများကို ထည့်ကြော်ပါ။

ငါးများကျက်လျှင် ဆယ်ထုတ်ပြီး ဒယ်အိုးထဲမှာ ဆီ - 3/4 cup (180 ml)ခန့် ချန်ကာ ကျန်ဆီများကို ခပ်ထုတ်ထားပါ။

ချန်ထားသည့်ဆီများထဲ ကြက်သွန်နီများထည့်ကြော်ပါ။

ကြက်သွန်နီများ ဝါညိုရောင်ဖြစ်လာလျှင် ငါးငံပြာရည် နှင့် မန်ကျီးသီး အနှစ် ကိုထည့်ပါ။

ငါးငံပြာရည်များ အတော်ခြောက်သွားလျှင် ပုဇွန်ခြောက်မှုန်.၊ မဆလာ နှင့် ကျန်သည့် အရသာမှုန်. (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ကို ထည့်မွှေပြီး ၁ မိနစ်ခန်.ကြော်ပါ။

ငရုတ်သီး အကြမ်းမှုန်.ထည့်ကာ ၁ မိနစ်ခန်.ထပ်ကြော်ပေးပါ။

ပြီးလျှင် ငါးကြော်များကို ထည့်မွှေကာ ဒယ်အိုးကို မီးဖိုမှချ ပြီး မန်ကျီးနှစ်မဆလာ ငါးကြော်ချဉ်စပ် ကို ထမင်းလေး နှင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...